Friday, August 26, 2016

ခန့်လူးကျေးရွာဒေသခံများမြေပြန်ရှိရေးတိုက်ပွဲဝင်


"စစ်ဘက်ဆိုင်ရာလုံခြုံရေး(လေ)တပ်ကသိမ်းယူထားသောမြေဧရိယာ ၆၈.၈၄
ဧကကိုမူများပိုင်ရှင်များမြေပြန်ရရှိရေးလက်ဦးမှုရယူခြင်းဖြစ်သည်ဟုဆို"

စဉ်ကိုင် သြဂုတ် ၂၇


မန္တလေးတိုင်း စဉ်ကိုင်မြို့နယ် ခန့်လူးကျေးရွာ အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်း
အသွားလမ်းဘေးရှိ ဒေသခံတောင်သူ၂၆ ဦးပိုင် မြေဧက ၆၈.၈၄ ဧက အကွက်
အမှတ် (၇)နေရာကို စစ်ဘက်ဆိုင်ရာလုံခြုံရေး(လေ)တပ်က သူတို့ပိုင်နေရာဟု၍
သြဂုတ်လ ၇ ရက်နေ့က ခြံဝင်များခတ်ရန်ပြုလုပ်စဉ် ကျေးရွာအတွင်းနေထိုင်သူ
အိမ် ၈ လုံးကိုပါ စက်ကြီးများဖြင့် ဖျက်ဆီခဲ့သဖြင့် ခန်လူးကျေးရွာဒေသခံ ၂၀၀ကျော်ဖြင့် မိမိတို့မြေများပြန်ရရှိရေးအတွက် ခြံဝင်ပြန်ခတ်ကာ မြေသိမ်းတိုက်ပွဲပြုလုပ်ခဲ့သည်ကို သြဂုတ်လ ၂၇ ရက်နေ့ကတွေ့ရသည်။

"ကျွန်တော်တို့ ကျေးရွာဒေသခံတောင်သူ ၂၆ ဦးပိုင်မြေဧကပေါင်း ၁၈၁၇ဧက
ရှိမြေများကို ၂၀၀၀/၂၀၀၁ ခုနှစ်က တပ်မတော်အမြောက်တပ်ကနေသိမ်းယူပြီး
ဒေသခံတွေကို ၁ ဧက ၅၀၀၀နှုံန်းဖြင့် လျှော်ကြေးပေးကာသိမ်းယူသွားပါတယ်
လျှောကြေး ယူလည်းသိမ်းမယ် မယူလည်းသိမ်းမယ်ဆိုတော့ယူတဲ့သူလည်းရှိ
တယ် လုံးဝလျှော်ကြေးမယူခဲ့သူတွေလည်းရှိတယ် ယနေ့ခေတ်အရောက်မှာ
မြေယာအငြင်းပွားလျှက်ရှိသော ၆၈.၈၄ ဧကနေရာကို စစ်ဘက်ဆိုင်ရာလုံခြုံရေး
(လေ)တပ်က သူတို့ပိုင်နေရာဆိုကာ သြဂုတ်လ ၇ ရက်နေ့က ဒေသခံတောင်သူ
၂၆ ဦးပိုင်မြေနေရားများအပေါ်ခြံဝင်များခတ်ပြီ ကျေးရွာအတွင်းနေထိုင်လျှက်ရှိ
သော အိမ် ၈ လုံးကိုပါ စက်ကြီးများဖြင့် ထိုးဖျက်ဆီးခဲ့သဖြင့် မူလတောင်သူတွေ
ကိုယ်မြေ ကိုယ်နေရာပြန်ရရှိရေးအတွက် ဒေသခံ အင်အား ၂၀၀ကျော်ဖြင့် လက်
ဦးမှု့ရရှိရေးအတွက် မြေသိမ်းတိုက်ပွဲလုပ်ယူကြတာဟုဒေသခံတောင်သူဦးစိုးဆွေ
ကပြောသည်။

အဆိုပါ ခန့်လူးကျေးရွာအပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းအသွားလမ်းဘေးရှိ
မြေများကို အမှတ် ၃၀၂၇ အမြောက်တပ်ကနေ သိမ်းယူကာ တပ်မတော် စစ်ဘက်ဆိုင်ရာလုံခြုံရေး(လေ)တပ်ကိုလွဲပြောင်းပေးခဲ့သဖြင့် ၎င်းတပ်က
သြဂုတ်လ ၇ နေ့က မိမိပိုင်နေရာဟုဆိုကာ ခြံဝင်ခတ်ခြင်း ပြုလုပ်ခဲ့သဖြင့်
ဒေသခံတောင်သူတွေက မြေယာအငြင်းပွားလျှက်ရှိသောနေရာများဖြစ်သဖြင့်
လက်မခံနိုင်သဖြင့် ယနေ့ လက်ဦးမှုရရှိရေးအတွက် ပြန်လှန်ခြံဝင်များဝင်ရောက်
ခတ်ကြသည်ကိုတွေ့ရသည်။

"တပ်မတော်နဲ့ ဒေသခံကျေးရွာကလူတွေ မြေယာအငြင်းပွားမှု့တွေရှိနေပါလျှက်
နဲ့ စစ်ဘက်ဆိုင်ရာလုံခြုံရေး( လေ)က ခြံဝင်ခတ်လို ကျွန်တော်တို့မူလတောင်သူ
တွေကလည်း မြေပြန်ရရှိရေးအတွက် ခြံဝင်ပြန်ခတ်တာပါ သူတို့ခတ်ခွင့်ပေးရင်
ကျွန်တော်တို့လည်း ခတ်ခွင့်ပေးပါ အခုဟာက လွတ်နေတဲ့နေတင် ခတ်တာမ
ဟုတ်ဘူး ကျေူရွာအတွင် နေထိုင်လျှက်ရှိသော အိမ်တွေပါ စက်တွေနဲ့ဖျက်ဆီး
ပြီး ခတ်ဖို့လုပ်နေလို့  ယနေ့ လူအင်အားနဲ့ ကျွန်တော်တို့လည်းပြန်ခတ်တာဟု
ဒေသခံတောင်သူ ကိုစိုးသိန်းကပြောသည်။
စိုင်းထူးခန့် 


posted from Bloggeroid

No comments:

Post a Comment