Myanmar Export Target of 100 Billions.
ရေးသာရေးရတယ် ။ ကျနော့် ညီမှာ အခြားအဖွဲ့ တွေက အစိုးရဆီကို..တင်ပြဖို့ ချဉ်းကပ်နေတော့..မတင်စေချင်ကြဘူး ။ န.အ.ဖ. ခေတ်ကလို ပေါက်ကြားသွားလို့ ..ဆိုပြီး..အလုပ်ဖင့်နေမှာစိုးထင့်နေကြတယ် ။
ကျနော်ကတော့လူတမျိုး.။. ပြည်သူတွေ မျှော်လင့်ချက်ပျောက်နေချိန်..ပြည်သူတွေသိအေင်ချရေးမယ် ။ ပြည်သူတွေအတွက် စီးပွားရေး အလင်းရောင်..ေ၇ာင်ခြည် မြင်စေချင်တယ် ။
ဒီလိုရေးလို့ ..ဘဝင်မကျဖူးဆိုတဲ့ အစိုးရမင်း.ရှိလျင်...ပြောစမ်းကွာ ။ တိုင်းပြည်ကောင်းအောင် ကြံဆောင်တာ.. လှဲ့ ရစ်ချင်ရင်..ထွက်.ခိုင်းပြစ်မယ် ။ .ကြံ ခိုင်ရေးထဲသွားလိုက် ။ ဗြောင်ဘဲ ။ ကြံခိုင်ရေး..သောက်ကျင့် မလုပ်လာနဲ့  ။
အခု..ကမ္ဘာ့စီးပွားရေးတုန့် ဆိုင်းနေတော့…ထိုင်းနို်င်ငံမှာပင်..FDI..က ၂၀၁၄ -ခုနစ်က..၄.၃ ဘီလျှံ ရှိတာကနေ ၂၀၁၅ မှာ သန်း- ၃၄၀ ကျော်ဘဲဝင်လာတယ် ။
သြဂုတ်လ ၂ ရက်နေ့ ထုတ်..ဘန်ကောက်ပို့  Bangkok Post သတင်းစားမှာ..FDI collapse..လို့ ပင်ရေးထားပါတယ် ။
မြန်မာပြည်မှာ FDI ဝင်နို်င်ဖို့ ..ပထမဦးဆုံး..စက်မှုဇုန်က မြေဈေးကစားထားတဲ့ မြေကွက်အလွတ်- ၃၀၀၀ ကျော် ပြန်သိမ်း ရပါဦးမယ် ။ မြေဈေးချနို်င်မှ..လုပ်ငန်းလုပ်နေသူတွေ စက်ရုံငှားခ ချပေးနိုင်ဖို့ လုပ်ဆောင်ရမယ် ။
ထားတော့..အခုကျနော်ပြောချင်တာက…ထန်းရည်ကို..အဆင့်မြင့် ထန်းလျက် နင့် သကြားချက်ရေးစီမံချက် ။
…ထန်းတက်သမားက ထန်းရည်တပုလင်း ( ၁- လီတာ ) ကို..၁၀၀ ကျပ် နင့် ရောင်းလျင်ပင် ..သူ့ အတွက်..တနေ့  ကျပ် ၄၀၀၀၀ - ဝင်တယ် ။ ( US 33 $ ) ဝင်တယ် ။
ဘာလို့ စင်ကာပူသွားနေစရာလိုတော့မလဲ ။ လေယာဉ်ခ ၊ အခွန် ၊ ပွဲစားခ ၊ ဘာကျေးညာကျေ့း နဲ့ တနေ့  အမေရိကန် - ၃၃ ဒေါ်လာမကျန်ဘူး ။
ထိုင်းနင့် မလေး..စကားထဲ ထဲ့ပြောမနေနဲ့ တော့ ။
( ရှင်းပြပါမယ် ။ ထန်းတပင်ဟာ..တနေ့  ပျှမ်းမျှ ထန်းရည်..၇ - ပုလင်း ( ၇-လီတာ ) ကျပါတယ် ။ ထန်းသမားက တနေ့ ကို အပင် ၆၀ တက်နိုင်ပါတယ် ။ ၆၀ x ၇ = ၄၂၀ ပုလင်းရပါမယ် ။.တပုလင်း..၁၀၀ ကျပ် ။ ၄၂၀၀၀ ကျပ် မဖြစ်ဖူးလား ။
.စက်နင့်ကူလျင် အပင် ၈၀ - လောက် အေးအေး ဘဲ ။
အခု ထန်းမတက်ကြတော့တာက..ထန်းရည်ကို ထန်လျက် ချက်ဖို့ ..ထင်းမရှိတော့လို့  ။ တောင်တွေလဲ တောင်ကတုံး..ဖြစ်ကုန်ပြီ ။ မီးသွေးသမားတွေ လဲ..ထန်းသမားက နောက်ကောက်ထိုးချလိုက်လို့ ..မီးသွေးထင်းပြတ်ပြီ ။
အကယ်၍ အစိုးရကသာ..LPG ( Liquefied Petroleum Gas ) ကိုတင်သွင်းခွင့်ပြုလျင်..ဂတ်နင့်ချက်ရလျင်..ဖုံ-သဲ - အမှုန်အမွှားကင်းစင်တဲ့..ပထမတန်းစား ထန်းလျက် ချက်နိုင်ပါတယ် ။ Impurity free toddy palm sugar ရပါမယ် ။
ယခု ကျနော်တို့ ထန်းလျက်ပေါက်ဈေးက...တပိသာ..၁၂၀၀ ကျပ် ။ ကမ္ဘာမှာ အမှုန်အမွှားကင်းတဲ့ ဗိယက်နမ်..ထိုင်း ၊ သီရိင်္လကာထန်းလျက် တပိသာ..၈၀၀၀ - ကျပ် ပေါက်ပါတယ် ။ ဘယ်လောက်နစ်နာနေသလဲ ။
ကြံ ဖွတ် အစိုးရထဲ့မှာ..ငပိန်းတွေချည်းဘဲ ။ ပိန်းမှာပေါ့..သူ တို့ ခေါင်းက ခိုးဖို့ ဘဲ ချောင်းနေကြတော့..ပိန်းတာ ဘာဆန်းပါ့ ။
ကြံ့ခိုင်ရေးအစိုးရ..စီးပွားရေးအမြင်..အားနည်းခဲ့တာ ။ အခု အစိုးရသစ်..ဘယ်လိုရှိမလဲ..စောင့်ကြည့်ရမည် ။
အစိုးရက…ဓါတ်ငွေ့ ရည်တင်သွင်းရမည့်ကုန်ကျစာရိတ် ကမေသးဘူး ၊ ဟုတ်ကဲ့..သိပါတယ် ။
ထောင်မြင် ..ရာစွန့် ..ပေါ့ ။ မစွန့် ဘဲနဲ့ တော့..ဘာမှ မမျှော်လင့်နဲ့  ။
ယခုကျနော်ပြောမှာက..အစိုးရက.. ဓါတ်ငွေ့ ရည် တင်သွင်းပေးစရာမလိုဘဲ..ထန်းရည်ကို..ထုံးမခံဘဲ..( သမရိုးကျနည်းက ထုံးခံထားတယ် ) ထန်းရည်ကို..သိပ္ဗံနည်းတခုနင့် သကြားချက်လျင်..ကမ္ဘာထိပ်တန်းစားသကြားရမယ် ။
လက်ရှိမြန်မာပြည်ကိုဖြတ်သန်းပြီး..ယူနန်ဖက်သွားနေတဲ့ သကြားက တပိသာ..၁၀၀၀ ကျပ် ။ ထန်းသကြားက ၁၀၀၀ တန်လဲရမယ် ။ အဆင်မြင့်ချက်လိုက်လျင်..၂၀၀၀ ကျပ် အထက်ရမယ် ။
မြန်မာပြည်အလယ်ပိုင်း..မန္တလေး ၊ မကွေးတိုင်းက..ထန်းလျက်နယ်တွေက ရွာတရွာမှာ..ထန်းရည်ဝယ်လျင် ( တပုလင်း..၁၀၀ ကျပ်နုး )..တရွာထည်းက ကို..တနေ့ ကို ကျပ် သိန်း..၅၀ ကနေ ၇၅ သိန်းလောက်ရောင်းပေးနိုင်နေတယ် ။
အခု ထင်းမရှိတော့..ထန်းပင်တွေခုတ်လှဲနေကြတယ် ။ ဒါကျေးရွာ တရွာရဲ့ ..တနေ့ ဝင်ငွေတွေနော်ွ.။.နေ့ စဉ် လက်လွှတ်ဆုံးရှုံးနေရတာနော် ။ ဒါလဲ..ထန်လျက်ဈေးနုံး..၁၂၀၀ ကျပ် နင့်တွက်ရောင်းနေတဲ့ ဈေး ။
တကယ်လို့  ကျနော်တို့ က..သကြားချက်ပြီး..တပိသာ..၂၀၀၀ ကျပ် ရနေလျင် တပုလင်းကို..၁၅၀ - ၂၀၀ ကျပ်အထိတိုးပေးရလျင်..ကျေးရွာတရွာ တနေ့ မည်မျှ ဝင်လေမည်နည်း ။
ကျေးရွာပေါင်း..ထိုဒေသတွေမှာ..၂- သောင်းလောက်ရှိမည်ထင် ( ခန့် မှန်း ) ။ ၂ -သောင်းနင့်တွက်လျင်..
ကျေးရွာတရွာ..တနေ့ ..သိန်း- ၅၀ = US 4000 ဒေါ်လာ လက်လွှတ်နေရတယ် ။ ကျေးရွာပေါင်း..၂ - သောင်းဆိုလျင်..တနေ့  ဒေါ်လာ သန်း ၈၀ ဆုံးရှုံးနေပါတယ် ။ လက်လွှတ်နေပါတယ် ။
ကနေ့ ကမ္ဘာ့ဘဏ်ကနေ သန်း..၁၀၀ လောက်များ..အခု တနေ့ တနေ့  လက်လွှတ်ဆုံးရှုံးနေရတဲ့ သန်း ၈၀ နင့်ချိန်ဆကြည့်ပါ ။
ဒါ ထန်းရည် တပုလင်း..၁၀၀ ကျပ် နဲ့ တွက်ထားတာနော် ။
ထန်းရည်ဟာ တနစ်ကို..ဖေဖေါ်ရီလဆန်းမှ..သြဂုတ်လကုန်အထိ ညစ်နို်င်တာပါ ။ တွက်လျင် တနစ်လျင် - ဒေါ်လာ ၁၆ ဘီလျံလက်လွှတ်နေပါတယ် ။
ဒါလဲ ထန်းရည် ကို..ထန်းလျက်ချက်တာနင့်ဘဲ..တွက်ပြနေတာ ။ ထန်းရည်ကို သကြားချက်လျင်..ဈေးက ၁ -ဆ ကနေ အဆ ၂- ကွာသွားလျင် တနစ်ကို..ဘီလျံ များစွာ နစ်နာလက်လွှတ်နေရတာပါ ။
တွက်ပြဦးမယ် ။ ကျုပ်တို့  မြန်မာ ( ဗမာ )တွေက ထန်းတက်သမားဆို အထင်အမြင်သေးတတ်ကြတယ် ။ ထန်းပင်ကိုလဲ..အလကားအပင်ထင်နေကြတယ် ။
မသိသူကျော်သွား..သိသူဖေါ်စား ။
နာမည် ၃- လုံးနင့်ဆရာဝန်မလေး ( တင်္နလာသမိး လေး ) က ဆေးမကုဘဲ ထန်းလျက်ချက်တယ် ။
သူက သိပ္ဗံနည်းနဲ့ ချက်တာ ။ သူ့ ထန်းလျက်က အကောင်းစား..။ သူ့ ထန်းလျက်ကို တပိဿာ ၁၀၀၀၀ ကျပ် အထက်ရောင်းတယ်ကြားရ ။ သံရုံးတွေက ဝယ်နေကြတယ် ။ ဆေးကုနေတဲ့ ဆရာဝန်တွေသူက..ပြုံးနေမှာ အသေအခြာ ။
ထန်းရည်ဟာ..သကြားဓါတ် ၁၅ % ပါဝင်တယ် ။ ကြံရည်က..၁၂ % ဘဲပါတယ် ။ ဓနိရည်က ၁၆ % ပါတယ် ။
ကြံက လယ်မြေကောင်းမှာမှစိုက်လို့ ရတယ် ။ အရင်းအတော်လေးထဲ့ရတယ် ။ လူလုပ်အား..ငွေအားအတော်ရင်းမှ..၁ -ဧက ကို..တန် ၂၀ ထွက်တယ် ။ ဒုတိယနစ်ဆို အထွက်နဲနဲလျော့တယ် ။
ထန်းက..ဖုန်းဆိုးမြေ ၊ ခယောင်းမြေ..မြေအညံ့မှာလဲပေါက်တယ် ။ သက်တမ်း ၁၈ နစ်ဆိုလျင် ထန်းရည်စရတာ.။.နောက်ထပ် အနစ် ၅၀ ညစ်ပေတော့ ။ ထန်းပင်ကိုပြုစုလျင် ၁၄- ၁၅ ဆို ထန်းရည်ရတယ် ။
ကဲ ကြံက တစ်-ဧက ကို..တနစ် တန် ၂၀ ထွက်တယ် ။ သကြား ၁၂ % နင့်တွက်လျင် သကြား..၂.၅ တန် ရမယ် ။
ထန်းက တစ်ဧကနုံးနင့်တွက်လျင်..တစ်ဧက ကို အပင် ၂၅၀ ကနေ ၃၅၀ စိုက်နိုင် ။ ပျှမ်းမျှ ၃၀၀ စိုက်လျင်..။
အဖို ပင် နင့် အမပင် ၅၀ % စီပါတယ်ထား ။ အဖိုပင်က..ရက် ၉၀ လောက် ထန်းရည်ရတယ် ။ အမ - ပင်က ၄ - လ ညစ်နိုင်..ရက်၁၂၀ ပေါ့ ။ နစ်ခုပေါင်း..တနစ်ကို ရက် ၂၀၀ ပေါ့ ။
တစ်ဧကကို ၃၀၀ ပင်မှာ အဖို ၁၅၀ ပင်က ဖေဖေါ်ဝါရီလဆန်းကနေ..ဧပြီလကုန်..ရက်- ၉၀ ရက် ။ တနေ့  ၇- လီတာနုံးနင့် ရက် ၉၀ ကနေ ..ထန်းရည်..( ၇ x ၉၀ ( ရက် ) x ၁၅၀ ( အပင် ) = တနစ်( ၃- လ ဘဲညစ် နိုင် )..ထန်းရည် = ၉၅ တန် ရပြီ ။
ထန်းမပင် ၁၅၀ ကနေ တနေ့  ၇- လီတာနင့်..ရက် ၁၂၀ ကနေ ( ၇ x ၁၂၀ ( ရက် ) x ၁၅၀ ( အပင် ) = ၁၂၅ တန် ထွက်တယ် ။
အဖို ၊ အမ ပေါင်း တစ်ဧက ကို..ထန်းရည် တန် ၂၀၀ ကျော် တယ် ။ သကြားဓါတ် ၁၅ % နင့်တွက်လျင် = သကြားတန် ၃၀ ထွက်တယ်ဗျာ ။ တစ်တန် = ၆၁၂ ပိဿာ ) = ပိဿာ..၁၈၀၀၀ ထွက်မယ်ဗျာ ။
ကမ္ဘာ့ပေါ်က ကြိုက်တဲ့ စိုက်ပျိုးရေးနင့် ယှဉ်က်ြည့ပေတော့..။ ဘိန်းစိုက်တာထက် ၁၀ ဆ မြတ်တယ် ။
ဓနိရည် တစ်ဧက က ထန်းထက်ပင် တန်ပိုထွက်ပါတယ် ။ ဘယ်လောက်ဆိုတာ ကျနော် မမှတ်မိတော့.။ ပြန်ဖတ်ပြီးတင်ပေးပါမယ် ။ ဓနိရည်က တပန်းသာတာက..အပင်တက်နေရန်မလိုပါ ။
ဘိန်းအစားထိုး..စဉ်းစားသင့်ပါတယ် ။
စာရွက်ပေါ်တွက်တော့..စက်သူဌေး..ပြောမလား ။
ကျနော်က..၁၉၉၂ မှာ..ကျောက်ပန်းတောင်းဖက် သွားရင်း..ထန်းသမားတွေနင့် မေးမြန်းကြည့်ရင်း..ထန်းရှုးရောဂါ နဲနဲကူးစက်လာတယ် ။
ညီတော်မောင် ဂျိုး..ညီဝမ်းကွဲတွေကို..ဗောဓိတထောင်ဝန်းကျင်မှာ..ဖုန်းဆိုးမြေတွေအများကြိးရှိတယ် ။ .ဆရာတော်ကိုလျောက်ထားပြိး..ထန်းသီးချထားပြီး..ဦးထားပါ ။ တယောက်မျ ကျုပ်ပြောတာကို်..မမြင်ကြဘူး ။
နောကတော့ ကျနော်ထောင်ကျတယ် ။ ဘေးအခန်းက ထန်းသမား..။ သူကလဲ..ဒေါ်အောင်းဆန်းစုကြည့်အခွေဖြန့် မှုနဲ့ ကျလာတာ ။ သူက ၁-နစ်ခွဲကျတယ် ။ ကျနော်လဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခွေဖြန့် မှုနဲ့ တရားစွဲတယ် ။ ကျုပ်ကိုတော့ ၁၀ - နစ် ။
သူ့ နဲ့ သေသေခြာခြာမေးတော့..ဒီလူက ရေလည်တယ် ။ ကိုသောင်းရွှေ.။ .ရွှေဘို-မုံရွာလမ်းခွဲရွာက ။ အဖွဲ့ ချုပ်ပါတီဝင် ။
အော်ဇီရောက်တော့..စာအုပ်ဆိုင်ကြိးမှာ..ထန်းစာအုပ်မေးတော့..PALM စာအုပ်ရတယ် ။ ထန်းအကြောင်းက ၃-၄ မျက်နာဘဲပါတယ် ။ ဓနိပင် အကြောင်းသိလာရတယ် ။
ညီအငယ်..မောင်မောင်စိုးဆီ စာအုပ်ပို့ လိုက်တယ် ။ သူ က လပွတ္တာမှာ..စပါးခွံမီးရှို့ ပြီးရေခဲထုတ်တဲ့နည်း..GREEN ICE စက်ကိုတည်ပြီးစမ်းသပ်နေချိန်ဆိုတော့..ထန်းဖက်မလှဲ့ နိုင် ။
၂၀၁၄- မှာ ရေခဲစက်အောင်မြင်တော့..ထန်းဖက်လှဲ့ တယ်..တခါထဲ.. ထန်းရှုး..ရှုးသွားပါလေရော ။ ကျနော်သိထားတာထက်အများကြိးပိုသိလာရတယ် ။
သူက မနက်ဆို်စောစောထ..အင်တာနက်လိုင်းကောင်းချိန်..သကြားချက်နည်းတွေ လေ့လာနေတော့တာဘဲ ။ တကယ်ဇွဲ ကောင်းကောင်းနဲ့ လေ့လာတယ် ၊ လက်တွေ့ ..စမ်းသပ်တယ် ။
သူ့ ဇနီး..မမာလာကိုကျနော်က နောက်တယ် ။ .ဦးမောင်စိုး…ထန်းရှုး..ရှုးသွားတာ..ငါ့စံနက်မဟုတ်ဘူးနော်..။ ငါကနင်တို့ အိမ်မှာ..စာအုပ် မေ့ကျန်ခဲ့တာ..သူယူဖတ်လို့ ဖြစ်သွားတာ ။ ငါက ပေးတာမဟုတ်ဘူး ..စရ..နောက်ရတယ် ။
မန္တလေး နင့် မကွေးတက္ကသိုလ်က ပါမောက္ခ..ဆရာမကြိးတွေ စုပေါင်းထားတဲ့ ထန်းသုတေသနအဖွဲ့  ၊ ထန်းချစ်သူများအသင်း နဲ့  သူ့ချိတ်ဆက်မိသွားတယ် ။
ထိုအဖွဲ့ တွေက..ထန်းရည်ကနေ သကြားချက်နိုင်ဖို့ ..စက်ရုံမြေနေရာ..ရနိုင်ဖို့  ကြိုးစားနေကြတယ် ။..သမ္မတဘပြောင်က..နွားဘဲ သိတော့..မအိုကေ ။ ဘပြောင်ကိုတင်ပြဖို့ ကြိုးစားတာ..အချီးနှီးဘဲ ။ ငပိန်းဆိုတော့..ထန်းဆိုတာနင့် လက်ခါနေတာ ။
CASTING THE PEARLS BEFORE THE SWINES….ဝက်ရှေ့ ပုလဲ ကျဲ ..ဆိုတာ ဒါမျိုး ။ ငပိန်းဆိုတော့..ဆန်ကွဲ ဘဲ သိတာလေ ။
ယခုအစိုးရသစ်မှာ..ဆရာဝန်တွေ…ဝန်ကြိးချုပ်ဖြစ်လာတော့..တင်ပြလျင်..အမျှော်အမြင် ရှိသူတွေပါပါတယ် ။ ကြံ့ ဖွတ်အစိုးရလို..မပိန်းပါဘူး ။ ဘပြောင်ကတော့..သူ့ အကြံပေး တယောက်လုံး..ပါတာကို..ထန်းကို..အမှိုက်ထင်ခဲ့တဲ့ ငပိန်း ။
ထန်းဆိုတာ..စိုက်လျင်..ပြုစုရန်မလို..။ မိုးခေါင်လဲ မှု ၊ မုန်တိုင်းလဲ မဖြုံ..။ မိုးသီးလဲ..မထိနိုင် ၊..မိုးရေကြိးလဲ..မဖြုံ ။ မတုန်လှုပ်တဲ့..နစ်ရှည်ပင်..ရတနာ အပင် ။
We Burman, who see TODDY as trash is a NAÏVE, who see as TREASURE is SAGE..
ဗမာဖြစ်ပြီး..ထန်းကို အမှိုက်ထင်တဲ့ လူ..ငပိန်း ဘဲ ၊ လူ့ ငနွားဘဲ ။ ရတနာလို့ မြင်သူသာ..ကဝိ ပညာရှိ ။
ဗမာဖြစ်ပြီး..ထန်းပင်ကို..အမှိုက်မထင်ကြပါနဲ့ .။.မကြာခင်..ဘရာဇီး..တရုတ် တို့ ကထန်းစိုက်ပြီး..သကြားထုတ်မှ..ကိုယ်ကနောက်က လိုက်နေရမယ်ဆိုလျင်..ကျုပ်တို့ ဘယ်လောက် သောက်သုံး မကျရာရောက်မလဲသာတွေးထား ။
လက်ရှိ ဘရာဇီးမှာ ထန်းပင်မရှိပေမည့်..သူတို့ ကသုတေသန ကောင်းကောင်းလုပ်နေကြတယ် ။ စိုက်နေပါပြီ ။
မြန်မာပြည်မှာ ထန်းပင် မည်၍ မည်မျှ ရှိတယ်ဆိုတာ..ထန်းချစ်သူများအသင်းမှာ..စာရင်းရှိပါတယ် ။
မ.ဆ.လ.ခေတ်က..တောင်သူလယ်သမားအတွင်းရေးမှုက..ကျနော့် အမဝမ်းကွဲရဲ့ ခင်ပွန်း. ။ သူကလဲ ထန်းကိုအလွန်စိတ်ဝင်တစား..သုတေသန လုပ်ထားသူ ။ ကျနော်နဲ့ က..အရေးအခင်းပြီးတော့..သူက..တ.စ.ည ၊ ကျနော်က NLD အဲဒီကထဲက..အခေါ်အပြော..မရှိတော့တာ ။ ကျန်မောင်နျမ တွေကတော့..ဝင်ထွက် သွားလာဆည်း ။
ကျနော်က အငယ်ဆိုတော့...ကိုယ်က စပြီး..ပြန်ခေါ်ပြောရမဲ့ ဝတ္တရား.။.ခက်နေတာက..ခံယူချက်.။ .နိုင်ငံရေး..စကားစမိလျင်..ထ စကားများလေမည်လား..။ အခုထိ အဆက်ပြတ် ..တတ်နိုင်ဘူး ။
ထန်းကို..သကြားချက်မည့် စမ်းသပ်စက်ရုံ..Pilot Project အတွက် မြေနေရာလေးကို..တို်င်းအစိုးရ ( မန်း နင့် မကွေး ) ကချပေးလျင်..စက်ရုံတည်ရန်က အဆင်သင့် ။
အောင်မြင်လျင်..သကြားတပိဿာ..၂၀၀၀ ကျပ် နုံးနင့်ဆိုလျင်…..လာစမ်း..ထိုင်းကိုထွက်သွားရရှာတဲ့ .. ထန်းသမားတွေကို ..တနေ့  အထူးလေယာဉ် ၂ - ၃ စီးနဲ့  ပြန်ခေါ်လာမယ် ၊ လေဆိပ်မှာ...အိုးစည် ဗုံမောင်းတွေ နင့်ကြိုဆို..ပြီး..ထိုင်းတွေကို…
( ဟေ့ မင်းတို့ ..ယ ပက်လက်တွေကို..ငါတို့ က...ဘော ထင်တယ် ဟေ့ )..လုပ်ပြချင်တာ..အသဲကိုယားနေပြီ ။
ကဲ ကျနော်က BILLY…/ ကျနော့်နာမည်က..Y နေရာမှာ ION ထဲ့လိုက်ဗျာ..BILLY..talks only in BILLIONs..
တနစ်လျင်..ပို့ ကုန်..ဘီလျံ ၁၀၀ ပြောတာ..နည်းတောင်နေသေး ။ ဟ ဘီလီ..မင်းကလေ..ပြောလိုက်ရင် အကြိးတွေချည်းဘဲပြောမလား…ပြောချင်သေးလား ။ နဲနဲလျော့ပါဦးပြောချင်သလား..
အေး..လျော့ချင်းလျော့..ရေဘဲလျော့့မယ်ကိုယ်လူ.။.ဖါးတော့ မလျော့နိုင်ဘူး ။ ဘီလျံ ၁၀၀ ဆိုတာကိုက လျော့ပြောထားတာ..။
အထူးရှယ် သကြားချက်နည်း..လက်ရှိထန်းရည်ကို..စမ်းသပ်ထားသည့် နည်းများမှာ..ကျနော့် ၏နည်းများမဟုတ်သည့်အတွက် အသေးစိတ်ပြောခွင့်မရှိတာကို နားလည်ပေးကြပါ ။
ကျနော်တို့ ..မြန်မာလူငယ်လေးတွေ…ဆော်လေးတွဲရတာကိုအဟုတ်ထင် ကျေနပ်မနေကြပါနင့် ။ ကျနော်ကလည်း ငယ်စဉ်က ရည်စားမထားဖူးလို့ ..ကိုယ်ချင်းမစာတာ မဟုတ်ပါဘူး ။
ရည်စားလေးတွဲ ရလျင် အဟုတ်ထင်နေကြတာမြင်ရတော့....စိတ်တော်တော်ပိန်လို့ ပါ ။ ကိုယ့်တန်ဖိုး..ကိုချပြနေတယ်ဘဲမြင်နေမိ ။ အရည်အချင်းတက်အောင် ကြိုးစားကြပါကွာ ။ ရည်စားလား..ခေါက်ထားစမ်းပါ ။
ကိုယ်က လိမ္မာမယ်..ကြိုးစားမယ် ၊ အရည်အချင်းရှိလျင်..သားမက်တော်မည့် သူတွေ မှ တပုံကြိးပါ ။
ဂိမ်းဆော့တာ ကျွမ်းကျင်တာလေးကို အဟုတ်ထင်မနေကြပါနင့် ။
သိသူဖေါ်စား..ဆရာဝန်မလေးက ထန်းလျက်ချက်နေတာ..နမူနာယူကြပါ ။ ကျနော့် ညီကိုမောင်မောင်စိုးလို..ယူကျု့ .၊.အင်တာနက်တွေပေါ်ကနေ..ရတနာသိုက် ရှာကြပါလို့  ။
တက္ကသိုလ်တက်လို့ ..ဆရာက..ဘယ်ရတနာသိုက်လမ်းပြပါ့မလဲ ၊ သူသိလျင်..သူတူးယူမှာပေါ့ ။
ကဲ..ကဲ..တက္ကသိုလ်က ဆရာမကြိးတွေ ၊ ပါမောက္ခကြိးတွေက ..နိုင်ငံအတွက် ရတနာသိုက်ကြိး..ရှာတွေ့ ထားပြီ ။
အစိုးရက နဲနဲလေးအကုူအညီပေးလိုက်လျင်..၂၀၂၀ မတိုင်ခင် ကျနော်တို့  နို်င်ငံမှာ..အိမ်ထောင်စု..၇၅ % % ကိုယ်ပိုင်ကားစီးနိုင်မည်ဟု..မျှော်လင့်လျက်..။ မြန်မာတွေလည်းပင်း ရွှေတွဲလွဲ နဲ့  မြင်ရဖို့  မဝေးတော့ပါ ။
The ball is in the government court…
ဒေါက်တာလှိုင်မြင့် @ Billy Mackenzie.

posted from Bloggeroid
No comments:
Post a Comment