Thursday, August 11, 2016

ရပ်ကျေးအုပ်ချုပ်ရေးပြင်ဆင်နိုင်ရန်

ရပ်/ကျေးဥပဒေပြင်ဆင်ရေး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် ဆွေးနွေး
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီမိုကရေစီနည်းလမ်းကျသော ရပ်/ကျေးဥပဒေပြင်ဆင်နိုင်ရေးအတွက် ကျွန်တော်တို့ အရပ်ဖက်အဖွဲ့အစည်းများမှ ဖွဲ့စည်းထားသော ရပ်/ကျေးဥပဒေပြင်ဆင်ရေးပူးပေါင်းအဖွဲ့ (WA-VTA Coalition) သည် (၂၀၁၆) ခုနှစ်၊ သြဂုတ်လ (၉) ရက်နေ့၊ မွန်းလွဲ (၁း၀၀) နာရီ၌ နေပြည်တော်ရှိ လွတ်တော်ဝင်းအတွင်းရှိ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ/ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ၊ အဆောက်အဦးအမှတ် (I.2)၊ အစည်းအဝေးခန်းမတွင် ရပ်/ကျေးဥပဒေပြင်ဆင်ရေး တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
.
အရပ်ဖက်ကိုယ်စားပြု ဦးဆောင်အဖွဲ့ဝင် (၈) ဦး၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မ တီ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များဆိုင်ရာ ကော်မတီ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှ တာဝန်ရှိသူများ၊ ပညာရှင်များ၊ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကာ၊ မိမိတို့အရပ်ဖက်ပူးပေါင်းအဖွဲ့မှ ကိုယ်စားလှယ် (၃) ဦးက ရပ်/ကျေး ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး တင်ပြ၊ ဆွေးနွေးခဲ့ကြပါသည်။
.
အစည်းအဝေးတွင် မိမိတို့ပူးပေါင်းအဖွဲ့သည် အရပ်ဖက်အဖွဲ့အစည်း (၄၀) မှ ဆွေးနွေးခဲ့သော ဥပဒေပြင်ဆင်ရေး အချက်အလက်များ၊ ဦးစားပေးပြင်ဆင်လိုသော အချက် (၁၀) ချက်အား တင်ပြ၊ ဆွေးနွေးခဲ့သည်။ ထို့အပြင် မတူညီသော ဒေသများမှ အများပြည်သူတို့ တွေ့ကြုံရသော အခက်အခဲများ၊ သဘောထားဆန္ဒများအားလည်း ဆွေးနွေးတင်ပြခဲ့ကြသည်။ အစည်းအဝေးတက်ရောက်သူများမှ ရပ်/ကျေးဥပဒေပြင်ဆင်ရေးဆိုင်ရာ အသေးစိတ်အချက်အလက်များအား၊ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး၊ အရပ်ဖက်အဖွဲ့အစည်းများမှ (က) ဦးစားပေးပြင်ဆင်လိုသည့် အချက် (၁၀) ချက်အား ထောက်ခံခဲ့သော အဖွဲ့အစည်း (၆၀) ကျော်၏ လက်မှတ်စာရင်းများ၊ (ခ) ဦးစားပေးအချက်များအား ကြောင်း/ကျိုးဖော်ပြချက် အသေးစိတ် အချက်အလက်များ၊ (ဂ) ဧည့်စာရင်းပယ်ဖျက်ပေးသင့်ကြောင်း၊ ကြောင်း/ ကျိုးဖော်ပြချက် (၁၂) ချက်ပါ စာတမ်းငယ်တို့အား ဥပဒေကြမ်းကော်မတီ သို့ ပေးပို့နိုင်ခဲ့ပါသည်။
.
ထို့နောက် အစည်းအဝေးကို မွန်းလွဲ (၂) နာရှိ (၄၁) မိနစ်တွင် အောင်မြင်စွာ ရပ်နားခဲ့ပါသည်။ ပြည်သူ့လွှတ်တော်တွင် ရပ်/ကျေးဥပဒေပြင်ဆင်ရေးအဆို အား ဆွေးနွေးနေသည့်အချိန်တွင် ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီမှ မိမိတို့ ရပ်/ကျေးဥပဒေပြင်ဆင်ရေး ပူးပေါင်းအဖွဲ့အား ဖိတ်ခေါ်ဆွေးနွေး ခဲ့ပြီး၊ ပြည်သူလူထု၏အသံအား ရယူခဲ့သည့်အတွက်၊ မိမိတို့ ပူးပေါင်းအဖွဲ့မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။ အဆိုပါအစည်းအဝေးတွင် ရင်းနှီးပွင့်လင်းစွာ တက်ရောက်ဆွေးနွေးခဲ့သော ကော်မတီများမှ ကိုယ်စားလှယ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များအားလည်း ကျေးဇူးတင်ရှိပါကြောင်း အသိပေးအပ်ပါသည်။
.
ရပ်/ကျေးဥပဒေပြင်ဆင်ရေး ပူးပေါင်းအဖွဲ့
(WA-VTA Coalition)
.
---------------------------------------------------------------------------------
ပြည်သူ့လွှတော် ဥပဒေကြမ်းကော်မတီနှင့် အစည်းအဝေး၌ တင်သွင်းခဲ့သော ရပ်/ကျေးဥပဒေပြင်ဆင်ချက်များအား ထောက်ခံခဲ့သောအဖွဲ့အစည်းများစာရင်း
---------------------------------------------------------------------------------

၁ ။ ရွှေရောင်လက်ကမ်း ပရဟိတအသင်း (ရန်ကုန်)
၂ ။ Aciton Labor Rights
၃ ။ Action Committee for Democracy Development (ACDD)
၎ ။ Association of Human Rights Defenders and Promoters
၅ ။ Ayeyarwady MATA working group committees
၆ ။ Charity-Oriented Myanmar (COM)
၇ ။ Comprehensive Development Education Center (CDCE)
၈ ။ Construction Basic worker Union 1
၉ ။ Construction Basic worker Union 2
၁၀ ။ Coumminity Response Action Group (COMREG)
၁၁ ။ Democratic Force
၁၂ ။ Eden Centre for Disabled Children (ECDC)
၁၃ ။ Election Education and Observation Partners (EEOP) (အင်္ဂပူ)
၁၄ ။ Hotel Chit Thu Labor Orgnization Bagan
၁၅ ။ Independent Worker Unions Cooperative Program
၁၆ ။ Integrated Development Executive Association
၁၇ ။ Justic Drum Network
၁၈ ။ Justice and Peace Organization (JPC)
၁၉ ။ Kamma Youth Development Organization (KYDO)
၂၀ ။ KuKi Women's Center
၂၁ ။ Lets Help Each Others (LHEO)
၂၂ ။ Mon Women's Organization
၂၃ ။ Myanmar Pillars Institute (MPI)
၂၄ ။ New Day
၂၅ ။ New Myanmar Foundation (NMF)
၂၆ ။ Pace on Peaceful Pluralism (PoPP)
၂၇ ။ Peace and Youth (PAY)
၂၈ ။ Quranic Knowledge
၂၉ ။ Regional Development Organization
၃၀ ။ The Helpers for Perfect Democracy
၃၁ ။ The Seagull: Human Rights, Peace and Development
၃၂ ။ White Marker Group (Thazi, Mandalay)
၃၃ ။ Worker and Farmer Rights Defender
၃၄ ။ Yangon Watch
၃၅ ။ Yangon, Irrawaddy Farmer Institute (YIFI)
၃၆ ။ ကချင်ပြည်နယ်လူငယ်ပရဟိတအဖွဲ့ 
၃၇ ။ ကချင်လူငယ်ကွန်ယက် (Ramhkye) (မြစ်ကြီးနား)
၃၈ ။ ကွမ်းခြံကုန်းကွန်ယက် (KGG Network)
၃၉ ။ စိမ်းလန်းပြင်ဦးလွင်
၄၀ ။ ညီမျှခြင်းမြန်မာ (Equality Myanmar)
၄၁ ။ တွဲကူလက်များ လူငယ်ပရဟိတ (တိုက်ကြီး)
၄၂ ။ တီးတိန်လူငယ်အဖွဲ့ (Tedim Youth Fellowship) (TYF)
၄၃ ။ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (ပဲခူးကွန်ယက်)
၄၄ ။ ဒီမိုကရေစီအင်အားစု
၄၅ ။ ဘာသာပေါင်းစုံညီညွှတ်ရေးအဖွဲ့ (ပြင်ဦးလွင်)
၄၆ ။ ဘီးလင်းလူမှုကွန်ယက်
၄၇ ။ မွန်လူငယ်ကွန်ယက် (ရေး၊ လမိုင်း)
၄၈ ။ ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ယက်
၄၉ ။ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများ (Burma Partnership)
၅၀ ။ ရှမ်းမြောက်အမျိုးသမီးကွန်ယက်
၅၁ ။ ရှမ်းစာပေယဉ်ကျေးမှုအသင်း (ကျောက်မဲ)
၅၂ ။ ရှမ်းလူငယ်အဖွဲ့ (သီပေါ)
၅၃ ။ လူ့အခွင့်အရေး ကာကွယ်မြှင်တင်ရေးကွန်ယက် (HRD) (မြင်းခြံ)
၅၄ ။ လူ့အခွင့်အရေး ကာကွယ်မြှင်တင်ရေးကွန်ယက် (HRD) (ချောက်)
၅၅ ။ လူငယ်ကွန်ယက် (ဗဟန်း)
၅၆ ။ လူငယ်ကွန်ယက် (ဥသျှစ်ပင်)
၅၇ ။ လူမှုဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးကွန်ယက်
၅၈ ။ အလင်းအိမ် ဖွံ့ ဖြိုးရေးအသင်း
၅၉ ။ အလုပ်သမားနှင့် အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးကွန်ယက် (ပဲခူး)
၆၀ ။ အသောကလူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း
၆၁ ။ တောင်သူလယ်သမားကွန်ယက် (မြောက်ဦး)
၆၂ ။ တောင်သူလယ်သမားနှင့် ရေလုပ်သားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးကွန်ယက် (မြစ်ကျိုး)
၆၃ ။ ပျှော်ရွှင်ကျန်းမာကူညီရေးအသင်း (Happy Healthy and Helping Society) (3H Society)
၆၄ ။ ပေါင်းကူး (Paung Kuu)
၆၅ ။ ရွှေခြံမြေကွန်ယက် (ကွမ်းခြံကုန်း)
.

posted from Bloggeroid

No comments:

Post a Comment