Saturday, August 27, 2016

စီးပွာရေးအဓိဌာန်ဖြင့်နတ်ချော့သူများရှိသောရတနာဂူ


"ရတနာဂူပွဲကိုစီးပွားအဓိဠာန်းဖြင့်နှစ်စဉ်အပျော်နတ်ချော့လျှက်ရှိဟုဆို"
==============================================

ရတနာဂူ သြဂုတ် ၂၇
မန္တလေး အမရပူရမြို့နယ် ရတနာဂူဘုရာပွဲတော်ကို ပုပ္ပာမယ်တော်ကြီး အမှူးထား
ကာ စီးပွားရေးအဓိဌာန်ဖြင့်နှစ်စဉ်အကျော်နတ်ချော့ပြီး စီးပွားရေး ပညာရေးနှင့်
လူမှုရေးများအဆင်ပြေစေရန် နတ်ပွဲကာလရောက်တိုင် ဝါခေါင်လပြည်ကျော် ၉
ဆိုငယ်စဉ်ထဲ့ နတ်ဆိုင်းများတီးကာ ကပြသူများရှိကြောင်းအပျော်နတ်ချော့သူများ
ကပြောသည်။

"ကျွန်တော်တို့က နတ်ကတော်မျိုးရိုးမဟုတ်ပါဘူး အမရပူရမြို့သားတစ်ယောက်ပါ
အခုလိုနတ်အဝတ်တွေ ဝတ်ပြီး ကရတာကို ငယ်စဉ်ထဲ့ ကျောင်းဆယ်တန်စာမေး
ပွဲ အောင်ရင် ပုပ္ပားမယ်တော်ကြီးကို နှစ်စဉ် ကနားပေးမယ် အပျော်နတ်ကမယ်
ဆိုပြီး အဓိဠာန်ခဲ့ ရာကနေ အဓိဌာန်အောင်သဖြင့် ကျွန်တော်အခုအရာရှိတစ်
ယောက်ဖြစ်လာတဲ့အထိ ရတနာဂူပွဲတော်ရောက်တိုင်နှစ်စဉ်လိုလို နတ်ချော့
ဖြစ်ပါတယ် နတ်ကတော်မျိုးရိုးမရှိဘူး ကိုယ်အဓိဌာန်နဲ့ကိုအပျော်နတ်ကတာဟု
နတ်အပျော်ချော့သူတစ်ဦးကပြောသည်။

ရတနာဂူပွဲတော်အတွင်း နတ်နန်းပေါင်းများစွာရှိသော်လည်း မိမိတို့ဆိုင်ရာနတ်နန်းတွေမှာအဓိဌာန်းပြုကာစီးပွားအဖြစ် ပုပ္ပားမယ်တော်ကိုအပျော်နတ်ကနားပေးသူများနှင့် အပျော်ကပြသူများရှိပြီး
နတ်ပွဲကာလအတွင်း ဆိုင်ခန်းများဌားရန်ခြင်း အမရပူရထွက်အထည်များပါ
ရောင်းအားကောင်းကြောင်းသိရသည်။

အနယ်နယ်အရပ်ရပ်က နေနတ်ယုံကြည်ကိုးကွယ်သူများ တောင်ပြုံးမင်းနှစ်ပါး
နှစ် ပုပ္ပားမယ်တော်ဟာနတ်ဘဝအရောက်မှ တောင်သမန်အင်းအတွင်းပျော်ပါး
ခဲတယ်လို ရှေးလူကြီးများပြောစကားအရသိရပါတယ် ရတနာဂူဘုရားပွဲတော်ကို
ရောက်တိုင် အနော်ရထားမင်းကိုယ်တိုင်ပုဂံခေတ်ထဲ့ကယနေ့အချိန်ထိ တောင်ပြုံး
မင်းနှစ်ပါးနှင့်မယ်တော်ပုပ္ပားအတွက်ပျော်ပွဲလုပ်ပေးခဲ့ရာကနေ ယနေ့ခေတ်အထိ
ရတနာဂူဘုရားပွဲတော်ရောက်တိုင်နတ်ပွဲရက်ဆို အဓိဌာန်းနဲ့ကို လာရောက်နတ်
ချော့ကနေသူများရှိကြောင်းသိရသည်။
စိုင်းထူးခန့် 


posted from Bloggeroid

No comments:

Post a Comment