အခြေခံကျောင်းသားသမဂ္ဂတွေက ချမှတ်လိုက်တဲ့ မူနှစ်ချက်နဲ့
ကိုက်ညီမှုမရှိလို (CWC) ကန့်ကွက်ပြီးလှည့်ပြန်ခဲကြောင်း
မန္တလေးရတနာပုံတက္ကသိုလ်ကျောင်းအတွင်း ကျောင်း(၅)
က သမဂ္ဂများစုပေါင်း၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်"
======================================
မန္တလေး နိုဝင်ဘာ ၃၀
မန္တလေး အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ် ကျောင်းအတွင်း (RC-16 )အဆောင် (B-16 )အခန်းတွင်
ဗန်မော်နည်ပညာတက္ကသိုလ် မုံရွာတက္ကသိုလ် မန္တလာကော်
လိပ် ရတနာပုံတက္ကသိုလ် ကလေး တက္ကသိုလ် တို့က
ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များတက်ရောက်ကာ
မြန်မာ့တစ်နိုင်ငံလုံးဆိုင်ရာကျောင်းသားညီလာခံကျင်းပနိုင်
ရေး(CWC)ကျင်းပသည့်ဒုတိယနေ့တွင် လှည့်ပြန်လာရခြင်း
အကြောင်းမှာ အခြေခံကျောင်းသားသမဂ္ဂများ၏မူဝါဒနှစ်
မူနှစ်ချက်မကိုက်ညီသဖြင့် သတင်းစာရှင်းလင်းပွဲပြုလုပ်၍
ပြောသည်။
"ကျွန်တော်တို့ဟာ ဒီဆွေးနွေးပွဲကို
ပထမနေ့ကတည်းက ကျတော်တို့ရဲ့အခြေခံသမဂ္ဂတွေက
ချမှတ်လိုက်တဲ့ မူနှစ်ချက်နဲ့ကိုက်ညီမူမရှိလို့ ကန့်ကွက်ပြီး
လှည့်ပြန်ခဲ့ကြတာပါ !! ဒီတော့ ဒီဆွေးနွေးပွဲက ဖြစ်လာတဲ့
ဆုံးဖြတ်ချက်တွေ လမ်းစဉ်တွေ အမုဆောင်အဖွဲ့တွေဟာ
ကျန်တော်တို့နဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။ ယခု အသစ်ဖွဲ့စည်းလိုက်တဲ့ cwcကို အသိမှတ် ပြုလား မပြုဘူးလားဆိုတဲ့အပေါ်မှာ လဲ သဘောထားပေးစရာမရှိပါဘူးဟုရတနာပုံတက္ကသိုလ်အထွေ
ထွေအတွင်းရေးမှူး ဗကသများအဖွဲ့ချုပ် အထက်မြန်မာပြည်ကပြောသည်။
" ဘာကြောင့်ပြန်ခဲ့ကြသလဲ? "သတင်းစာရှင်းလင်းပွဲလပ်ရ
တယ်ဆိုရင်
ကျွန်မတို့ရဲ့ရပ်တည်ကတော့ဂုဏ်ရောင်ပြောင်တဲ့ ဗမူငါးချက်ကို မဖောက်ပြန်စတမ်းဆက်လက်အလုပ်အကျွေးပြုသွားမယ်။
တိုက်ပွဲဝင်ဗကသခွပ်ဒေါင်းအောင်လံတော်ကို မြင့်မြင့်မားမားလွှင့်ထူသွားမယ်။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအမည်နဲ့ ဆက်လက်ရပ်တည်သွားမယ်။
ကျွန်မတို့အဓိကလုပ်ရမှာကတော့ ဗကသများအဖွဲ့ချုပ်ရဲ့ ခြေတွေလက်တွေ အသွေးတွေအသားတွေနဲ့အလားသဏ္ဍာန်တူတဲ့ အခြေခံသမဂ္ဂတွေအားကောင်းအောင်ဆက်လက်လုပ်ဆောင်သွားမယ်ဟူမုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ မုံရွာ
တက္ကသိုလ်ကျောင်းသားသမဂ္ဂ အထွေထွေအတွင်းရေးမှူး
မဖူးသိမ့်သိမ့်တုန်ကပြောသည်။
အဆိုပါ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂညီလာ
ခံအကြီးအစည်းအဝေးကို အခြေခံကျောင်းသားသမဂ္ဂများ၏
ချမှတ်ထားသည့် မူနှစ်ချက်ဖြစ်ကိုက်ညီမှု့မရှိသဖြင့် ကျောင်း
သားသမဂ္ဂအဖွဲ့ဝင်များဖြစ်ကြသော မန္တလေး ရတနာပုံတက္က
သိုလ် ကလေးတက္ကသိုလ် ဟင်္သာတ ကွန်ပြူတာတက္ကသိုလ်
မအုပင်နည်းပညာတက္ကသိုလ် ပုသိမ် နည်းပညာ ပုသိမ်
တက္ကသိုလ် ဝါးခယ်မ (GTI)တက္ကသိုလ် မုံရွာတက္ကသိုလ်
မိတ္ထီလာတက္ကသိုလ် မိတ္ထီလာ စီးပွားရေးတက္ကသိုလ်
မိတ္ထီလာ နည်းပညာတက္ကသိုလ် ဗန်မော်နည်းပညာတက္ကသိုလ် ဟင်္သာတ ဝိဇ္ဇသိပ္ပံတက္ကသိုလ်
တို့က ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ ဒုတိယနေ့အစည်းအဝေးကြီး လှည့်ပြန်လာခဲ့ကြောင်းသိရ
သည်။

posted from Bloggeroid
No comments:
Post a Comment