Wednesday, November 23, 2016

ထာဝရမြန်မာဖြစ်ဖို့ မန်ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ပြော

"ထာဝရမြန်မာဖြစ်ဖို့က ငြိမ်းချမ်းရေးညီလာခံကြီးအောင်မြင်စွာကျင်းပနိုင်ဖိုနှင့်
တိုင်းရင်းသားညီအကို အချင်းချင်းမခွဲခြားဘဲ အားလုံးပူးပေါင်း
ရန်လိုအပ်ကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင်မောင်ပြော"
======================================
မန္တလေး နိုဝင်ဘာ ၂၁
မန္တလေး ချမ်းအေးသာဇံမြို့နယ် ၂၈လမ်း ၆၈လမ်းနှင့်၆၇လမ်း
ကြားရှိ အ.ထ.က (၁၆)ကျောင်းတွင်ကျင်းပပြုလုပ်တဲ့ မန္တလေး
တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းညွန်မှုဖြင့် တိုင်းပညာရေးမှူး
ရုံးနှင့် United Paciflc Co.Ltd Advanced Myanmar Star Co.Ltd တို့မှပူးပေါင်းပြုလုပ်သည့် ၂၀၁၆ ခုနှစ် (၆၉)
နှစ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုသည့် အနေ့ဖြင့် ကျင်းပ
ပြုလုပ်သော စာစီ စာကုံး နှင့် ကျပန်းစကားပြောပြိုင်ပွဲတွင်
မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင်မောင်မှ ထာဝရ
မြန်မာနိုင်ငံဖြစ်လာဖို့ တိုင်းရင်းသား လူမျိုးပေါင်းစုံနိုင်ငံသူနိုင်
သားအားလုံးပါဝင်သော်
ငြိမ်းချမ်းရေးညီလာခံကြီးကျင်းပနိုင်ရန်အရေးကြီးကြောင်း
နိုဝင်ဘာလ ၂၁ နေက အဖွင့်အမှာစကားပြောသည်။

"ဒီနေ့ ကျင်းပတဲ့လအမျိုးသားနေ့အထိမ်အမှတ်ပြုလုပ်သော
ပွဲဟာ မြန်မာတစ်နိုင်ငံလုံးနဲ့သက်ဆိုင်သောပွဲဖြစ်ပါတယ်
နိုင်ငံရေး အနှစ်သာရနဲ့ ကျင်းပရတဲ့ အထိမ်းအမှတ်ပွဲတွေရှိ
ပါတယ် အမျိုးသားနေ့ဟာ နိုင်ငံရေးအနှစ်သာရနေ့တစ်နေ့
ပါဝင်တယ် ဥပမာ လွတ်လပ်ရေးနေ့ဆိုတာမျိုးပါ လွတ်လပ်
ရေးဟာလွယ်လွယ်လေး ပြောနေကြပေမယ် အသတ်ပေါင်း
များစွာ ပေးဆပ်ပြီးမှရခဲ့တဲ့ပွဲ ပါ အဲဒီလိုဘဲ ပြည်တောင်စုနေ့
အမျိုးသားနေ့တွေဟာ မြန်မာနိုင်ငံဖွား အမျိုးသားများတိုင်းရင်း
သားပေါင်းစုံနဲ့ ကျင်းပလာခဲ့တာ အခုဆို (၆၉)နှစ်မြောက်ခဲ့ပြီ
ကျွန်တော်တို့ တိုင်းရင်းသား အချင်းချင်း ညီညွတ်ကြမှ အပေး
အယူမျှတမှ ပြည်တောင်စုငြိမ်းချမ်းရေးကြီး ဖြစ်ပေါ်လာမှပါ
ကျွန်တော်တို့ တိုင်းပြည်ကြီး ဘယ်လိုတည်တံအောင်လုပ်
မယ် ဆိုပြီးအသိစိတ်ဒတ်နဲ့ ညီညွတ်စွာကျင်းပခဲသောပွဲဖြစ်
ပါတယ်။
ကျွန်တော်တို့နိုင်ငံမှ မဟုတ်ပါဘူး တစ်ခြားနိုင်ငံတွေလည်း
လူမျိုးပေါင်ူစုံ ညီညီညွတ်ညွတ်နဲ့ တန်ဖိုးထား တစ်ဟောက်နဲ့
တစ်ယောက်နားလည်းမှုတွေရှိမှ အမျိုးသားနေ့လိုအခမ်းအနား ကျင်းပရတာပါ ရည်ရွယ်ချက်
ရည်မှန်းချက်သိဖို့ အလွန်အရေးကြီးတယ် အမျိုးသားနေ့ဟာ
ကျွန်တော်တို့နိုင်ငံအတွက် အလွန်အရေးကြီးသောအလှည့်
အပြောင်းတစ်ခုပါ အမျိုးသားနေဟာ တစ်ဦး တစ်ဖွဲ့တည်း
လုပ်လိုမရဘူး အမျိုးသားနေ့ ဖြစ်ပေါ်လာတာဟာ ကျောင်းသား လူမျိုးပေါင်းစုံ တိုင်းရင်းသားများအားလုံးက
မြန်မာနိုင်ငံတစ်နိုင်ငံလုံး ငြိမ်းချမ်းစေလိုသောကြောင့်
အားလုံးပါဝင်ကာ ညီညီညွတ်ညွတ်ကျင်းပခဲ့ကြတာ ဆင်နွဲ
ခဲ့ကြသော နေ့ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ကျောင်းသားသပိတ်ကြီးကနေ မွေးထုတ်ပေး
ခဲ့တဲ့အတွက် ယနေ့အချိန်ထိ အမျိုးသားနေ့ဖြစ်လာခဲ့တာပါ..
ကျွန်တော်တို့ မမှီခဲ့တာတွေ မတွေ့ခဲ့တာတွေကို သက်ကြီး
စကားသက်ငယ်ကြားခဲ့ရတာတွေ စာပေတွေဖတ်ခဲ့ရတာ
တွေ လေ့လာခဲ့တာတွေ နဲ့သင်ယူခဲ့ရတာတွေအများကြီးရှိပါ
တယ် ' ဒီအမျိုးသားနေ့ကို တန်ဖိုးထားတပ်ဖို့လိုတယ်
အမျိုးသားစိတ်ဒတ်ဟာ နိုင်ငံကိုချစ်တဲ့စိတ် တိုင်းရင်းသားလူ
မျိုးပေါင်းစုံနဲ့ ဒီကျောင်းက ကလေးတွေ အခုလို ကပြသွားတာ
တွေ့ရလို့ အထူးဝမ်းသာပါတယ် ဒီကလေးတွေရဲ့ ရင်ထဲ့မှ
အမျိုးသားရေးစိတ်ဒတ်နဲ့ ကပြသွားတာတွေ့ရပါတယ်.?
ကျွန်တော်တို့နိုင်ငံတစ်နိုင်ငံလုံးမှ အမျိုးသားရေးအတွက်
ယဉ်ကျေးမှုတွေ တွေလိုအပ်တယ် ယဉ်ကျေးသော တိုင်းရင်း
သားတွေရဲ့ အကတွေ သင်တန်းတွေလိုအပ်လျှက်ရှိတယ်
ဒီနေ့ ဖော်ကြူးကပြသွားသလို တိုင်းချစ် ည်ြချစ် စိတ်ဒတ် နဲ့
ဇာတိမာန် ဇာတိသွေးကို ချစ်ဖို့ မျိုးဆက်သစ်တွေမွေးထုတ်
ပေးရမယ် ဒီကလေးရင်ထဲ့မှ မျိုးချစ်စိတ်တွေမွေးထုတ်ပေးခဲ့
ကုမ္ပံဏီကို ကျေးဇူးတင်ပါတယ် ဒီလိုပွဲမျိုးလုပ်ဖို့က ကျွန်တော်
တို့အစိုးရတာဝန်တွေပါ တာဝန်ရှိပါတယ် မြန်မာနိုင်ငံဟာ
တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ဖွဲ့စည်းထားသောနိုင်ငံပါ
ကိုယ်နိုင်ငံကိုချစ်တဲ့စိတ် ကိုယ်ယဉ်ကျေးမှုကိုပို့ချစ်တက်လာ
အောင် လုပ်ရမယ် မြန်မာလူမျိုးတွေ မြန်မာယဉ်ကျေးမှုချစ်တာ
ဆိုတာနဲ့မပြည့်စုံပါဘူး မြန်မာနိုင်ငံသား မွေးဖွားလာသူ
တိုင်းရင်းသားလူမျိုး အားလုံးကိုချစ်ဖို့လိုတယ် အဲဒီယဉ်ကျေး
မှုတွေကို စည်းကမ်းရှိရှိတန်ဖိုးထားတက်လာအောင် လုပ်မှ
အမျိုးသားနေ့ဖြစ်လာခဲတာတွေပါ ယနေ့ခေတ်က ကျောင်း
သားကလေးတွေ ပြိုင်တာထက် မိဘတွေပြိုင်တာများနေတယ်
အထူးသဖြင့် အမေတွေပိုများတယ် ကလေးတွေကျောင်းမှ
နံနက်ပြိုင်မယ်ဆို စာစီစာကုံးတွေ ကြာပန်းစကားပြောပြိုင်မယ်ဆိုရင် ကလေးတွေကို ပထမရဖို့
ညမအိပ်ခိုင်ဘဲ ဇွတ်အတင်း စာလုပ်ခိုင်တာတွေရှိတယ်
ဆုရဖို့ထက် အမျိုးသားစိတ်ဒတ်ရှိလာအောင်မွေးထုတ်ပေးဖို့
လိုအပ်တယ် မနေ့က ကျွန်တော် စာဖက်ရင်းနားလည်းလိုက်
တာလေးတစ်ခုရှိတယ် ဧရာဝတီကြီး ရေရှည်တည်တံခိုင်မြဲ
ရေးအတွန့်ရှည်ရေး သန့်ရှင်းသာယာလှပရေးဆိုတော့
ဧရာဝတီကို ဘယ်လိုတန်ဖိုးထားချစ်ချစ် ချစ်လို့ရပါတယ်
ဧရာဝတီဟာ ကျွန်တော်တို့ရဲ့ နလုံးသား ကျွန်တော်တို့ရဲ့
အသက် ဝိညဉ် ထာဝရ မြန်မာဆိုပြီး ပြောနေလို မရဘူး
ဧရာဝတီတစ်ခုတည်း တန်းဖိုးထားလို မပြီးပါဘူး ဧရာဝတီ
မြစ်ကြီးတစ်လျှောက်မှီတင်နေထိုင်ကြသော တိုင်းရင်းသား
လူမျိုးပေါင်းစုံကို တန်ဖိုးထားချစ်တက်ဖို့လည်းအရေးကြီးတယ်
သူတို့ရဲ့ နေထိုင်မှုတွေ ယဉ်ကျေးမှုတွေ ဘက်စုံရှူထောင့်က
တန်ဖိုးထားချစ်တက်ဖို့ လိုပါတယ်ထာဝရ မြန်မာဟာဧရာဝတီ
ဖြစ်လာမှ အားလုံးတိုင်းချစ်ပြည်ချစ်စိတ်ဒတ်ရှိဖို့လိုအပ်တယ်
ပြည်ထောင်စုစိတ်ဒတ်ရှိဖို့လိုတယ် တိုင်းရင်းသားလူမျိုးပေါင်း
စုံနဲ့ခွင်တူညီမျှစွာပြန်လည်တည်ထောင်မှရမှာပါ နှင့်မို့ဆိုမရဘူး ငြိမ်းချမ်ူရေးတွေရဖို့လိုအပ်တယ် စစ်ပွဲတွေရပ်
ရမယ် တိုင်းရင်းသားနိုင်ငံသားအချင်းချင်းဘဲ နစ်နာတယ်
ဘယ်သူအတွက်မှ အကျိုးအမြတ်မရှိသောအလုပ်တွေအားလုံးအဆုံးသက်စေလို
တယ် ကျွန်တော်တို့အမျိုးသားနေ့ကိုဂုဏ်ပြုနေတယ်ဆိုတာကို
က အားလုံးချစ်ချစ်ခင်ခင်ဖြစ်ပေါ်လာအောင်လိုပါ"ဒီနေ့လူငယ်
ကိုလက်ဆင့်ကန်းဖို့ ကျွန်တော်တို့ကြိုးစားနေတာ ကျွန်တော်
တို့တန်ဖိုးထားယုံက အစိုးရတစ်ခုတည်းနဲ့မရဘူး မြန်မာနိုင်ငံ
သား ပြည်သူအားလုံးပါဝင်မှရမယ် အားလုံးပါဝင်မှာပါ
ငါတို့က နိုင်ငံဝန်ထမ်းမို့မလုပ်ရဘူး လုပ်မရဘူးဆိုပြီးဆိုတာ
မရှိပါဘူး နိုင်ငံရေးပါတီနဲ့ကင်ရမယ်ဆိုတာတွေမရှိသင့်ဘူး
နိုင်ငံရေးကို မလုပ်တောင်မှ နိုင်ငံရေးကိုသိအောင်လုပ်ထား
သင့်ပါတယ် ငြိမ်းချမ်းရေးဘယ်လောက်အရေးပါတယ်ဆိုတာ
နားလည်းထားဖို့လိုအပ်တယ် ဒါမှအမျိုးသားရေးစိတ်ဒတ်
လူတိုင်းရင်ထဲ့မှထားလာရမယ် ပြည်ထောငါစုစိတ်ဒတ်တွေ
အတွက် အားလုံးမှတာဝန်ရှိတယ် ပညာရေးစနစ်မညီမျှလို့
ဆင်းရဲတဲ့သူတွေများနေလို့ လူမျိုးခွဲခြားခြင်းတွေ နေရာလုခြင်း
တွေကြောင့် နိုင်ငံသားအချင်းချင်းစည်းလုံးမှုမရှိတာတွေ
ကြောင့်ပါ မြန်မာနိုင်ငံသားတွေ အားလုံးပါဝင်လာကာမှာ
ထာဝရမြန်မာဖြစ်မယ် ဘာလိုပြောရလည်းဆိုရင် စစ်ပွဲတွေ
ရပ်ပြီး ငြိမ်းချမ်းရေးရဖို့က အမျိုးသားနေ့တွေ ဟာအားလုံးပါဝင်
လာဖို့လိုအပ်တယ် ထာဝရမြန်မာဟာ ကျွန်တော်တို့အချင်းချင်းစည်းလုံးညီညွတ်ပြီး ထာဝရမြန်မာ
နိုင်ငံကို အမျိုးသားရေးစိတ်ဒတ်နဲ့ အတူပါဝင်စေလိုကြောင်း
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင်မောင်
ကပြောသည်။


posted from Bloggeroid

No comments:

Post a Comment