Thursday, November 3, 2016

မင်းကွန်းဆရာတော်ဘုရားကြီးမွေးနေ့ကျင်းပမည်

"မင်းကွန်းတိပိဋကဓရဆရာတော်ကြီး၏မွေးနေ့အထိမ်းအမှတ်
တန်ဆောင်မုန်းလ္ဆန်း ၁၁ ရက်နေ့ မင်းကွန်းတောင်ရိုးဓမ္မနာဒ
ကျောင်းတိုက်တွင် နှစ်စဉ်ကျင်းပလျှက်ရှိဟုဆို"
==========================================
စစ်ကိုင်း နိုဝင်ဘာ ၃
စစ်ကိုင်းမြို့ မင်းကွန်းတောင်ရိုး တိပိဋကဓမ္မနာဒပရိယတ္တိစာသင်တိုက်အတွင်းကျင်းပ ပြုလုပ်သွားမယ် တောင်ရိုးတစ်လျှောက်သတင်းသုံးစာအောင်သံဃာနဲ့ သီလရှင်အပါးတစ်ရာကျော်အတွက် ဆုနှင်းသဘင်ပြုလုပ် သွားမှာဖြစ်ပြီး ဆရာတော်ဘ၀နတ်ထံပျံလွန်တော်မူပြီး ၂၅ နှစ် နောက်ပိုင်းနှစ်ကျင်းပပြုလုပ်နေကျဖြစ်တယ်လို့ ကျောင်းတိုက်တာဝန်ရှိဆရာတော်ဦးကေသရက မိန့်ကြားခဲသည်။

မြန်မာနိုင်ငံ ထေရ၀ါဒဗုဒ္ဓသာသနာမှာ ဆဌသင်္ဂါယနာတင် သံဃာ့ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တော်မူတဲ့ တိပိဋကဓရအရှင်မြတ်များရဲ့ဖခင် ကျေးဇူးတော်ရှင် ပထမတိပိဋကဓရမင်းကွန်းဆရာတော်ဘုရားကြီးဦးဝိစိတ္တသာရာဘိဝံသဟာ ၁၃၅၄ ခုနှစ် တပို့တွဲလပြည့်ကျော် ၃ ရက် ညနေ ၄ နာရီ ၄၄ မိနစ် သက်တော် ၈၂ နှစ်အရွယ်မှာ ဘ၀နတ်ထံပျံလွန်တော်မူသွားခဲ့တာဖြစ်ပြီး ပရိယတ္တိစာပေ ရေးသားခြင်း၊ လောကီလောကုတ္တရာအကျိုးပြုလုပ်ငန်းတွေဆောင်ရွက်ခြင်းတို့လုပ်ဆောင်တော်မူရင်း သာသနာတော်ဆိုင်ရာထိပ်ဆုံးဘွဲ့တစ်ခုဖြစ်တဲ့တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဘွဲ့တံဆိပ်တော်ဆက်ကပ်ခံခဲ့ရပါတယ်။
ဆရာတော်ဘုရားကြီးကို ၁၂၇၃ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၁ ရက်၊ ခရစ်နှစ် ၁၉၁၁ ခုနှစ် နိုဝင်ဘာ ၁ ရက်က မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်
ကျည်းပင်ရွာမှာ ခမည်းတော်ဦးဆုံ၊ မယ်တော်ဒေါ်ဆင်တို့က ဖွားမြင်တော်မူတာဖြစ်ပြီး မွေးချင်း ၃ ယောက်ထဲက ဒုတိယသားဖြစ်ပါတယ်။
ဆရာတော်ပျံလွန်တော်မူသည်အထိ သတင်းသုံးတော်မူခဲ့ တဲ့ အဲဒီကျောင်းတိုက်မှာ ဆရာတော်ပြတိုက်ကြီးတစ်ခုလည်းရှိပြီး ဘယ်သယမဆို ၀င်ရောက်လေ့လာဖူးမျှော်နိုင်အောင်လည်းစီစဉ်ပေးထားသည်ကို
တွေ့ရသည်။

အနယ်နယ်အရပ်ရပ်ကပါဝင်လှူဒါန်းလိုသူတွေကိုလည်း ဖိတ်ခေါ်ထားတဲ့အတွက် လှူဒါန်းလိုသူတွေဟာ မင်းကွန်း တောင်ရိုး တိပိဋကဓမ္မနာဒ ရေ ဆွမ်း ဆေးအလှူတော်အဖွဲ့ ဖုန်းနံပါတ် ၀၉၆၈၀၄၆၀၆ ဆီဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရပါတယ်။

posted from Bloggeroid

No comments:

Post a Comment