Friday, November 25, 2016

ပြင်ဦးလွင်ရေပျံတောင်အလှ


#ရေပျံတောင်
==========

ပြင်ဦးလွင်ရဲ့လှပပြီး လူသူအရောက်အပေါက်နည်းသေးတဲ့ ရေတံခွန်လေးတစ်ခုနဲ့ထပ်မံမိတ်ဆက်ပေးချင်ပါတယ် . ရေပျံတောင် လို့ခေါ်တဲ့ရေတံခွန်ပါ .
ပြင်ဦးလွင်မှာ လည်ပတ်စရာပေါများလှပေမယ့် ဒီလိုသဘာဝအတိုင်းကျန်ရှိနေသေးတဲ့ အပန်းဖြေလည်ပက်စရာနေရာတော့ သိပ်မရှိလှပါဘူး . ထူးခြားတဲ့ရှုမျှော်ခင်းတွေ မြေနီလမ်းလေးတွေ စတော်ဘယ်ရီခင်း ထင်းရူးတော ပန်းမျိုးစုံစိုက်ခင်း စတာတွေကို လမ်းခရီးမှာတင် တွေ့မြင်ရမှာပါ . ဒီတော့ ရေပျံတောင်မရောက်ခင် ရှု့ခင်းတွေနဲ့တင် အရမ်းသွားသင့်နေပါပြီ . မိသားစုလိုက်ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် အဖွဲ့လိုက်ပျော်ပွဲစားထွက်ဖို့အကောင်းဆုံးနေရာပါ . အေးမြတဲ့စမ်းချောင်း ရေတံခွန်လေးတွေရဲ့ဘေး ဝါးပင်လေးတွေရဲ့အရိပ်အောက်မှာ ဝိုင်းဖွဲ့စားသောက်ရတာ ဘာနဲ့မတူတဲ့ ပျော်ရွင်မူ့ကိုရစေမှာပါ . အစားအသောက်တွေတော့ ပြည့်ပြည့်စုံစုံယူသွားဖို့လိုမယ်နော် . ဒီလိုလည်ပတ်သူတွေအနေနဲ့ သတိထားရမှာက သဘာတိုင်းရှိတဲ့ မျှစ် မှို မက်မန်းသီး စတဲ့ အရာတွေကိုတော့ မဖျက်စီးဖြစ်ဖို့လိုပါလိမ့်မယ် . သဘာဝလေး ရေရှည်တည်တံ့အောင်ပေါ့;-);-);-);-)

ကိုင်း သွားမယ်ဆိုရင်တော့ လမ်းခရီးလေးညွန်ပါရစေ . ကန်တော်ကြီးကနေဆိုရင်တော့ ကန်တော်ကြီးအလွန် ဆင်ခေါင်းလေးကတစ်ဆင့်သွားရပါတယ် . ပြင်ဦးလွင်မြို့ရှောင်လမ်းကဆို ပိုနီးပါတယ်. ကြားထဲမှာ စပျစ်ခြံလေးလဲ အလည်ဝင်ဖို့မမေ့နဲ့ဦးနော် . လမ်းညွန်ဆိုင်းဘုတ်တွေရှိတဲ့အတွက် လမ်းကအခက်ခဲမရှိလှပါဘူး .

ok !!!!! ပိုပိုသာသာပေါ့ဗျာ . ရေပျံတောင်ဆီသွားလို့ရတဲ့ တခြားလမ်းလေးတစ်ခုကိုလည်း ညွန်ပြပါရစေဦး . ပြင်ဦးလွင်ကထွက်ရင်ဆင်ခေါင်းလေးကိုရောက်ပါတယ် . အဲ့ဒီကနေ ခုနကညွန်တဲ့လမ်းတိုင်းမသွားပဲ ရွှေသင်းရွာကို အရင်သွားရပါမယ် . အဲ့လမ်းကတော့ နည်းနည်းပိုမိုက်တယ်နော် . ဒါမဲ့လမ်းနည်းနည်းခက်လို့ ဒေသခံမပါရင်တော့ မသွားနဲ့နော် . အဲ့ဒီ့လမ်းမှတော့ မက်မန်းခြံတွေ ပြီးတော့ ရေပျံတောင် ရေတံခွန်စတင် ဖြစ်ပေါ်လာတဲ့ စမ်းချောင်းငယ်လေးတွေကိုလည်း ကြည့်လို့ရသေးပါတယ် . ကဲ ညွန်းတာလဲ ပြည့်စုံသလောက် ဖြစ်ပါပြီ . ပြင်ဦးလွင်ရောက်လာရင် တစ်ခေါက်တစ်ခါ သွားကြပါဦး ::::::::::::::

ကိုယ့်မိတ်ဆွေအပေါင်းအသင်းတွေသိအောင်လည်း ဒီပို့လေးကို #SHARE ပေးကြပါ
Page လေးကို #Like လုပ်ထားပါဦး

photo - credit
#TRP

posted from Bloggeroid

No comments:

Post a Comment