Sunday, November 27, 2016

ယာမြေပေါ် အိမ်ဆောက်နေသည့် အိမ်ခြေ ၅၀ကျော်လာရောက်ဖျက်ခိုင်းသည်ဟုဆို


"တပ်မတော်က သိမ်းဆည်းထားပြီး ဂရိတ်ဝေါလ် ကုမ္ပံဏီ
အားသီးစားချပေးထားသည့်မြေပေါ်တွင် မူလတောင်သူများ
အိမ်ခြေ (၅၆)တည်ဆောက်နေခြင်းများ (၃)ရက်အတွင်း
ဖျက်ပေးရမည်ဟု ချိန်ခြောက်သွားသည်ဟုဆို"
======================================
စဥ့်ကူး နိုဝင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ငွေတောင်အုပ်စု
ရွာတော်လေးကျေးရွာ မိုင်တိုင်အမှတ် ၄၅/၄၆ ကြားရှိ
ဒေသခံတောင်သူများ၏ ယာမြေများကို တပ်မတော် ဝမ်းတူးဝမ်း တပ်က သိမ်းယူပြီး ဂရိတ်ဝေါလ် ကုမ္ပံဏီကို
သီးစားချထားပေးသောနေရာကို သက်ဆိုင်ရာအသီသီးထံ
မူလပိုင်ရှင်းများ အသနားခံစာတင်ပြီး တောင်းခံခဲ့သော်လည်း
မပေးသဖြင့် မူလပိုင်ရှင်များ၏မိသားစုများ အိမ်ဆောက်နေ
ထိုင်တာကို မြို့နယ် တာဝန်ရှိသူများက (၃) အတွင်းအပြီးဖျက်
ပေးရန် ချိန်ခြောက်ခဲ့ကြောင်း ဒေသခံများကပြောသည်။

"အဘွားတို့ ဒေသခံတောင်သူတွေ လုပ်ကိုင်စားနေသော
မြေတွေကို ၁၉၇၅ ခုနှစ်က ဝမ်းတူးဝမ်း ထောက်ပံရေးတပ်
က မြေဧကပေါင်း ၇၅ ဧက သိမ်းယူပြီး ယခုလက်ရှိ ဂရိတ်
ဝေါလ် ကုမ္ပံဏီ ကိုသီးစားငှားရန်၍ ရူကလစ်များစိုက်ပျိုးထား
သည့်နေရာကို မူလတောင်သူများ မြေပြန်ရရှိရေး သက်ဆိုင်
ရာကို တောင်းခံခဲ့တာ ပြန်မပေးလို့ တောင်သူတွေရဲ့မိသားစု
ပေါင်း (၅၆)အိမ်ထောင်စု အိုးမဲ အိမ်မဲ့နေစရာမရှိလို အဲဒီနေ
ရာကို ၂၀၁၆ ခုနှစ် စတင်ဘာလက အိမ်းဆောက်၍နေထိုင်
ခဲ့ကြပါတယ် ယနေ့ စဥ့်ကူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး
မှူးအဖွဲ့ မြို့နယ် NLD အဖွဲ့ လက်ပန်လှ စခန်းမှူး တိုင်းဒေသ
ကြီးလွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်သောအဖွဲ့က
အဘွားတို့ တောင်သူတွေ နေစရာမရှိတာသိပါလျှက်နဲ့
(၃)ရက်အတွင်း အပြီး ဖျက်ပေးရန် လာပြောသွားပါတယ်
ဒီမှက လူဦးရေး (၁၁၆)ဦးရှိတယ် ကျောင်းသူကျောင်းသား
ကလေးတွေက (၁၃၀)ရှိတယ် အားလုံးဒုက္ခရောက်၍နေစရာ
မရှိဘူးဟု ဒေသခံတောင်သူကြီး ဒေါ်ခင်ညွန့်ရီကပြောသည်။

"ဒီနေ့ ၁၂း၃၀ အချိန်က မန္တလေးတိုင်းဒေသကြီးလွှတ်တော်
ကိုယ်စားလှယ် ဦးကျော်နိုင်ဦး မြို့နယ်မှူး ဦးကြည်သန့်မောင်
လက်ပန်လှစခန်းမှူး ဦးကျော်ခိုင်မိုး စဥ့်ကူးမြို့နယ် (NLD)
ဥက္ကဌ ဦးစိန်ထွန်း မြို့နယ်တာဝန်ရှိသူ လူကြီးတွေပါတယ်
ရဲတပ်ဖွဲ့ဝင်တွေပါတယ် သေနတ်တွေလည်းပါတယ် နေစရာ
မရှိလို့ ဒီမြေနေရာကို အိမ်ဆောက်ပြီးလာနေတာကို ဖျက်ခိုင်း
တာ သိမ်းယူစဉ်ကလည်း နစ်နာကြေး လျှော်ကြေးမပေးဘူး
တောင်သူတွေမှာ လုပ်စားစရာမြေမရှိ နေစရာ အိမ်မရှိဖြစ်
လာတယ် နိုင်ငံတော်အစိုးရထံ ယခင်အစိုးရလက်ရော
လက်ရှိအစိုးရလက်ထက်ပါ သနားခံစာတင်တယ် တောင်းခံ
တယ် ပြန်မပေးလို့  နေစရာမရှိလို့ တောင်သူမိသားစုတွေ
အိမ်ဆောက်ပြီ လာနေတာကို ၃ ရက်အတွင်းဖျက်ပေးရမယ်
ပြောသွားတယ် တောင်သူတွေ အားလုံး ငိုနေကြပြီ
အားလုံး အိုးမဲအိမ်မဲ့ဘဝ ရောက်သွားနိုင်ကြောင်းဒေသခံ
ကိစောမြင့်လွင်ကပြောသည်။
"တောင်သူတွေဟာ မူလပိုင်ရှင်း ဟုတ်မဟုတ် ကျွန်တော်တို့
လည်းမသိပါဘူး ဟုတ်ထားအုံး ဥပဒေမဲ့ ဝင်ရောက်နေထိုင်
ခြင်းမပြုသင့်ပါဘူး ယခင်အစိုးရအဆက်ဆက်က သိမ်းဆည်း
ခဲ့သည့်နေရာဖြစ်တယ် အခုလက်ရှိလည်း ရူကလစ်ပင်တွေ
စိုက်ပျိုးထားသည့်နေရာဖြစ်ပါတယ် တိုင်းဒေသကြီး အစိုးရ
အနေဖြင့် မြေယာပေါင်း ပိုလျှံမြေ ၁၆၀၀၀ လောက် ပြန်လည်
စွန့်ပေးပို့လုပ်နေသည့်ကာလမျိုးမှာ တောင်သူတွေအနေဖြင့်
ဥပဒေဘောင်းအတွင်းက တရားဝင်ပြန်တောင်းစေလိုပါတယ်
ဥပဒေမဲ မင်းမဲ့စရိုက်ဆန်ဆန် ဝင်ရောက် အိမ်ဆောင်နေခြင်း
မျိုးမလုပ်သင့်ကြောင်း ၃ ရက်အတွင်း ဖျက်သိမ်းကာ ရွေ့ပြောင်းစေလိုကြောင်း သတိပေးတညပါ အဲဒီလိုမှမရွေ့
ပြောင်းပေးဘူးဆို ဥပဒေအတိုင် ဆောင်ရွက်ရမှဖြစ်ပါတယ်
လက်ရှိအစိုးရအနေနဲ့လည်းအသွင်းကူးပြောင်းရေး ငြိမ်းချမ်း
ရေးကာလတွေမှာ ရှုပ်ထွေးနေတာ ဥပဒေမဲတောင်သူတွေ
မလုပ်ရန် သက်ဆိုင်ရာအဖွဲ့က သတိလာပေးတာပါဟု
စဥ့်ကူးမြို့နယ်က တာဝန်ရှိသူတစ်ဦးကပြောသည်။

posted from Bloggeroid

No comments:

Post a Comment