Friday, November 25, 2016

ပထမဆုံးအကြိမ်းမန္တလေးသက်ငယ်မုဒိန်း ကန်ပိန်းပြုလုပ်

"သက်ငယ်မုဒိန်းထိရောက်သည့်ဥပဒေထုတ်ပြန်ပေးရန်
မန္တလေးပရဟိတအဖွဲ့များပူးပေါင်းကာ ကန်ပိန်လုပ်"
=================================
မန္တလေး နိုဝင်ဘာ ၂၆
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် လူထုဟစ်တိုင်ကွင်းအတွင်း လူငယ်အွန်လိုင်ပရဟိတအဖွဲ့
များပူပေါင်းကာ သက်ငယ်မုဒိန်းထိရောက်သည့်ဥပဒေထုတ်
ပြန်ပေးရန် အတွက် တရားဝင်ခွင့်ပြုမိန်ယူကာ နိုင်ဘာလ
၂၆ရက်နေ့နှင့် ၂၇ ရက် ၂ ရက်ဆက်တိုက် ကန်ပိန်းပြုလုပ်
သွားမည်ဖြစ်ကြောင်းသိရသည်။

"အရွယ်မရောက်သေသည့် ကလေးငယ်တွေ အပြစ်မဲ့ကလေးငယ်များကို မတရာ ပြုကျင့်တာကို လက်မခံ
ကြောင်း နှင့် သပ်ငယ်မုဒိန်ကိုထိရောက်သည့်ဥပဒေထုတ်
ပြန်ပေးဖို့ ဒီပွဲလေးလုပ်ရတာပါ သေဒဏ်ထိ ကျွန်တော်တို့
မတောင်းဆိုပါဘူး မှားယွင်းစွာ တရားစီရင်ခံရသူတွေအတွက်
နစ်နာမှု့ရှိစေပါတယ် ထိရောက်သည့်ဥပဒေရောက်ပါပဲ
ကျွန်တော်တို့မန္တလေးမှတော့ ဒီလောက်မရှိပါဘူး ရန်ကုန်မှ
ဆို ပိုများနေတယ် ဒါတွေကလည်း လူနေမှုအဆင့်အတန်း
မြင့်လာတယ် တိုက်ခန်းတစ်ခန်းနဲ့တစ်ခန်း စည်းလုံးမှု့အား
နည်းလာတာနဲ့လည်းဆိုင်တယ် ပြီးခဲ့သည့် ရက်ပိုင်ကမှာ
ကလေးငယ်ကို သားမယားပြုကျင့်ပြီး သက်ကာ သံလမ်းပေါ်
တင်ထားသည့်ဖြစ်ရက်မျိုး နောက်မဖြစ်စေရန်အတွက်ပါဟု
ဦးဆောင်သူ ကိုနေဝင်းအောင်ကပြောသည်။

မြန်မာနိုင်ငံမှာ မိန်ကလေး မမွေးရဲ့လောက်အောင်ဖြစ်နေပြီ
ကိုယ်သားသမီး အရွယ်လေးတွေ ကိုမတရားသားမယာပြု
ကျင့်တာတွေ အတွက် ထိရောက်သော ဥပဒေကိုပြဋ္ဌန်းပေး
ရန်အတွက် လွှတ်တော်တွင်ဆွေးနွေးလျှက်ရှိကြောင်းသိရ
ပါတယ် အဆိုပါကိစ္စများအတွက် ရန်ကုန်မြို့တွင် သက်ငယ်
မုဒိန်းအတွက် သေဒဏ်ပေးရန်ထိ တောင်းဆိုခဲ့သော်လည်း
မန္တလေးမြို့မှတော့ ပထမဆုံးအကြမ် ကန်ပိန်းပြုလုပ်ခဲ့သည်
ကိုတွေ့ရသည်။

posted from Bloggeroid

No comments:

Post a Comment