"ဘဏ္ဍာရေးဝန်ကြီး တစ်ယောက်အနေဖြင့် သာသနာကိုဝယ်၍
လှူဒါန်းထားသောမြေကို့ ဟန့်တားခြင်းမလုပ်သင့်ဟုဆို"
===========================================
စစ်ကိုင်း နိုဝင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်မြို့နယ် လက်ပံကျေးရွာနေဒေသခံ
တောင်သူများထံက ကာလပေါက်ဈေးဖြစ် ဝယ်ယူကာ သာသနာ
မြေအဖြစ် မင်းကွန်းတိပိဋဓမ္မနာဒပရိယတ္တိစာသင်တိုက် ပဓာနနာယကကဆရာတော် ဥုးဂန္ဓမာလာလင်္ကာလာရကို လှူထားသောမြေ ၁၀ ဧက
အပေါ်မြေညှိနေစဉ် ဆက်မလုပ်ရန်တားခဲ့သော ဘဏ္ဍာရေးဝန်ကြီး
ဦးစိုးဦး ကိုမြေအလှူ ရှင်တရားစွဲတိုင်ကြားမည်ဟုပြောသဖြင့်
ဒေသခံရွာသားများထံ မြေအလှူ ရှင်ကိုမကျေနပ်ကြောင်းထွက်ဆိုပေးရန်ရွာသားများထံ
နိုဝင်ဘာလ ၂ နေ့က လာရောက်ဆွေးနွေးမှုရှိကြောင်းဒေသခံ
တွေကပြောသည်။
"မြေ သိမ်းဆည်းပြီး ကျောင်းအတွက် လှူတာမဟုတ်ဘူး ကျွန်တော်
တို့ ရွာသားတွေထံက မြေယာပိုင်ဆိုင်ခွင့်အထောက်အထားတွေနဲ့
တရားဝင်ဝယ်ယူကာ မင်းကွန်း တိပိဋကဓမ္မနာဒပရိယတ္တိစာသင်တိုက်ပဓာနနာယကဆရာတော်
ဥုးဂန္ဓမာလာလင်္ကာလာရ ကို သာသနာ
အတွက်လိုအပ်သော မြေနေရာလှူ ဒါန်းထားတာကို ဘဏ္ဍာရေး
ဝန်ကြီးဖြစ်သူဦးစိုးဦး က သစ်တောမြေဟု
ဆိုကာ ဟန့်တားတယ် မြေယာမူလပိုင်ရှင်တွေက ရောင်းပြီသား
မြေယာ ငွေတိုးကောက်ခံရာမှ မြေဝယ်ထားသူကမ္ဘာမြေအောင်ကုမ္ပံဏီပိုင်ရှင် ဦးထွန်းနင်က မပေး
သဖြင့် ဒေသခံတွေကို ဝန်ကြီးကအားပေးအားမြောက်လုပ်ပေးလျှက်
ရှိတယ် သူကတာဝန်ယူတာက ဘဏ္ဍာရေးဝန်ကြီး သစ်တောမြေ
လိုပြောကာ မြေညှိသောအရာများရပ်ဆိုင်းခိုင်ခဲတာ
ယနေ့က ရွာကို စိုက်ပျိုးရေးနှင့်မွေးမြူရေး
ဝန်ကြီး ဘဏ္ဍာရေးဝန်ကြီး ဥပဒေချုပ် မြေစာရင်းတိုင်းဦးစီးမှူးတို့
လာရောက်ကာ ရွာသားတွေကိုခေါ်ယူ၍ ဦးထွန်နိုင်ကိုမကျေနပ်သူ
တွေ ထောက်ခံကြောင်းလုပ်သွားတယ်လိုသိရတယ် အမှန်က
ဦးထွန်းနိုင်ဝယ်ထားသည့်မြေတွေဟာ ဘာမှ သုံးမရဘူး သစ်တော
လည်းမရှိဘူး ကျေးရွာဖွံဖြိုးရေးအတွက် ဘယ်ရွားသားမှမလုပ်ဘူး
ဟုဒေသခံတစ်ဦးကပြောသည်။
"အထောက်အထားနဲ့ ကမ္ဘာမြေအောင်ကုမ္ပံဏီက ဝယ်ထားတာ
ရွာအတွက် မြေညှိပေးတာကို ဆေးပေးခန်းအတွက်ပေ ၁၂၀နဲ့
ပေ၈၀ လှူဒါန်းတယ် ကျောင်းဆောက်ဖို့အတွက် ၁၀ ဧကလှူတာ
အရှုပ်အရှင်းဖြစ်တာက မြေရောင်ူထားသူက ညစ်တာ ကိုထွန်းနိုင်
ထံ ပိုက်ဆံ ထပ်တောင်းတာ မပေူလို ဝန်ကြီးဦးစိုးဦးကိုတိုင်ကြား
ရာကနေ ကိုထွန်းနိုင်ကိုတားတာ အားလုံးက မြေရိုင်တွေပါ
ကျေးရွာဖွံဖြိုးတိုးတက်ဖို့အတွက် လာလုပ်တဲ့သူကိုကန့်ကွက်ကြတာ
ဧကပေါင်း ၂၅ ဧကဝယ်တယ် ကာလပေါက်ဈေး နဲ့ဝယ်ပြီး မင်းကွန်း
တိပိဋကဓမ္မနာဒပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်
ဥုံးဂန္ဓမာလာလင်္ကာလာရအား ကျောင်းရပ်သာတည်ဆောက်ရန်
အတွက်တရား ဝင်လှူဒါန်းထားသည့်နေရာတွေပါ ကျေးရွာကိုအသိ
ပေးပြီး လာရောက်တွေ့ဆုံတာမဟုတ်ပါဘူး ကျွန်တော်အုပ်ချုပ်ရေးယမှူးတစ်ယောက်အနေတောင်မသိရဘူး
ဝန်ကြီးဦးစိုးဦးအနေဖြင့် သူအားတိုင်ကြားထားသူမိသားစုများသာ
ခေါ်ယူ၍ကိုထွန်းနိုင်ကိုမကျေနပ်ကြောင်းပြောရွာသားတွေကိုပြော
ခိုင်ဖို့လာရောက်တာထင်တယ်ဟုကျေူရွာအုပ်ချုပ်ရေးမှူးဦးမြင့်စိန်
ကပြောသည်။
"ကျွန်တော်မှားရင် ကျွန်တော်ခံပါမယ် ကြိုက်ရောင်းကြိုက်ဝယ်
တွေနဲ့ သူတို့ရွားသားတွေကိုယ်တိုင် ဒီမြေတွေဝယ်ပါဆိုပြီးလာ
ရောင်လို့ ဝယ်ယူကာ မြေယာပိုင်ဆိုင်ခွင့် ပုံစံ ၇ ကျွန်တော်အမည်
ပေါက်ပြောင်းကာ မြေညှိတာကို ဝန်ကြီးက လာတားတယ်
ကျွန်တော်ဂုဏ်သိက္ခာကျတယ် ကျွန်တော်က သိမ်းဆည်းထားတဲ့
မြေ မဟုတ်ဘူး ဘယ်အစိုးရနဲ့မှပေါင်းပြီး လုပ်မစားဘူး
ဒါကြောင့် အထက်ဌာနဆိုင်ရာတွေ တိုင်ကြားတာ အခု သူကို
တရားစွဲမယ်လို ပြောတော့ အခုလို ရွာသားတွေနဲ့ ကျွန်တော်ကြား
ဝန်ကြီးတစ်ယောက်အမေဖြင့် ရန်တိုက်ပေးနေတာ သူတို့တားစဉ်
ထဲ့က အဲဒီမြေတွေ ဘာမှ မလုပ်တော့ဘူး ရပ်ထားတယ် အဲဒီက
ကတော့ အစိုးရအဖွဲ့ကို မဖားလို့ မကပ်လို့ သက်သက် လုပ်နေတာ
ဟု ကမ္ဘာမြေအောင်ကုမ္ပံဏီ ပိုင်ရှင် ဦးထွန်းနိုင်ကပြောသည်။
အဆိုပါမြေကွက်များကိုသွားရောက်ကြည့်ရှုခဲ့ရာ သစ်ကြီးပင်များ
မရှိခြင်း စိုက်ပျိုးစားလိုရသည့် မြေများမဟုတ်ခြင်း ကြောင့်သာသနာ
အတွက်အကျိုးရှိစွာအသုံးပြုရန်နှင့်ကျေးရွာဖွံဖြိုးရေးအတွက်ဆေးခန်းတည်ဆောက်ပေးရန်အတွက် မြေညှိထားသည့်နေရာကို နိုဝင်ဘာ
လ ၃ နေ့ က တွေရသည်။
စိုင်းထူးခန့် 

posted from Bloggeroid
No comments:
Post a Comment