Wednesday, November 23, 2016

ဟံသာဝတီဦးဝင်းတင်ရဲ စနေစာပေဝိုင်းအသက်သွင်း

"သတင်းစာဆရာတစ်ယောက်ဘဝကနေနိုင်ငံရေးသမားဘဝ
ရောက်ခဲ့ရသောဟံသာဝတီဦးဝင်းတင်ရဲစနေစကားဝိုင်း"
=======================================
မန္တလေး နိုဝင်ဘာ ၂၁
မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် ၆၈လမ်း၆၉လမ်းကြား
၃၂လမ်း၃၃လမ်းကြားရှိ လူထုနေရာတွင် နိုဝငါဘာလ ၂၁
ရက်နေ့က စာပေပညာရှင်များပါဝင်သော စနေစကားဝိုင်းတွင်
ဟံသာဝတီဦးဝင်းတင်ဟာ သတင်းစာဆရာဘဝမှနိုင်ငံရေး
သမားဘဝရောက်လာခြင်းများကို စာပေပညာရှင်ကဗျာဆရာ
ကြီးဦးအံ့မောင်ကပြောသည်။

"ယနေ့ကျင်းပပြုလုပ်တဲ့ ဟံသာဝတီဦးဝင်းတင်ရဲ့စနေ စာပေ
ဝိုင်းလေး ပြန်လည်အသက်ဝင်လာလို့ အထူးဝမ်းသာပိတိ
ဖြစ်ရပါတယ် ဒီစနေ စာပေ စကားဝိုင်းလေးမှ ဟံသာဝတီ
ဦးဝင်းတင်အကြောင်းလေး အမှတ်တရ ပြောခွင့်ပြုပါ
ဦးဝင်းတင်ဟာ နိုင်းငံရေးသမားတစ်ယောက်မဟုတ်ပါဘူး
သတင်းစာဆရာတစ်ယောက်ပါ ဟံသာဝတီ သတင်းစာဟာ
မြန်မာပြည်မှ ဒီမိုကရေစီအမှောင်ကျအချိန် ပြည်သူတွေ
အခတ်အခဲများစွာရှိနေချိန်မှ ငြိမ်းချမ်းရေးရလာအောင်
စာရေးဆရာများ ပူပေါင်းပြီး စနေစာပေဝိုင်းလေးဖြစ်ပေါ်လာခဲ့
တာကတော့ ပထမ လက္ဘ်ရည်ဆိုင်မှ နောက် ဒီနေ့ပြန်အသက်သွင်းခွင့်ရလာသော စနေစာပေဝိုင်းထိဖြစ်
လာအောင် အထက်မြန်မာပြည်ရဲ့ အဖြစ်အပျက် မြန်မာနိုင်ငံ
ရဲ့ ဖြစ်ခဲသမျှ ပြည်သူလူထုတွေရဲ့ ရင်ထဲ့က ခံစားချက်တွေ
လှုပ်ရှားနေရတာတွေကို ရေးသားတင်ပြပေးပါဆိုပြီး လှိုင်လုံး
တွေကြွလာတာကို ဟံသာတိ ဦးဝင်းတင်က တံခါးကြီးဖွင့်
ပေးခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ပိုပြီးတော့ နက်နက်ရှိန်းရှိန်း တိတိကျကျ ဖြင့်
တိုင်းပြည်က်ုလွှမ်းမိုးလာတာာ စနေစာပေဝိုင်းကပါ မိဆွေ
များခင်ဗျာ ပြညါသူလူထုရဲ့ဝိညဉ် လှုပ်ရှားမှု့တွေ ခံရမှု့တွေ
နိပ့်ကျလာတဲ့ အခါမှ အာဏာသိမ်းချုပ်တဲ့သူတွေက ဘာလုပ်
တယ်ထင်လည်း အဲဒီလှုပ်ရှားမှု့ထကြွမှု့တွေကို အခွင့်ကောင်း
ယူပြီး နိုင်းတက်စီးနှင်းခဲကြပါတယ်။
ကျွန်တော်သိတဲ့အတိုင်း ဦးဝင်းတင်ဟာ ဟံသာဝတီသတင်း
စာတိုက်ရဲ့ အယ်ဒီတာချုပ်အဖြစ်နဲ့ အထက်မြန်မာပြည်မှတာ
ဝန်ထမ်းဆောင်ရင်း ဦးနေဝင်း ဗိုလ်ချုပ်နေဝင်း အလွန်လေး
စားရတဲ့သူတစ်ယောက်ပါ ဦးနေဝင်းမန္တလေးကိုလာရင်
ဦးဝင်းတင်ထံအရင်ဆုံး သွားရောက်တွေ့ဆုံလျှက်ရှိပါတယ်
အလွန်ချစ်ခဲ့သူတစ်ယောက်လိုအများကသိထားတာသံတမံ
ကြီးတစ်ယောက်လိုကိုချစ်တာ အဲဒီလောက်အထိ ရင်းရင်း
နည်းနည်းဆက်ဆံခဲ့တယ် ယုံကြည်လား မယုံကြည်လား
တော့ ကျွန်တော်မသိဘူး ဦးနေဝင်းဟာ ဘယ်သူမှယုံကြည်
သူတစ်ယောက်တော့မဟုတ်ဘူး သူလည်းမကျေးနပ်ရော့
အယ်ဒီတာချုပ်အဖြစ်က ထုတ်တယ် ဟံသာဝတီသတင်းစာ
တိုက်ရပ်လိုက်ရတယ် ကျွန်တော်စိတ်မကောင်းဖြစ်ရပါတယ်
ကျွန်တော်က ဦးဝင်းတင်ထံမကြာခဏသွားရောက်သူတစ်
ယောက်ပါ ဦးဝင်းတင်ရဲ့ အခန်ူကို အမြဲသွားနေကြ သူအခန်း
သူထိုင်တဲ့ ကုလားထိုင်ရဲ့ရှေ့ မျက်နာတည့်တည့်အပေါက်ရဲ့
အပေါ်မှာ ပန်းချီးအောင်မိုး ဆရာအောင်မိုး ကျွန်တော်တို့
ထက်အသက်များကြီး ကြီးပါတယ် သူနည်းသူဟန်နဲ့ရေးဆွဲ
ထားတဲ့ ကလေးတစ်ယောက်ရဲ့ပုံ ချိတ်ဆွဲထားတာပါ အဲဒီ
ပန်းချီကားလေးဟာ ခံစားမှု့တွေ အပြည်ပေးထားတာ
ဦးဝင်းတင်ကို အယ်ဒီတာချုပ်ကလည်း ဖြုတ်လိုက်ရောသူရဲ့
ပစ္စည်းတွေ ပန်းချီကားတွေ စာအုပ်တွေ သူမြတ်နိုးတဲ့
စာပေးတွေသိမ်းချိန်တောင်မရခဲ့ပါဘူး အဲဒါတွေနဲ့ကင်းကွာ
သွားတာ နှစ် ၂၀ ကျော်မှ ပြင်ပလေကို ရူခွင့်ရခဲ့သူပါ
သူပြန်လွတ်လာတော့ သူမြတ်နိုးတဲ့ ပန်းချီတွေ စာအုပ်တွေ
ဟာ ကျွန်တော်က မေးကြည့်တဲ့အခါမှ ရှိပါသေတယ်ဆိုတဲ့
အဖြေ ဦးဝင်းတင် မပေးနိုင်ခဲပါဘူး။
"ဟံသာဝတီ ဦးဝင်းတင်ဟာ တိုင်းပြည်ကိုချစ်ပါတယ်
နိုင်ငံရေးသမား လုပ်ချင်းခဲ့သူတစ်ယောက်မဟုတ်ဘူး"
ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားသပိတ်
သမဂ္ဂတွေ ဘာတွေ လုပ်နေချိန်အထိ ဦးဝင်းတင်ဟာ ပြင်ပ
သတင်းစာတိုက်တစ်ခုမှ တိပ်တိပ်လေး အယ်ဒီတာလုပ်နေခဲ့
သူတစ်ယောက်ဖြစ်ပါတယ် နိုင်ငံရေးလှုပ်ရှားတဲ့ စက်ဝိုင်း
တွေရဲ့ အတွင်းထဲ့ကို သူမရောက်ခဲ့ပါဘူး အပြင်ဘက်မှဘဲ
အမြဲတမ်းရှိနေသူပါ သူကိုယ်အရေးယူတဲ့အခါမှ သူပြော
သွားတဲ့ စကားလေးက ကျွန်တော် ဘယ်တုံးကမှကိုမြူနစ်
မဖြစ်ခဲ့ဘူးလို့ပြောခဲ့ပါတယ် သူကိုအရေးယူခဲ့သည့်အချိန်ကနေစတင်ပြီး သူစာတွေ
သူပန်းချီကားတွေ သူပစ္စည်းတွေနဲ့အတူ သူဘဝသူခန္ဓာ
ဆုံးရှုံးသွားခဲ့သလို့ အပြင်သူခန္ဓာကိုယ်လည်း ဖျက်ဆီးခံ
ခဲပြီး သတင်းစာ ဆရာဘဝတစ်ယောက်ဘဝကနေ ခံစားရ
တာတွေများလာတော့ နိုင်ငံရေးဝန်းထဲ့ကိုပြောင်းလဲလာသူ
တစ်ဦးဖြစ်ပါတယ်။
အရည်အချင်းတွေအားလုံး နိုင်ငံရေးထဲပါသွားခဲ့သူပါ ထောင်
ကလွတ်လာတော့ ကျွန်တော်တို့နဲ့အတူ စနေစာပေဝိုင်းတွေ
မှတွေ့တိုင် သူအမြဲပြောသော်စကားက သူဟာယနေ့
အချိန်ထိ သတင်းစာဆရာတစ်ယေက်ပါတဲ့ ဘယ်တုံးကမှ
နိုင်ငံရေးသမားမဟုတ်ဘူးလိုပြောတယ် ခင်ဗျာ ဗျာ ဒီလောက်
နိုင်ငံရေးလုပ်လာတာကြာလှပြီး နိုင်ငံရေးလုပ်ပြီး နိုင်ငံရေး
မလုပ်ဘူး မပြောပါနဲ့ နိုင်ငံရေးဆိုတာက တိုင်းပြည်ကောင်း
တဲ့အလုပ်ဘဲ လိုပြောတော့
"ကျွန်တော်က သတင်းစာဆရာ ပါဗျာ မတရားခံရတာတွေ
ပြည်သူတွေကိုဒုက္ခပေူတာတွေ အားကြီးလာတာမခံနိုင်လို့
အကြီးမြတ်ဆုံး တော်လှန်ရေးသမားတစ်ယောက်ဖြစ်လာခဲ့
တာပါ ဒီလိုဖြစ်လာတာဟာ တစ်ဖက်နိပ်ဆက်မှု့တွေကြောင့်
သံမဏီသား နိုင်ငံရေးသမားဘဝရောက်ခဲရတာဟုပြောတယ်
" တိုင်းပြည်အပေါ် ပြည်သူပြည်သူးတွေအပေါ် ရိုးသားဖြောင်း
မတ်ပြီး အလွန်ဖြူစင်တဲ့ သူတစ်ယောက်ပါ ဒီစေတနာတွေနဲ့
ဘာကိုဘဲဖြစ်ဖြစ် တိုက်ပွဲတွေဝင်ကာ သူများတွေမမြင်နိုင်တဲ့
နိုင်ငံရေးသတ္တိတွေအခြေခံပြီး လုပ်လာခဲသူအတွက်
ယနေ့ခေတ် ဟံသာဝတီ ဦးဝင်းတင်မရှိတော့ပေမယ်
ဟံသာဝတီ ကိုဝင်းတင်တွေ အများကြီး ပေါ်ထွက်လာကြပါ
စေလို အားလုံးကြိုးစားကြပါဟုကဗျာဆရာကြီးဦးအံမောင်က
ပြောကြားခဲ့သည်။
အဆိုပါ စနေ စာပေဝိုင်းကို သဘာပတိအဖြစ် ဆရာမောင်သစ်လွင်(လူထု) နာယကအဖြစ် ကဗျာဆရာကြီး
ဦးအံ့မောင် စာရေးဆရာညီပုလေး ဆရာမိုးနိုင်(မန္တလေးတက္ကသိုလ်) ဆရာဒေါက်တာမောင်မောင်လေူပါမောက္ခငြိမ် မန်တက္ကသိုလ်
ဆရာနွေထက် ဆရာတော်ဦးသုမင်္ဂလ (စစ်ကိုင်းတောင်ရိုး)
မန္တလေးအခြေစိုက် စာရေးဆရားများဖိတ်ကြားထားသည့်
ဧည်သည်များ လူအင်အား ၅၀ ခန့်အထိ တက်ရောက်ကာ
ကျင်းပခဲသည်ကိုတွေ့ရသည်။


posted from Bloggeroid

No comments:

Post a Comment