"စိတ်ကူးအကောင်အထည့်ဖော်တည်ဆောက်ထားသည့်"အိမ်"
ရိုးရှင်းစွာ ဘဝကိုဖြက်သန်း မြန်မာနိုင်ငံကစံပြ "လူးသားတစ်ဦး"
===========================================
"ငယ်စဉ်ထဲ့က အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေခဲ့ပေမယ်
ဘဝကို အရှုံးမပေး အလုပ်ဟုသမျှ ဂုဏ်ရှိစွာ လုပ်ပြီး မိသားစုစား
ဝတ်နေရေးအတွက် ငွေ ၅ိ/ကျပ်ယူကာ လက်ဝှေ့တက်ထိုးခဲ့သူ
သူရဲလက်က ဒဏ်ရာအမာရွတ်တွေ မပျောက်ပေမယ် စိတ်ကူးထဲ့
က
အကောင်အထည်ဖော်တည်ဆောက်ထားသော် သစ်ပင်အိမ်လေး
မြန်မာနိုင်ငံရဲ့ စံပြလူးသား တစ်ဦးလို့ တင်စားလောက်တဲ့ သူ
အာဏာရှင် အစိုးရ လက်ကိုင်ဒုတ်အဖြစ်မခံ ခရိုနီ အလုပ်ဘယ်
တော့မှမလုပ် ကျွန်တော်က မရှိဘဝ က လာသူမို့ အမှန်တရားကို
မြတ်နိုးတယ် လူတိုင် ကျွန်တော်လို့ ကြိုးစားကာ စီးပွားဖြစ်စေရန်
ပိုက်ဆံဆုပါ ဝင်ငွေ ကို တစ်ဝှက်ရအောင်သုံး မြန်မာပြည်မှ သူဋ္ဌေး
ဖြစ်ကိုဖြစ်ရမယ်"ဟုပြောသူ
"၀"ဘဝက လာတာကျွန်တော် "၀" ဘဝ ပြန်ရောက်သွားရင်တောင်
အရင်းပါ မန္တလေးမြို့သစ် ထွန်တုံးရပ်ကွက် "ကျူး" အိမ်မှနေပြီ
အလုပ်မရှိလို့ လမ်းဘေး အဟောင်းပစ္စည်းကောက် ကိုယ်ဘဝ
ဖြက်သန်းခဲ့တာ ရှက်စရာမဟုတ်ဘူး တရုတ် ကုလား ကျွန်မလုပ်
ဘူး မြန်မာနိုင်ငံမှ ကျွန်တော်လို့လူ တွေရှိတယ် ဘဝကိုအရှုံးမပေး
စေလိုဘူး ဘဝဟာ အကြိမ်ကြိမ် လှဲကျခဲ့ဘူးတယ် စာမတက်လို့
အလိမ်ခံရတယ် အခုလဲ အာဏာအလွဲသုံးစားပြု အနိုင်ကျင်တာ
တွေ လက်တွေ့ခံရလို စိတ်ဒက်မကျဘူး မတရားမှု မှန်သမျှ ဖော်
ထုတ်မယ် ကျွန်တော် လူတိုင်အပေါ် စိတ်ကောင်းထားနိုင်ပေမယ်
လူတွေက ကျွန်တော်ကို သူတို့ကိုယ်တိုင် မြေလာရောင်းတယ်
သူတို့ဒေသ ဖွံဖြိုးအတွက် အဲဒီမြေ ဝယ်တယ် အကောင်အထည်
ဖော်တာကိုအာဏာအလွဲသုံးစာပြု သူတစ်ဦးကြောင့် ရပ်ထားရတာ
တွေ ကျေးရွာတွေက မြေတွေဝယ်ထားတယ် သူတို့ဘဲ ကျွန်တော်ကို
အသုံးချ ငွေတွေတောင်းတယ် အဂတိတိုက်ဖျက်ရေးတိုင်ကြားလို့
အစစ်ခံရတဲ့ အရာရှိတွေ က ကျွန်တော်ကို စိန်ခေါ်လို့ လုပ်ရတာ
ဘယ်သူတစ်ဦးတစ်ယောက်ဒုက္ခရောက်ပါစေဆိုသော စိတ် ကျွန်တော်မှမရှိဘူး မတရားမှု့ဖော်ထုတ်ရတာ မြန်မာနိုင်ငံတစ်ယော
က်အနေဖြင့် တာဝန်တစ်ခုဖြစ်တယ် ကျွန်တော်က ဗုဒ္ဓဘာသာ
တစ်ယောက် ကံတူအကျိုးပေး ဆိုတာယုံကြည်တယ် မရှိ ဘဝထဲက
ဆုလို့ရသည့် ပိုက်ဆံထဲ့က ဘုရားပြုပြင်တယ် ဘုရားတည်တယ်
အခု ဘုရားတည်တာ ၁၀၁ ဆူမျောက်ရောက်မှ ဌာနဆိုင်ရာ တွေနဲ့
လူလိမ်တွေကြောင့် တရားရုံတွေရောက်တယ် အမှုတွေရင်ဆိုင်ရ
တဲ့ဘဝ ရောက်လာကြောင်း ကမ္ဘာမြေအောင်ကုမ္ပံဏီ ပိုင်ရှင် ဦးထွန်းနိုင်ကပြောပြချက်များအရသိရပါတယ်။
"ကျွန်တော် စာရေးသူတစ်ယောက်အနေဖြင့် ကမ္ဘာမြေအောင်
ကုမ္ပံဏီ ပိုင်ရှင် သူဋ္ဌေ တစ်ရောက်၏ အကြောင်းကို ရေးသားရခြင်း
ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသားများဘဝ လမ်းဘေးကလူဖြစ်ဖြစ် တိုက်ပေါ်က လူဖြစ်ဖြစ် လူကို လူလို
တန်ဖိုးထားတက်လာစေရန် မြန်မာနိုင်ငံက ဘွဲရပညာတက် မျိုးဆက်သစ် လူငယ်တွေ အတုယူစေရန် ဘဝကို ရိုးရှင်းစွားဖြက်
သန်းကာ အောင်မြင်မှုများ ရရှိစေရန်အတွက် လမ်းဘေးကနေ
ကုမ္ပံဏီပိုင်ရှင် ဖြစ်လာသူ သူရ"ဲ စိတ်ကူးထဲက သစ်ပင်အိမ်လေး
ဘဝကို ရိုးသားစွာဖြက်သန်းခဲ့သည့် လက်တွေ့ ဖြစ်စဉ်တွေကို
ပညာပေး အဖြစ် ရေးသားဖော်ပြ လိုက်ရတာဖြစ်ပါတယ်"။
လူတစ်ယောက်ရဲ့  ဘုန်းတစ်ခိုးဟာ အလုပ်လုပ်ချင်းဘဲ ကလေး
ဘဝက လမ်းဘေး ပလပ်စတစ်လိုက်ကောက်ခဲ့ဘူးသူ ၁၄ အရွယ်
မြို့သစ် ဘုရားပွဲတစ်ခု လက်ဝှေ့ ထိုးမယ်သူ တစ်ယောက်မလာသ
ဖြင့် မိသားစု စားစရာမရှိလို့ ငွေ ၅ိ/ကျပ်ယူကာ ညီဖြစ်သူကို အိမ်
ပေးခိုင်ပြီး လက်ဝှေ့ တက်ထိုးခဲ့ရာ ဆင်ပေါ်မတက်မှီ ကောက်မှာ
ရှိသော ဒိုင်များက ထိုးနည်များခေတ္တ ပြတာကြည့်ထိုးပြီး ဘယ်လို့
ထိုးလိုက်တယ်မသိ ကိုထွန်းနိုင်တစ်ယောက်လှဲကျသွားရာကနေ
ပြန်အထ တစ်ဘက် ကစားသမားသတိမေ့သွားသဖြင့် လက်ဝှေ့
ပွဲအနိုင်ရခဲ့ရာ ကိုထွန်းနိုင် အရမ်းပြောခဲ့ပြီး လက်ဝှေ့ထိုးရင် အဲဒီ
ခေတ်က ၅ိ/ကျပ်ကရတယ် ဆန်တစ်ပြည် ၃ိ/ကျပ်ဘဲရှိတာဒီလိုနဲ့
လက်ဝှေ့ပွဲ ၇ ပွဲလောက်အထိ လက်သီထိုးနည်များကျင့်ကာ ထိုးခဲ
ဘူးသူ လမ်းဘေးအဟောင်းပစ္စည်းများ လိုက်လံဝယ်ယူကာ
ဘဝကိုအရှုံးမပေး လုပ်ကိုင်ရင်က စက္ကူ ဖြက်စတွေ ဝယ်ရာရင်
စက္ကူ သတင်းစားအဟောင်း ဒိုင်အဖြစ်ကနေ မြေလောကထဲရောက်
လာခဲ့ပါတော့တယ်။
၁၉၉၉ခုနှစ် မန္တလေးမြို့သစ် မြေကွက်တွေ ဝယ်ယူကာ မြေကိုပြုပြင်
အကွက်ရိုက် အရောင်းဝယ်လုပ်ရင်းကနေ"လှိုင်"မြေအကျိုးဆောင်
လုပ်ငန်းဖြစ် စီးပွားဖြစ်လာကာ ဘာသာသာသနာကိုတန်ဖိုးထား
ယုံကြည်မြိတ်နိတက်လာသူ တစ်ယောက်ဖြစ်တာကြောင့် စစ်ကိုင်း
မင်းကွန်းတောင်ရိုးရှိ စေတီပုထိုးအဟောင်းတွေပြုပြင်ရင် မင်းကွန်း
တိပိဋကဆရာတော်များနဲ့ရင်းနှီးကာ မင်းကွန်းတောင်ရိုးအသွား
လမ်းရှိ လမ်းကျင်လေးကို ချဲပေးခြင်း ဘုရားတည် ကျောင်းဆောက်
သိမ်ဆောက် သာသနာပြုလုပ်ငန်းများ လုပ်ရင် မင်းကွန်းတောင်ရိုး
အသွားလမ်း ခိုတောင် ကျေးရွာအနီ ခြံလေးဝယ်ယူကာ စိတ်ကူရင်
သစ်ပေါ်က အိမ်လေးတစ်လုံးတည်ဆောက်ကာ အပန်းဖြေနေစရာ
တစ်ခုဖန်တီထားတာကို ယနေ့တိုင်တွေ့ခဲ့ရပါတယ်။
စစ်ကိုင်း မင်းကွန်းတောင်ရိုးအသွားလမ်းတစ်လျှောက် မြေဧက
ပေါင်း ၅၀ ခန့် ဝယ်ယူထားကာ မြေများတန်ဖိုးထားသူပိပိ မြေများ
ကိုပြုပြင်ခြင်းဒေသ ကျေးရွာများဖွံဖြိုးတိုးတက်ရေးမျော်ကိုးကာ
စေတနာထားဆောင်ရွက်နေပါလျှက်နဲ့ ဒေသခံတွေက ၎င်းဝယ်
ယူထားသည့်မြေများကို ကာလ တန်ဖိုးမြင့်လာသည့်အခါ ပိုက်ဆံ
ထပ်မှန်တောင်းခံခြင်းများရှိခြင်း အာဏာပိုင်တွေက မြေညှိသော
နေရာတွေ ရပ်ဆိုင်းခိုင်ခြင်းများ ကမ္ဘာမြေအောင်ကုမ္ပံဏီကိုသိက္ခာ
ကျစေရန် ခရိုနီဟု ပြောသံတွေ ပြန်ကြားခဲ့ရသဖြင့် စိတ်မကောင်း
ဖြစ်ကာ အရက်သောက်နေရခြင်း လူတွေက သူစေတနာထားသလို့
သူအပေါ်စေတနာပြန်မထားခြင်း ရှိတာကြောင့် သစ်ပေါ်ဆောက်
ထားသည့်အိမ်ကလေးအတွင်း နောက်ဆုံးပေါ် ကိုယ်ပိုင်ကားကြီး
နဲ့ တစ်ယောက်တည် လာလာနေတာရခြင်း စိတ်ကူးရင်သစ်ပင်
ပေါ်က အိမ်လေးဟာ အေးချမ်းသာယာစွာရှိပြီ လူသူအသွား
အလာနည်းပါးသောနေရာတစ်ခုကို တွေ့ခဲ့ရပါတယ် ခြံဝင်အကျယ်
ပေ ၁၀၀ ပတ်လည် အတွင်းရှိ မန်ကျည်းပင် ၂ ပင် သစ်ပုတ်ပင်၁
ပင်ယှဉ်လျှက်အနေအထားပေါ်တွင်သံဖတိမ်များဖြင့် အခိုင်အမာ
တည်ဆောက်ထားသော အိမ်လေးဟာ ကိုထွန်းနိုင်အတွက်အမှတ်
တရဖြစ်စေမယ် "စိတ်ကူးအကောင်အထည့်ဖော်တည်ဆောက်ထားသည့်"အိမ်"

အဖြစ် ဘဝ မှတ်တမ်းတစ်ခုဖြစ်ပေါ်လာနိုင်ပါတယ်။
သူတော်ကောင်းနဲ့ပေါင်းသောသူသည် ဂုဏ်သတင်းကျော်ဇော
သကဲ့သို့ ပန်းထုတ်သော ဖက်သည် မွေး၏ဟု ဗုဒ္ဓမြတ်စွာဘုရာ
ဆုံးမစကားရှိသလို့ စိတ်ကောင်းရှိဖို့က ပထမ အရားအားလုံးကို
မာန်တက်နေသော ဘဝတွေ လူသားအချင်းချင်း နာလည်ခွင့်လွှတ်
တက်နိုင်ဖို့က အရေးကြီးဆုံး လူသားဘဝကို အောင်မြင်စွာနဲ့
လက်ရှိ နေထိုင်ကျသော ဘဝကနေ အောင်မြင်ကျော်ကြားသူများ
ဖြစ်လာဖို့အတွက် ကမ္ဘာမြေအောင် ကုမ္ပံဏီ ပိုင်ရှင် ဦးထွန်းနိုင်
က သူရဲ အလုပ်သမား များကိုအမြဲတမ်း သူဘဝ သူအကြောင်း
စံနမူနာပြကာ မကောင်းတာရှောင် ကောင်းတာဆောင် စိတ်ကို
ဖြူအောင်ထား ဟု၍ စာမတက်ပေမယ် အသိပညာရ ရှိစေရန်
ဆုံးလျှက်ရှိသည်ကို လေ့လာတွေရှိရပါတယ်။
ယနေ့ခေတ် ကမ္ဘာမြေအောင် မြေအကျိုးဆောင်ကုမ္ပံဏီပိုင်ရှင်
တစ်ယောက်အနေဖြင့် ဘဝကို ရပ်တည်နေသော ဦးထွန်းနိုင်
တစ်ချိန်က လမ်းဘေးက အမှိုက်ကောက်သမားတစ်ယောက်
မြန်မာနိုင်ငံရဲ့ အတန်းပညာ လုံးဝ မတက်ခဲဘူးသူတစ်ယောက်
လင်မယား နှစ်ယောက်ပေါင်းလို့  တစ်တန်းမအောင်ဘူး သူဘဝ
အစ စက်ဘီးလေးကို ကမ္ဘာမြေအောင် ကုမ္ပံဏီ တည်ရှိရာ
မန္တလေးမြို့ မြိုသစ် မနော်ဟယ်ရီလမ်း ၅၆ လမ်းက ဘုရားအတွင်း
ထားကာ ဘဝမမေ့ကြောင်း သက်သေပြထားသူ စီးပွားရေးအရ
အလုပ် လုပ်ရာ စာရွက်စာတမ်း များကို ဘေးလူကိုဖက်ခိုင်ကာ
နိုင်တစ်လုံးတည် လက်မှတ်ထိုးပေးကာ အရောင်းအဝယ်လုပ်သူ
စီးပွားရေးနဲ့ ပတ်သက်လာလျှင် လူလည်ကျတာရှိတယ် ဘယ်တော့
မှမရုပ်မာတက်သူတစ်အနေဖြစ် ရပ်တည်လာသော သူဘဝ
ဒါပေမယ် သူများတွေ ရုပ်မာတာတော့ခံရတယ် ဒါပေမဲ့ဘဝကို
အရှုံးမပေးဘူးဟုကမ္ဘာမြေအောင်ကုမ္ပံဏီ ပိုင်ရှင် ဦးထွန်းနိုင်
အကြောင်းများကို အနီကပ်လေ့လာကာ မြန်မာပြည်သူပြည်သား
အားလုံး အတုယုဗဟုသုတရရှိစေရန် ရေးသားဖော်ပြလိုက်ရပါ
သည်။
စိုင်းထူးခန့် 

posted from Bloggeroid
No comments:
Post a Comment