Thursday, November 3, 2016

ကမ္ဘာမြေအောင်ကုမ္ပံဏီက မြေယာအလွဲသုံးစားပြုထားခြင်းမရှိဟုဆို

"ကမ္ဘာမြေအောင်ကုမ္ပံဏီ မှဝယ်ယူထားသည့်မြေများဟာဒေသ
အကျိုးအတွက်ရည်ရွယ်၍ဝယ်ထားကာ သိမ်းမြေမပါဟုဆို"
===========================================
စစ်ကိုင်း နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် မင်းကွန်းတောင်ရိုးအသွား
လမ်းတစ်လျှောက် ဒေသဖွံဖြိုးရေးအတွက် ကာလပေါက်ဈေးများဖြင့်
ဝယ်ယူထားသည့် မြေများကို ပြုပြင်ခဲ့ရာက ဘဏ္ဍာရေးဝန်ကြီး
ဦးစိုးဦးက ဒေသခံတွေ တိုင်ကြားချက်အရ လာရောက်တားမြှစ်ခဲ့
တာဟာ မှားယွင်းနေသဖြင့် ဒေသခံရွားသားများနှင့် ကုမ္ပံဏီပိုင်ရှင်
က သိမ်းဆည်းထားသည့်မြေ မပါရှိသလို့ ကန့်ကွက်သူများဟာ
တရားပြုကျင့် ငွေလိမ်တောင်းသူများပါဟု သတင်းစာရှင်းလင်းပွဲ
လုပ်၍ပြောသည်။

"ကမ္ဘာမြေအောင်ကုမ္ပံဏီက ဦးထွန်းနိုင်က ကျွန်တော်တို့ဒေသ
လက်ပန်ကျေးရွာ အနောက်ရှိ တောင်ကုန်ပေါ်ရှိမြေဧရိယာ ဧက
၂၅ ဧကကို ကိုထွန်းနိုင်ရှိရာကို ဝယ်ယူပေးရန် လာရောက် ရောင်း
ချခဲ့သဖြင့် ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်နေ့က အပြီးအပိုင်လွဲ
ပြောင်းဝယ်ယူကာ ၂၀၁၅ ခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့တွင် မင်းကွန်း တောင်ရိုး တိပိဋကဓမ္မနာဒပရိယတ္တိစာသင်တိုက် ပဓန
နယကဆရာတော် ဥုံးဂန္ဓမာလာလင်္ကာလာရအား ကျောင်းသစ်
အတွက် ၁၀-ဧက လက်ပန်းကျေးရွာ ကျေးလက်ဆေးပေးခန်း
တည်ဆောက်ရန် မြေနေရာ (ပေ ၈၀ ပေ ၁၂၀)ကိုလည်း ရပ်မိရပ်
ဖများက ထပ်မံအလှူခံခဲ့သဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်
နေ့ကလွဲပြောင်း လှူဒါန်းပြီး ကျောင်းနေရာအတွက် မြေညှိ မြေဖို့
ခြင်း လုပ်ငန်း အလုပ်သမား လုပ်ကိုင်ဆောင်ရွက်နေတာကို
မူလ မြေရောင်းထားသူများက ကမ္ဘာမြေအောင်ကုမ္ပံဏီ ပိုင်ရှင်ထံ
ငွေ ၁၅ သိန်း ထပ်မံတောင်းခံရာ ကျွန်တော် ဝယ်ယူစဉ်က ဒီမြေ
တွေပါတယ် အခုမပါဘူးဆို မြေစာရင်းဌာနနဲ့ရှင်းရန်ပြောခဲ့တာကို
ို မကျေနပ်လို့  မြေရောင်းချထားသူ တစ်ဦးက
သွားရောက်တိုင်ကြားချက်တစ်ခုတည်းကိုကြည်ကာ ဒေသခံတွေ
စုံစမ်းမေးမြန်ခြင်းမရှိ ဘဏ္ဍာရေးဝန်ကြီးဦးစိုးဦးထံတိုင်ကြားတာကို
စုံစမ်းမေးခြင်းမရှိဘဲ ဝန်ကြီးက သွားရောက်တားဆီးရာက ကုမ္ပံဏီ
ပိုင်ရှင်ဦးထွန်းနိုင်က အထက်အဆင့်ဆင့်ကို တိုင်ကြားခဲတာနဲ့
ပတ်သက်လို့ ဒေသခံရွာသားတွေကို နိုဝင်ဘာလ ၂ နေ့ကခေါ်ယူ
တွေဆုံးကာ ဒေသခံတွေမကျေနပ်လို့ သူအနေနဲ့ဝင်ရောက်တား
ရကြောင်း အစိုးရအဖွဲ့ဝင်များနဲ့အတူ လာရောက်ခဲ့တာကို ကျေးရွာ
အသိပေးခြင်းမရှိဘဲ သူလူတွေသူခေါ်ယူဆွေးနွေးသွားကြောင်း
လက်ပန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင်စိန်ကပြောသည်။

"ကျွန်တော်ထံ ဆက်သွယ်မေးမြန်းခြင်းမရှိဘဲ
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေတွင် ကျွန်တော်ဝယ်ယူ
ထားသည့် မြေဧရိယာအတွင်းကို ယခင် စစ်ကိုင်းတိုင်းဒေသကြီး
မဲဆန္ဒနယ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် လက်ရှိ
တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးစိုးဦး
က ၎င်းနှင့်မသက်ဆိုင်သောနေရာ ကို အာဏာအလွဲသုံးစာပြုလုပ်
ကာ လုပ်ငန်းခွင်အတွင်းဝင်ရောက်လာကာ လုပ်ငန်းများကို ဟန့်
တားခြင်း ရပ်ဆိုင်းရန်ပြောဆိုကာ ထွက်သွားကြောင်း ကျွန်တော်
အလုပ်သမား ဖုန်းဆက်ပြောလို့သိရပါတယ်။
သူအနေနဲ့ လူကြီးတစ်ယောက်လည်းဖြစ်တယ် ကျွန်တော်ဝယ်ထား
သည့်မြေ သစ်တောမြေပါဆို မြေစာရင်း မြေယာပိုင်းဆိုင်ခွင့် ပုံစံ
၁၀၅ မြေယာပိုင်ဆိုင်ခွင့် ပုံစံ(၇)ကျွန်တော်အမည်ပေါက်တွေရှိပါ
လျှက်နဲ့ ကျွန်တော်ကို ဂုဏ်သိက္ခကျဆင်းအောင်လုပ်သွားလို့
အထက်အဆင့်ဆင့်ကို တိုင်ကြားခဲ့တာပါ သူကိုတရားစွဲမယ်ဆို
တာ ကျွန်တော်မစွဲဖြစ်ပါဘူး မတရားအနိုင်ကျင့် ဆုံးဖြက်သွားလို့
ကျွန်တော်လုပ်ငန်းတွေ ရပ်ဆိုင်ပေးခဲရလိုပြောခဲတာ မနေ့က
ဘဏ္ဍာရေးဝန်ကြီးဦးစိုးဦးအပါဝင် စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး
ဥပဒေချုပ် မြေစာရင်းတိုင်းဦးစီးမှူးတို့နှင့်အဖွဲ့ အယောက် ၄၀ ခန့် 
လာရောက်ပြီး ကျွန်တော်ကို ခရိုနီတစ်ယောက်လို မြေယာမတရား
ယူထားသူလို့ မတရားအနိုင်ကျင့်ရန်အတွက် မလိုလားသူများနဲ့ပူ
ပေါင်းဆောင်ရွက်မှုများ ပြောသွားကြောင်း ရွာသားများထံကသိရလို
ယနေ့ စာနယ်ဇင်းရှင်းလင်းပွဲလုပ်၍ပြောရတာဟု ကမ္ဘာမြေအောင်
ကုမ္ပံဏီပိုင်ရှင် ဦးထွန်းနိုင်ကပြောသည်။
စိုင်းထူးခန့် 

posted from Bloggeroid

No comments:

Post a Comment