
မန္တလေးမြို့ အမှတ်(၁၀)ယာဉ်လိုင်းနှင့် အမှတ်(၃၉)ယာဉ်လိုင်းတို့
ကားလိုင်းအချင်းချင်း စနောက်ခဲ့ရာက ရိုက်နပ်မှု့ဖြစ်ပွား"
==========================================
မန္တလေး နိုဝင်ဘာ ၆
မန္တလေးမြို့ မယာအောင်မြေမြို့နယ် မန်းမြို့ဈေးရှေ့ ၈၄ လမ်မကြီး
၃၈လမ်း ၄၀လမ်း ခရီးသည်တင်ရန်ရပ်ထားသော ဈေးချို နှင့်စက်မှု့
မြို့သစ်ပြေးဆွဲနေသော အမှတ်(၁၀)ယာဉ်အမှတ် ၈ဂ/၂၉၂၃ ကား
ကို လမ်းကြောင်းပြေးဆွဲတာခြင်းတူသော အမှတ်(၃၉)ယာဉ်အမှတ်
8K/ 5417 ကား၏ ယာဉ်နောက်လိုက်ဖြစ်သူက ခွက်ဆွဲသူတောင်း
စားဟု စနောက်ခဲ့ရာက ပြည်ကြီးတံခွန်မြို့နယ် တောင်မြင့်ရပ်ကွက်
ထိပ်အရောင်တွင် သံဒုတ် သစ်သားတုတ်များဖြင့် ယာဉ်နှစ်စီး ရိုက်
ပွဲဖြစ်ကာ နှစ်ဘက်ကားသမား ၄ ဦးလုံး ဒဏ်ရာများဖြင့်မန္တလေး
ပြည်သူဆေးရုံကြီး ရောက်ခဲ့ကြောင်းသိရသည်။
"မြို့တွင်း ကားလိုင်းအချင်းချင်း တစ်ဦးနဲ့တစ်ဦး စနောက်ခဲ့ရာက
ရိုက်ပွဲဖြစ်တယ်လို့ သိရတယ် ခေါင်းထနပ်ပေါက်ပြဲဒဏ်ရာတွေ
မေးကွဲဒဏ်ရာ တွေနဲ့ သွေးတွေ ရဲနေတာဘဲ လူတွေကလည်း
ဝိုင်းကြည့်နေတော့ သဲသဲ ကွဲကွဲ မမြင်ရဘူး သူတို့ချင်း အပြန်အလှန် ထိုးကြိပ်နေတာ ဖြစ်နေတာ ၃ နာရီ ကျော်လောက်က
၎ နာရီခွဲလောက်မှ လူနာတင်ကာတွေလာပြီး ဆေးရုံးခေါ်သွား
ကြောင်း ဒေသခံ ကိုနေလင်းကပြောသည်။
ဖြစ်စဉ်မှ ရန်ကုန် မန္တလေး လမ်းဟောင်း ဘေး ပြည်ကြီးတံခွန်မြို့
နယ် တောင်မြင့် ရပ်ကွက် အရှေ့ပေါက်တွင် အမှတ်(၃၉)ယာဉ်လိုင်း
ကိုကိုမောင် အကွက်(၄)တောင်မြင့်ရပ်ကွက်နေသူ ဆန်းညွန့်ဇော်
ယာဉ်နောက်လိုက် တို့က မိတ်ဆွေဖြစ်သူ ခင်မောင်အေး ကိုခင်
မောင်ထူး အတူရှိနေစဉ် အမှတ်(၁၀)ယာဉ်လိုင်းမှ သန်းလင်းနိုင်
ချမ်းမြသာစည်မြို့နယ်နေသူ သူရဦး ယာဉ်နောက်လိုက် ထိန်ကုန်း
ရပ်ကွက်နေသူတို့ ရောက်ရှိလာကာ အမှတ်(၃၉)ယာဉ်နောက်
လိုက်ဖြစ်သူ ဆန်းညွန့်ဇော်မှ မန်းမြို့ဈေး ကာအမှတ်တိုင်တွင် ခွက်
ဆွဲ သူတောင်းစားဟု စနောက်ခဲ့ရာ မကျေနပ်သဖြင့် ရိုက်ပွဲဖြစ်ပွား
ကြောင်းသိရသည်။
အဆိုအမှုနှင့်ပတ်သက်၍ အမှတ်=(၁၀)ယာဉ်လိုင်းပိုင်ရှင်ဖြစ်သူ
ဦးမင်းထွေး၏ဇနီး ဒေါ်စိုးစိုး ယာတော်ရပ်ကွက်နေသူ တရားလို
ပြုလုပ်၍ ဝိုင်းဝန်းရိုက်နက်မှုဖြစ် အမှတ် (၃၉) ယာဉ်လိုင်းက
ဆန်းညွန့်ဇော်ေးကုသဆဲ ဝိုင်းရိုက်ခဲ့သူ လင်းအောင် ဆုံးစမ်းဆဲ
ဘကိုကြီး ဆုံစမ်းဆဲ လပ်ကီ ဆုံးစမ်းဆဲ ဘိုကေကြီး စီစစ်ဆဲ
မှတ်ကြီး စီစစ်ဆဲ ငတူ စီစစ်ဆဲ ရှမ်းလေး စီစစ်ဆဲ ၎င်းတို့ပါ ၁၀ ဦး
ကို ပြည်ကြီးတံခွန့်မြို့နယ် မြို့မ ရဲစခန်းမှ (ပ)၇၃၈/၂၀၁၆ ပြစ်မှု
-၂၉၄/၃၂၅/၁၁၄ အရအမှုဖွင့်အရေးယူနိုင်ရေးနှင့်တရားခံများ
ဖမ်းဆီးနိုင်ရေး အားစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း မြို့မ
ရဲစခန်းကသိရသည်။
စိုင်းထူးခန့် 

posted from Bloggeroid
No comments:
Post a Comment