Wednesday, November 30, 2016

တောင်သူများ မြေယာပိုင်ခွင့်ရရေး ပုံစံ(၁)စုပေါင်းလျောက်ထား


တောင်သူအင်အား (၃၀၀) ခန့် လယ်ယာမြေပုံစံ(၇)ရရှိရေး
ဒေသခံတောင်သူများ ပုံစံ(၁)စုပေါင်းလျှေက်ထားပွဲကျင်းပ"
=======================================
သပိတ်ကျင်း ဒီဇင်ဘာ ၁

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ်အုပ်စု ရွှေပြည်ရွာ သစ်တစ်ပင်စခန်း ဒေသခံ တောင်သူများ ပုံစံ(၁)စုပေါင်းလျှေက်ထားပွဲကျင်းပပွဲ
ကြီးကို ဒေသခံတောင်သူအင်အား (၃၀၀) ခန့် တက်ရောက်၍
လျှောက်ထားမှု့များ အသိပညာဟောပြောပွဲကြီး ပြုလုပ်ခဲ့သည်
ကို ဒီဇင်ဘာလ ၁ ရက်နေ့က တွေ့ရသည်။

မြေဧကပေါင်း ၃၀၀၀ ခန့်  လူဦးရေ ၂၀၀၀ လောက်ရှိတဲ့ထဲ့က ကြိုးတွင်း ကြိုးပြင် လက်ရှိလျောက်ထားသူ (၃၀၀) ခန့် တက်ရောက် ဒီနေုနံနက် ၁၁ နာရီ
စတင်၍ ကျင်ပခဲပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ တံခွန်တောင်သူလယ်သမားအဖွဲ့ချုပ်အသိပညာပေးဟောပြော လာရောက် လုပ်ပေးတာပါ ကျွန်တော်တို့ ဒေသမှ တောင်သူတွေ က မြေယာပိုင်ဆိုင်ခွင့်လျှောက်ထားခြင်းမရှိ
ဘူး ကုမ္ပံဏီ တွေကတော့ လျှောက်ထားလို ချပေးတာတွေ
ရှိတယ် အမှန်တစ်ကယ် လုပ်ကိုင်စားသူ ဓါးမဦးချ ခုတ်ထွင်
ရှင်းလင်းလုပ်ကိုင် လာတာ နှစ်ပေါင်း ၃၀ ကျော် ရှိပါပြီ
မည်သူမှ မြေယာပိုင်ဆိုင်ခွင့်မလျှောက်ထားကြာလို ယနေ့
စုပေါင်းကာ မန္တလေးမြို့က မြန်မာနိုင်ငံလုံးဆိုင်ရာ တံခွန်
တောင်သူလယ်သမားရေးရာ အဖွဲ့ချုပ်က တာဝန်ရှိသူတွေ
ကိုဖိတ်ကြားကာ ဒေသခံတောင်သူတွေကို အသိပညာပေး
ဟောပြောခိုင်တာဟု ဒေသခံတောင်သူ ဦးစိန်ထွန်းကပြော
သည်။

"ကျွန်တော်တို့ဒေသက ဓါးမဦးချ တောင်သူတွေ က အသိပညာ အားနည်းတယ် ယခင်အစိုးရလက်ထက် သစ်
တော့မြေ ဖြစ်လို့ ပုံစံ (၁) လျှောက်ထားမှု့ကို လက်မခံသဖြင့်
လျှောက်ထားခွင့်မရခဲ့ပါဘူး ဒါကြောင့် ဒီဒေသမှ စုပေါင်း၍
ပုံစံ(၁) လျှောက်ထားပွဲလုပ်ဖြစ်တာပါ ဌာနဆိုင်ရာတွေအနေ
နဲ့ လက်မခံတာက သူတို့အပိုင်းပါ ဒေသခံတွေအနေနဲ့က
လျှောက်ထားဖို့က သူတို့တာဝန်ဖြစ်ပါတယ် သပိတ်ကျင်း
မြို့နယ်ကနေ မြေယာပိုင်ဆိုင်ခွင့်ရရှိရေး ပုံစံ(၇)ရမှာ စိုက်
ပျိုးရေးအတွက် နိုင်ငံတော်ကနေ ချေးငွေတွေ ထုတ်ပေးမယ်
အဲဒီအခွင့်အရေးမရရှိသော ဒေသခံတောင်သူတွေဟာ
သစ်တော့နဲ့တော့ မကင်ကြပါဘူး တောင်ပေါ်ဒေသတွေက
တောင်သူတွေက အမှန်တသ်ကယ်စိုက်ပျိုးတယ် တောင်သူ
အခွင့်အရေး လုံးဝ မရရှိကြဘူး ဒီဒေသကတော့ ကြံစိုက်
တယ် ပဲစိမ်းငုံ စိုက်တယ် မတက်ရောက်နိုင်တဲ့တောင်သူ
တွေရှိပါသေတယ်ဟု ဒေသခံတောင်သူ ဦးမြင်ဇော်ကပြော
သည်။
ဒီနေ့ပွဲမှ တက်ရောက်လာသော ဒေသခံတောင်သူတွေရဲ့
အခတ်အခဲ မြေယာပိုင်ဆိုင်ခွင့် ပုံစံ(၁)လျှောက်ထားခွင့်ရရှိ
ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာတွေတင်ပေးမယ်
မြို့နယ် တိုင်း ခရိုင် နိုင်ငံတော် တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်
စုကြည့်ထံ အပါဝင် ဒေသခံတောင်သူတွေရဲ့  လက်မှတ်ထိုး
များနဲ့အတူ ပူတွဲပြီးတင်ပေးသွားမှာပါ ကျွန်တော်တို့မြန်မာ
နိုင်ငံဟာ စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံဖြစ်တယ်
၇၅%ရှိတဲ့ တောင်သူတွေကြတော့ တောင်သူအခွင့်အရေး

မရဘူး ကုမ္ပံဏီ တွေကြတော့ လုပ်ပိုင်ခွင့်ပေးတယ် တရားမျှ
တမှု့မရှိဘူး ဒါကြောင့် ကျွန်တော်တို့အဖွဲ့အနေနဲ့ ကူညီဆောင်
ရွက်ပေးဖို့အတွက် အသိပညာပေးဟောပြောပွဲ့လုပ်ရတာဟု
မြန်မာနိုင်ငံလုံးဆိုင်ရာ တံခွန်တောင်သူလယ်သမားရေးရာ
အဖွဲ့ချုပ် ဥက္ကဌဦးလင်းထင်စိုးကပြောသည်။
စိုင်းထူးခန့် 

posted from Bloggeroid

No comments:

Post a Comment