စစ်ကိုင်းမြို့တွင် တရားမဝင်တမလမ်းသစ် အတုံး (၅၀)တင်ဆောင်လာတဲ့ကားအား ဖမ်းဆီးရမိ
====================================
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် အုံးတောကျေးရွာအနီးမှာ ဇူလိုင်လ ၂၂ ရက်နေ့ မနက်က တမလန်းသစ်များ တင်ဆောင်လာတဲ့ ကားတစ်စင်းကို ဖမ်းဆီးရမိတယ်လို့ စစ်ကိုင်းမြို့မရဲစခန်းက သိရပါတယ်။
အဆိုပါ တမလန်းသစ်များကို ၁၀

ဘီးကားဖြင့်တင်ဆောင်လာစဉ် သတင်းအရ ရဲတပ်ဖွဲ့မှ စောင့်ဖမ်းရာမှာ ကားမောင်းသူနဲ့အတူ ယခုလို ဖမ်းဆီးရမိခဲ့တာပါ။
ဖမ်းဆီးရမိထားတဲ့ တမလမ်းသစ်တန်ချိန်နဲ့တန်ဖိုးကိုတော့ တွက်ချက်လျှက်ရှိပြီး တမလမ်းသစ် လေးထောင့်အတုံးရေ ၅၀ ပါရှိကြောင်း စစ်ကိုင်းမြို့မရဲစခန်းမှ ဒုရဲမှူး ဦးကျော်နိုင်ထွန်းက ပြောကြားပါတယ်။
ယင်း တရားမဝင်သစ်များတင်ဆောင်လာတဲ့ ကားဟာ မုံရွာမြို့မှ မန္တလေးမြို့သို့ တင်ပို့မယ့် တမလန်းသစ်ကားဖြစ်နေကြောင်းလည်း သိရပါတယ်။
ထို့ကြောင့် ဖမ်းဆီးရမိတဲ့ထားတဲ့ သစ်ကားနဲ့ ကားမောင်းသူကိုတော့ အများပြည်သူပိုင်ကာကွယ်စောင့်ရှက်ရေး ဥပဒေပုဒ်မ (၆၁) ဖြင့် စစ်ကိုင်းမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
ရန်နိုင်စိုး

posted from Bloggeroid
No comments:
Post a Comment