Monday, July 18, 2016

၆၉ ကြိမ်မြောက် အာဇာနည်နေ့

"အမရပူရမြို့နယ်ပထမဆုံးအကြိမ်အာဇာနည်နေ့အခမ်းအနားကျင်းပ"

မန္တလေး ဇူလိုင် ၁၉
မန္တလေး အမရပူရမြို့နယ် ပိန်းတန်း မြို့မ အားကစားကွင်းအတွင်း ရပ်ကွက်
ကျေးရွာ ၅၁ ရပ်က လူထုများ ဌာနဆိုင်ရာ ၄၁ ဌာနနှင့် LGO . CSOများဖြင့်
ပထမဆုံးအကြိမ် လူအင်အား ၅၀၀၀ခန့်တက်ရောက်ကာ စည်ကားသိုက်မြိုက်
စွာ (၆၉)နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကျင်းပါခဲ့သည်။

အဆိုပါ အမရပူရမြို့နယ် ပထမဆုံးအကြိမ် ၆၉ နှစ်မြောက် အာဇာနည်နေ့
အခမ်းအနားပွဲကြီးကို မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသားဝန်ကြီး ဦးစိုင်း
ကျော်ဇောနှင့် အမရပူရမြို့နယ် လွတ်တော်ကိုယ်စားလှယ်များ နိုင်ငံရေးပါတီ
များ အရပ်ဘက်လူအဖွဲ့အစည်းများ မြို့နယ် ဌာနဆိုင်ရာများ ဖြင့် အာဇာနည်
နေ့အခမ်းအနားကို မြို့နယ်ထွေအုပ် ဦးနေမြတ်သူအဖွဲ့က အခမ်းအနားဖြစ်
မြောက်ရေး တာဝန်ယူကာ ပွဲအပြီတွင် ထွေအုပ်ဝန်ထမ်းများနှင့် အဖွဲ့ချုပ်
ပါတီဝင်များက ကွင်အတွင်းအမှိုက်များကောက်ခြင်းဖြင့်စည်းကမ်းရှိစွာကျင်းပ
ခဲ့သည်ကိုတွေ့ရသည်။


posted from Bloggeroid

No comments:

Post a Comment