Tuesday, July 26, 2016

ကြော်ငြာသတင်း


Vietjet မှ အသစ်တိုးချဲ့လိုက်သည့် နိုင်ငံတကာခရီးစဉ်ကြောင့် ရန်ကုန်ခရီးသွားများ ထိုင်ဝမ်သို့ အလွယ်တကူ သွားလာနိုင်တော့မည်

(ရန်ကုန်၊ ၂၀၁၆ ခုနှစ် ဇွန်လ ၃၀ ရက်) -- ဗီယက်နမ်နိုင်ငံ၏ တန်ဖိုးနည်းလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Vietjet သည် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမှတဆင့် ထိုင်ဝမ်ရှိ ထိုင်နန်သို့ သွားရောက်လိုသော ရန်ကုန်ခရီးသွား များအတွက် နိုင်ငံတကာခရီးစဉ်အသစ်တစ်ခုကို တိုးချဲ့လိုက်ပြီဖြစ်သည်။ ခရီးသွားများ၊ ထိုင်နန်အစိုးရအရာရှိ များ၊ ဗီယက်နမ်၏ ပို့ဆောင်ရေးဝန်ကြီး၊ Vietjet ၏ အုပ်ချုပ်မှုအဖွဲ့ဝင်များနှင့် အခြားသောကိုယ်စားပြုပုဂ္ဂိုလ်များ က ခရီးစဉ်သစ်တိုးချဲ့ခြင်းအထိမ်းအမှတ်အဖြစ် ဗီယက်နမ်၏ Tan Son Nhat နိုင်ငံတကာလေဆိပ်နှင့် ထိုင်နန် နိုင်ငံတကာလေဆိပ်တွင် ကြိုဆိုခဲ့ကြသည်။

ဟိုချီမင်း-ထိုင်နန်ခရီးစဉ်သည် ဟိုချီမင်းနှင့် ထိုင်ဝမ်နိုင်ငံကြား ဒုတိယတိုးချဲ့လိုက်သည့် စီးပွားရေးနှင့် ခရီးသွား လုပ်ငန်းဖြစ်သည်။ အစမ်းပျံသန်းသည့် လေယာဉ်တွင် စီးနင်းလိုက်ပါလာသော ခရီးသွားများသည် ထိုင်ဝမ်ရိုးရာ အကများနှင့် စိတ်ဝင်စားဖွယ်ရာ လက်ဆောင်များကို လေယာဉ်ပေါ်တွင်ရရှိခံစားခဲ့ကြသည်။ ယင်းခရီးစဉ်သစ်ကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနှင့် စနေနေ့တိုင်းတွင် ပျံသန်းမည်ဖြစ်ပြီး ပျံသန်းချိန် ၃ နာရီနှင့် ၁၅ မိနစ် ကြာမြင့်သည်။ ဟိုချီမင်းမှ (ဗီယက်နမ်စံတော်ချိန်) ၁၀း၄၅ နာရီတွင် ထွက်ခွာသော လေယာဉ်သည် ထိုင်နန်မြို့သို့ (ထိုင်ဝမ်စံတော်ချိန်) ၁၅း၀၀ နာရီတွင် ဆိုက်ရောက်သည်။ အပြန်လေယာဉ်သည် ထိုင်နန်မြို့မှ (ထိုင်ဝမ်စံတော်ချိန်) ၁၆း၀၀ နာရီတွင် ထွက်ခွာပြီး ဟိုချီမင်းသို့ (ဗီယက်နမ်စံတော်ချိန်) ၁၈း၁၅ နာရီတွင် ဆိုက်ရောက်မည်ဖြစ်သည်။

Vietjet ၏ ဒုတိယဥက္ကဌဖြစ်သူ Ms. Nguyen Thi Thuy Binh က “ဟိုချီမင်းနဲ့ အလွန်လှပပြီး ယဉ်ကျေးမှုတွေ သမိုင်းကြောင်းတွေ အများကြီးထွန်းကားတဲ့ ထိုင်နန်မြို့နဲ့ ဒီလိုတိုက်ရိုက်ပျံသန်းခရီးစဉ်ကို စတင်နိုင်တဲ့အတွက် အရမ်းပဲ ဝမ်းမြောက်မိပါတယ်၊ ဒီခရီးစဉ်ကြောင့် ထိုင်ဝမ်ကနေ ဗီယက်နမ်နဲ့ တခြားနိုင်ငံတွေဆီ သွားလာနေကြတဲ့ ထိုင်ဝမ်နိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ ရှိတဲ့ ခရီးသွားတွေနဲ့ စီးပွားရေးသမားတွေကို အကျိုးကျေးဇူးဖြစ်စေမှာပါ၊ ဇွန်လ ၁၈ ရက်တုန်းကလည်း Vietjet က ထိုင်ပေ-ဟိုချီိမင်း ပျံသန်းတဲ့ ခရီးစဉ်ကို တစ်ရက် ၂ ကြိမ်တိုးချဲ့ပျံသန်းခဲ့ပါတယ်၊ အခု တိုက်ရိုက်ပျံသန်းမှုကြောင့် ခရီးသွားလာနှုန်းဟာ ပိုပြီး မြင့်တက်လာမယ်လို့ ကျွန်မ ယုံကြည်ပါတယ်” ဟု ပြောသည်။

Vietjet မှ သူ၏ လေယာဉ်များကို အစဉ်တိုးတက်ခေတ်မီနေစေရန် လုပ်ဆောင်လျက်ရှိသည့်အပြင် ပြည်တွင်းနှင့် နိုင်ငံတကာ လေကြောင်းလိုင်းများကိုလည်း တိုးချဲ့ကာ ခရီးသွားအဖွဲ့များ၊ တစ်ဦးချင်းခရီးသွားများနှင့် စီးပွားရေးလုပ်ငန်း သမားများအတွက် လိုအပ်လျက်ရှိသည့် ခရီးသွားဝန်ဆောင်မှုကို မြှင့်တင်လျက်ရှိသည်။ အဆင်ပြေလွယ်ကူသော ပျံသန်းစဉ်အချိန်ဇယားများ၊ ဈေးနှုန်းသက်သာသော လက်မှတ်များနှင့် ကောင်းမွန်သော ဝန်ဆောင်မှုများကြောင့် ဤ ခရီးစဉ်သစ်သည် နိုင်ငံ ၂ ခုအကြားရှိ လူမှုဆက်သွယ်ရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု ဖလှယ်ခြင်းများကို ပိုမိုတိုးတက်စေမည် ဟု မျှော်မှန်းထားလျက်ရှိသည်။


Vietjet ၏ ဒုတိယဥက္ကဌဖြစ်သူ Ms Nguyen Thi Thuy Binh မှ ထိုင်နန်မြို့တော်ဝန် Mr William Lai သို့ အမှတ်တရလက်ဆောင်များပေးအပ်စဉ်

ထိုင်နန်မြို့တော်ဝန်၊ Vietjet ၏ ဒုတိယဥက္ကဌ နှင့် ထိုင်နန်လေဆိပ်မှ တာဝန်ရှိသူများ ခရီးစဉ်သစ် စတင်ခြင်းအထိမ်းအမှတ် ဖဲကြိုးဖြတ်နေစဉ်

ဟိုချီမင်းမှ ထိုင်နန်သို့ အစမ်းပျံသန်းသည့် ခရီးစဉ်တွင် ထိုင်ဝမ်ရိုးရာအကများဖြင့် ဖျော်ဖြေစဉ်

###

Vietjet အကြောင်း
Vietjet သည် သက်သာသည့်နှုန်းထားများ၊ ထူးခြားကောင်းမွန်သည့် ဝန်ဆောင်မှုများဖြင့် ခရီးသည်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိသည့် ခေတ်သစ် လေယာဉ်ပျံသန်းမှု အယူအဆများဖြင့် ပြေးဆွဲလျက်ရှိသော ဗီယက်နမ်နိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိက လေကြောင်းလိုင်းဖြစ်သည်။ Vietjet သည် ခရီးသွားများ အတွက် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများ သာမကဘဲ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ကိုလည်းနောက်ဆုံးပေါ် e-commerce နည်းပညာများ အသုံးပြု ၍ ဝန်ဆောင်ပေးလျှက်ရှိသည့် လုပ်ငန်း တစ်ခုဖြစ်သည်။ ၃နှစ်ကြာ လုပ်ငန်း လုပ်ကိုင်ပြီးနောက် Vietjet သည် အပြည်ပြည်ဆိုင်ရာ လေကြောင်း ပို့ဆောင်ရေး အဖွဲ့အစည်းမှ အသိအမှတ်ပြု လက်မှတ်ကို မကြာသေးခင်က ရရှိခဲ့သည်။ Vietjet သည် ၂၀၁၆ ခုနှစ်အတွင်း အာရှ၏ ထိပ်တန်း အမှတ်တံဆိပ် ၅၀၀ ထဲတွင်လည်း ပါဝင်ရွေးချယ်ခြင်း ခံခဲ့ရပြီး ခရီးသွားများ၊ ခရီးသွား အေဂျင်စီများနှင့် ခရီးသွား လုပ်ငန်း ဆောင်ရွက်နေသူများမှ ရွေးချယ်သော TTG Travel Award 2015 ၏ “Best Asian Low Cost Carrier” ဆုကိုရရှိခဲ့သည်။ လှုမှုကွန်ယက် စီမံခန့်ခွဲရေးနှင့် လှုမှုကွန်ယက် ပေါ်ရှိအမှတ်တံဆိပ်များ၏ အချက်အလက်များကို လေ့လာ ဆန်းစစ်လျက်ရှိသည့် Socialbakers ကုမ္ပဏီက Vietjet အား ကမ္ဘာ့တိုးတက်မှု အမြန်ဆုံး လေကြောင်းလိုင်း သုံးခုအနက်မှ တစ်ခုအဖြစ် သတ်မှတ်ခဲ့သည့်အပြင် ၂၀၁၅ ခုနှစ်အတွင်း ဗီယက်နမ်၏ လူကြိုက် အများဆုံး လေကြောင်းလိုင်းဆု ကိုလည်း ရရှိထားပြီ ဖြစ်သည်။
လက်ရှိတွင် Vietjet သည် A320 နှင့် A321 အပါအ၀င် လေယာဉ် ၄၀ စီးဖြင့် နေ့စဉ် ခရီးစဉ်အကြိမ်ရေ ၃၀၀ ပျံသန်းပြေးဆွဲလျက်ရှိသည်။ ဗီယက်နမ်နိုင်ငံ တစ်ဝှမ်းနှင့် အာရှ-ပစိဖိတ်ဒေသတွင်း ရှိထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်ဝမ်၊ ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံများသို့ ခရီးစဉ်လမ်းကြောင်း အခု ၅၃ ကျော်ဖြင့် ပျံသန်း ပြေးဆွဲလျက်ရှိသည်။ Vietjet သည် စတင် ပြေးဆွဲခဲ့သည့် လွန်ခဲ့သည့် သုံးနှစ်မှ စတင်၍ ခရီးသည်ပေါင်း ၂၅ သန်းခန့်ကို လိုရာခရီးသို့ ပို့ဆောင်ခဲ့ပြီးဖြစ်သည်။
ရှေ့ဆက်ပြီး Vietjet သည် ၄င်း၏ဒေသတွင်းကွန်ယက်ကို ဆက်လက်ချဲ့ထွင်သွားမည် ဖြစ်သည်။ အဆိုပါချဲ့ထွင်မည့်အစီအစဉ်အတွက် နောက်ဆုံးပေါ် ခေတ်မီလေယာဉ်သစ်များ ၀ယ်ယူရန် နာမည်ကျော် လေယာဉ် ထုတ်လုပ်သည့်ကုမ္ပဏီများနှင့် သဘောတူ လက်မှတ်များရေးထိုးထားပြီးဖြစ်သည်။

posted from Bloggeroid

No comments:

Post a Comment