"ကျေးရွာပိုင်မြေများသိမ်ယူကာရွာသားများကိုရိုက်နိပ်မှု့တရားစွဲခွင့်မပေးဘဲ
ဒေသခံတွေကိုမတရားပုဒ်မတပ်ကာတရားစွဲခြင်းကျေနပ်မှုမရှိလိုသတင်းစာရှင်ပွဲ
ပြုလုပ်ရသည်ဟုဆို
=====================================================
မန္တလေး ဇူလိုင် ၂၉
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ထုံးဘိုကျေးရွာပိုင်မြေ ဧက ၁၀၀ကို ဘယ်ဌာန
ဘယ်သူသိမ်းတယ်ဆိုတာ မသိရဘဲ ကျေးရွာပိုင်မြေကိုသိမ်ယူကာ ရွာသား ၅
ဦးအရိုက်ခံရပြီး တစ်ဦးသေဆုံးခဲ့သည့်အမှု့ ရွာသားများက တရားစွဲခွင့်မရဘဲ
ခရိုနီများနှင့် အုပ်ချုပ်ရေးတို့ပူပေါင်းကာ ထုံးဘိုကျေးရွာ ဒေသခံ ၁၄ ဦးကို အာမခံ
မရသည့် ပုဒ်များတပ်ကာ တရားစွဲခံရသဖြင့် ဒေသခံများ မန္တလေးမီဒီယာစင်တာ
တွင် လာရောက်သတင်းစာရှင်ပွဲလုပ်၍ပြောသည်။
"ကျွန်တော်တို့ ပြင်ဦးလွင်မြို့နယ် ထုံဘိုကျေးရွာ ကွင်းအမှတ်(၆၈၃/၇၅၉) ရှိ ဦးပိုင်
အမည်ပေါက် ယာမြေများ ဓါးမဦးချ စိုက်ပျိုးလုပ်ကိုင်ခဲ့သော ရွာပိုင် ထင်စိုက်ခင်း
နွာစားကျက်မြေများကို ၂၀၀၂ခုနှစ်က ကော်ဖီစီမံကိန်အကြောင်းပြကာရွာပိုင်
မြေဧရိယာ (၃၀၀)ဧကကို ဦးလှသန်း ရန်ကုန်ကဆိုသူက သိမ်းယူသွားတာ
ဘယ်ဌာန ဘယ်သူဆိုတာ ကျွန်တော်တို့မသိရပါဘူး သိမ်းယူပြီး စီမံကိန်း
အကောင်းအထည် မဖေါ်သည့်အတွက် တောထနေသော နေရာများကိုရွာသူ
ရွာသားများက တောခုတ်ခြင်း နွားစားကျက်လှန်ခြင်းတို့ကို ၂၀၁၄ ခုနှစ်ကလုပ်
ကိုင်နေစဉ် တောတော်တော်လေး ရှင်းပြီသည့်အချိန် ၂၅ .၅ .၂၀၁၄ ရက်နေတွင်
ဒေသခံ ၅ ဦးအား ဦးလှသန်း၏ တပည်များက တောရှင်နေသော တောင်သူ
၅ ယောက်ကို ညှိနိုင်းရန်ဟုဆိုကာ ၎င်းတို့ ခြံအတွင်းခေါ်သဖြင့်သွာရာ သွားသူ
တောင်သူ ၅ ဦးကို သူရဲ့တပည် ၉ ယောက်က သူတို့ပိုင်နက်အတွင်းရောက်တာ
နဲ့ ကြိုးတုတ်ပြီး ဝိုင်းရိုက်ခဲကြလို ၅ ယောက်လုံးပြင်ထန်ဒဏ်ရာများရရှိကာ
ပြင်ဦးလွင်ဆေးရုံ တက်ရောက်ကုသခဲရပါတယ် တစ်ဦးမှ ဆေးရုံကဆင်းလာပြီး
သေဆုံးသွားသည်အထိ ဖြစ်ပွားခဲပါတယ် အဲအချိန်က ဒေသခံ အရိုက်ခံရသူ
ကျွန်တော်တို့ကို လျှော်ကြေးတစ်ယောက်ကို ၃ သိန်းပေးပြီး ကျေအေးစေခဲကာ
ဒေသခံ ၁၄ ဦးကို အာမခံမရသည် ပုဒ်များတပ်ကာ တရားစွဲထားပါတယ် အဲဒီ
အချိန်ကစတင်ပြီး ကျွန်တော်တို့ဒေသခံက ၎င်းတို့သိမ်းယူထားသည်မြေနေရာ
ကိုမည်သူမှဖြက်သန်းသွားလာခြင်းမရှိပါဘဲ ၂၀၁၄ ကအမှုဟုဆိုကာ ပုဒ်မတွေ
အများကြီး တပ်ထားကာ ၂၇.၇.၂၀၁၆ နေထိ ပြင်ဦလွင်တရားရုံသို့ဆင့်ခေါ်နေ
ပါသဖြင့် အများပြည်သူနဲ့ သက်ဆိုင်ရာတာဝန်ရှိုများသိရှိစေရန် ယနေ့ သတင်း
ဆရာများကို စာနယ်ဇင်ရှင်ပွဲလုပ်၍ပြောရသည်ဟုဦးညွန့်ဆွေကပြောသည်။
အထက်ပါကိစ္စများနှင့်ပါက်သက်၍ ပိတ်ချင်းမြောင်းရဲစခန်းက ဒုရဲအုပ် ဇော်မျိုးဦး
မှ (ပ)၄၄/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၄/၅၀၆/၄၂၇အရအမှုမှစွပ်စွဲခံရသူ
၁၄ ဦးအား မြို့နယ် တရားရုံးတွင် တရားစွဲတင်နိုင်ရေးစေလွတ်ပေးရန် အကြောင်း
ကြားစာ ပထမအကြိပ် ဇူလိုင်လ ၂၀နေ့ ၂၀၁၆က၎င်းကဘဲ၂၂.၇.၂၀၁၆နေ့
မြို့နယ်တရားရုံသို့အရောက်လာရန်ခေါ်ယူကာ ၂၅.၇.၂၀၁၆ နေ့တွင် အမှုကို
အသွင်အမျိုးမျိုးတည်ဆောက်ကာ ပုဒ်မ(၅)ခုတပ်ကာ ပိတ်ချင်းမြောင်ရဲစခန်း၏
(ပ)၄၄/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄/၄၃၅/၄၄၀/၄၄၇/၅၀၆တို့အရ
အမှုမှစွပ်စွဲခံရသူများအား ၂၇ နေ့ကပြင်ဦးလွင်မြို့နယ်တရားရုံသို့ အာမခံရသည့်ပုဒ်မ(၅)ခုဖြင့်အမှုဖြင့်အမှုတည်ဆောက်ကာဥပဒေမဲစွာစွဲချက်
တင်နိုင်ရေး ၃ ကြိမ်တိတိဆင်ခေါ်သဖြင့် တောင်သူများတရားရုံတော်သို့သွားရာ
တရားစွဲမတင်ဘဲ တရားရုံအပေါက်တွင် အမှုမှစွပ်စွဲခံရသူများကို ဦးလှသန်းမှ
တစ်ဆင့်လွဲပြောင်းလုပ်ကိုင်သူ ဒေါ်မိမိလေး လုပ်ပိုင်ခွင့်ရခြံတွင်းသို မိမိတို့မှ
လုံးဝ လုပ်ကိုင်ခွင့်မပြုပါဘဲနှင့် နောက်နောက်ဝင်ရောက် လုပ်ကိုင်မှုမပြုပါဟု
ဆိုကာ ကျေးရွာ အုပ်ချုပ်ရေးမှူးဦးကျော်လင်းနှင့် ဒုရဲအုပ်ဇော်မျိုးဦးတို့မှဝန်ခံကတိ
ကို ဥပဒေမဲ့ အဓမ္မလက်မှတ်ထိုးစေခဲပါတယ်။
ကျွန်တော်ကျွန်မတို့ ဒေသခံတွေရဲ ကျေးရွာပိုင်စိုက်ခင်းကို မတရားသိမ်ပြီ
ဒေသခံတွေကို ပုဒ်မတွေတပ်ကာ ဆက်လက်တရားစွဲထားပါသဖြင့် သတင်းစာ
ရှင်လင်းပွဲပြုလုပ်ရကြောင်း ဒေသခံတောင်သူ တရာစွဲခံရသူများကပြောသည်။
အဆိုပါ ပြင်ဦးလွင်မြို့နယ် ဒေသခံတောင်သူများ၏ကျေးရွာပိုင်မြေနေရာ ဧက
၃၀၀ ကျော်အပေါ်တွင် မည်သည့်စီမံကိန်းမှ ယနေ့အချိန်ထိ အကောင်းအထည်
ဖော်ဆောင်ရွက်ခြင်းမရှိခြင်း ၎င်းမြေများအပေါ်တွင် အကွက်ရိုက်ရောင်းစာကာ
ဒေသနယ်မြေခံ ရဲတပ်ဖွဲနင့် အုပ်ချုပ်များပါဝင်ကာ ဒေသခံတွေကို ဖိနိပ်ကာ
၎င်းတို့ ရောင်းချသည့်မြေနေရာကိုကန့်ကွက်မည်ဆိုရင်ကာ အခုလို တရားစွဲ
ထားကြောင်း ဒေသခံ လူတစ်ဦးသေဆုံးခဲရသည့် ရိုက်မှု့အား တရားစွဲလိုမရ
အောင် လျှော်ကြေးများပေးကာပိတ်ထားကြောင်း တောင်သူဘက်ကနေ
လိုက်ပါကူညီဆောင်ရွက်ပေးသူ မန္တလေး တောင်သူလယ်သမားအလုပ်သမား
များကို ချတ်ဆက်ကူညီပေးရေးအဖွဲ့ က ဦးလင်းလင်းကပြောသည်။
စိုင်းထူးခန့်

posted from Bloggeroid
No comments:
Post a Comment