Vietjet ရဲ့အထူးလေယာဉ်လက်မှတ်ဈေးနှုန်းများဖြင့်
မိုးရာသီမှ ခေတ္တ ရှောင်ရှားနိုင်မည့် စိတ်လှုပ်ရှားစရာ ဟိုချီမင်းစီးတီး ခရီးစဉ်များအတွက် လက်မှတ်များ ဝယ်ယူနိုင်ပါပြီ
(ရန်ကုန်၊ ၂၀၁၆ ဇွန်လ ၃၀ ရက်) - အာရှ၏ နာမည်ကျော် စရိတ်နည်း လေကြောင်းလိုင်း ဖြစ်သည့် Vietjet သည် အထူးဈေးနှုန်းအစီအစဉ်များဖြင့် ရန်ကုန် - ဟိုချီမင်း ခရီးစဉ်အပါအဝင် နိုင်ငံတကာ ခရီးစဉ်များစွာအတွက် လက်မှတ်များ ရောင်းချလျက်ရှိရာ မြန်မာနိုင်ငံ၏ မိုးရာသီရှောင်လိုသူများအနေဖြင့် ဈေးသက်သာစွာ ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံမှ ခရီးသွားများသည် ပရိုမိုးရှင်း လက်မှတ်များဖြင့် ရန်ကုန်မှ သောကြာနေ့ နေ့လယ် ၁နာရီတွင် ထွက်ခွါပြီး တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် သက်တောင့် သက်သာ ပြန်လည်ရောက် ရှိမည်ဖြစ်သည်။
ဗီယက်နမ်၏ နာမည်ကျော် အစားအစာများ အရသာကို ခံစားရင်း ဈေးနှုန်း သက်သာပြီး အရည်အသွေးမှီ ဒေသခံ လူသုံးကုန် ပစ္စည်းများကို ၀ယ်ယူရင်း ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ များကို လေ့လာချင်သည့် မြန်မာခရီးသွားများ အတွက် ဟိုချီမင်းမြို့တော်သည်အသင့်တော်ဆုံ့း  နေရာ တစ်ခု လည်းဖြစ်သည်။ နှစ်ရက်တာ လည်ပတ် နိုင်မည့်ခရီးစဉ် အတွင်း မြို့တော် အလှအပကို လွယ်လွယ်ကူကူ ခံစားနိုင်ရန် ခရီးသွားများ မဖြစ်မနေ သွားရောက် လည်ပတ် သင့်သည့် အထင်ကရ နေရာ ၅နေရာ ကိုလည်း Vietjet မှ မိတ်ဆက်ပေး လိုပါသည်။
ရပ်ဝေးမှကမ်းခြေများသို့ ခရီးသွားလိုသူများ အတွက် အရှေ့တောင်အာရှတွင် လှပသောကမ်းရိုးတန်း ပိုင်ဆိုင်ထားသည် ဗီယက်နမ် ကမ်းခြေများသည် အသင့်တော်ဆုံးဖြစ်သည်။ ။ Vung Tau ကမ်းခြေသည် ဟိုချီမင်းမြို့တော်၏ အနီးအနားတွင် တည်ရှိပြီး လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်သည့် ဗီယက်နမ်နိုင်ငံ၏ အဝေးပြေး ကားလမ်းမများမှ တဆင့် အဆိုပါကမ်းခြေသို့ တစ်နာရီခန့် ကားမောင်း သွားရုံဖြင့် သွားရောက်လည်ပတ်နိုင်ပါသည်။ အဆိုပါ ကမ်းခြေသည် လှပသည့် ရေမြေ အနေအထားနှင့် ဖွံဖြိုးလာသည့် ခရီးသွား ဝန်ဆောင်မှုများကြောင့် ဗီယက်နမ်ရှိ အလှပဆုံး ကမ်းခြေများတွင် တစ်ခု အပါအဝင်လည်းဖြစ်သည်။ ဖြူဖွေးနေသည့် သဲပြင်၊ ပင်လယ် ရေပြာပြာနှင့် ကျောက်ဆောင်များ အဆုံးတွင် တောင်တန်းတွေ ကာရံထားသည့် အလှအပကို ခံစားနိုင်သည်။ ထိုနေရာတွင် နေပူစာလုံရုံ နှင့် ရေကူးခြင်း တွေသာမက မိသားစုနှင့်အတူ အသစ်တည်ဆောက်ထားသည့် Cloud Lake Resort Amusement ပန်းခြံနား သို့မဟုတ် St.George အနားတွင်လည်း တောင်တက်ခရီးသွားရောက် နိုင်ပါသေးသည်။
ထို့အပြင် စိတ်လှုပ်ရှားစရာ အတွေ့အကြုံများကို ရှာဖွေနေသည့် မြန်မာလူငယ်များအတွက် Cu Chi ဒေသရှိ ၇၅ မိုင် (၁၂၁ ကီလို) ရှည်လျားပြီး ဝင်္ကဘာသဖွယ်ဖြစ်နေသည့် လိုဏ်ခေါင်း များမှာ မဖြစ်မနေ သွားရောက်လည်ပတ်သင့်သည့် နေရာလည်းဖြစ်သည်။ ဗီယက်နမ်အစိုးရမှ ထိန်းသိမ်းစောင့်ရှောက်ထားပြီး ယခု စစ်အတွင်းက အမှတ်ရဖွယ် ပန်းခြံအဖြစ် ထားရှိထားသည့် အဆိုပါ လိုဏ်ခေါင်းများကို Ben Dinh နှင့် Ben Duoc ဟူ၍ ပြသထားသည်။ အဆိုပါ လိုဏ်ခေါင်းများမှာ
နိုင်ငံခြားသား ခရီးသွားများ အကြိုက်တွေ့သည့် နေရာများဖြစ်ပြီး လည်ပတ်သူများမှာ လိုဏ်ခေါင်းတလျှောက် တွားပြီး လည်ပတ်နိုင်သည်။ Cu Chi ဒေသရှိ လိုဏ်ခေါင်းများသည် Cu Chi ဒေသနှင့် ဟိုချီမင်းမြို့တော် (ဆိုင်ဂုံ) ကို ဆက်သွယ်
ဖောက်လုပ်ထားသည့် မြေအောက်လမ်းများဖြစ်သည်။ ဗီယက်နမ်နိုင်ငံ၏ နေရာအများအပြားကို ထိုကဲ့သို့ မြေအောက် လိုဏ်ခေါင်းများဖြင့် ချိတ်ဆက်ထားသည်။ ထို Cu Chi လိုဏ်ခေါင်းများသည် ဗီယက်နမ် စစ်ပွဲကာလအတွင်း များပြားစွာ
သော စစ်တပ်များ တပ်စွဲထားရာ နေရာလည်းဖြစ်သည်။
ထို့အပြင် အားလပ်ရက် ခရီးသွားစဉ်အတွင်း ရိုးရာဆေးပညာ၏ အကိျုးကျေးဇူးကို လေ့လာလိုသူများအတွက် သမိုင်းဝင် နေရာတစ်ခုကိုလည်း မိတ်ဆက်ပေးချင်ပါသည်။ FITO ပြတိုက်သည် ကျောက်ခေတ်က ဗီယက်နမ်ရိုးရာ ဆေးပညာတွေ အထိ စုဆောင်းထားသည့် ဆေးဝါး အမျိုးအစားပေါင်း ၃၀၀၀ ကျော်ပြသထားရာ နေရာလည်းဖြစ်သည်။ ထို့အပြင် ဗီယက်နမ်နိုင်ငံ၏ ရိုးရာ ဆေးပညာ သမိုင်းအကြောင်း ရိုက်ကူးထားသည့် documentary ဖြစ်သည့် “A Century of Health Care Experiences” ရုပ်ရှင်အပါအဝင် ဗီယက်နမ်၏ ဆေးပညာရပ်ဆိုင်ရာ စာအုပ်များ၊ စာရွက်စာတမ်းများကို ပါပြသထားသည်။
ရန်ကုန်မြို့၏ စွတ်စိုသည့် မိုးရာသီကို ရှောင်ရှားပြီး ခရီးထွက်လာသော်လည်း သူတို့အားလုံးက ရေနှင့်ပတ်သတ်တာ အားလုံး ကို လုံးဝရှောင်ရှားမယ်ဆိုတဲ့ အဓိပ္ပါယ်တော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဟိုချီမင်းမြို့တော်ရဲ့ အနီးအနားတွင် တည်ရှိပြီး ခေတ်မီ စက်ပစ္စည်းတွေနှင့် အနောက်တိုင်း ပုံစံပြင်ဆင်မွမ်းမံထားတဲ့ Dam Sen Water Park က အနီးအနားမှာ ရှိနေလို့ပါ။ စိမ်းလန်းပြီး အေးချမ်းတဲ့ အပြင်အဆင် ရူခင်းတွေနဲ့ ဖန်တီးထားတဲ့ အဆိုပါပန်းခြံက မြို့တော်ရဲ့ အထင်ကရနေရာမှာ တည်ရှိပြီး Dam Sen ပန်းခြံ၊ Dam Sen ပလာဇာ၊ Dam Sen အားကစားရုံ တွေရဲ့ အနီးအနားမှာ တည်ရှိပါတယ်။
တစ်နေ့ကုန် လျှောက်လည်ပြီးနောက်တွင် မြို့လယ်ရှိ လမ်းများ၌ တင်ဆက်နေသည့် အမျိုးမျိုးသော ဖျော်ဖြေရေး အစီအစဉ်တွေ ကိုလည်း ခံစားနိုင်ပါသေးသည်။ အစားကောင်းကို ကြိုက်နှစ်သက်သူများ အတွက် ဗီယက်နမ်လမ်းမပေါ်မှ ဆိုင်တွေကိုလည်း လမ်းညွှန် ပေးချင်ပါသည်။ Lucky Plaza (Burberry၊ La Coste သို့မဟုတ် Ralph Lauren ကဲ့သို့သော နာမည်ကျော် အမှတ်တံဆိပ်များ တင်ပို့ရောင်းချနေသည့်) မှာ ဈေးဝယ်ထွက်ချင်သူများနှင့် လမ်းလျှောက်ထွက်ချင်သူ များအတွက် အသင့်တော် ဆုံးနေရာတစ်ခုလည်း ဖြစ်သည်။ အဆိုပါ အနီးအဝိုက်သည် နေ့အချိန်နှင့် ညအချိန်များပါ ကျင်းပသည့် ရေပေါ်ပြကွက်များကြောင့် ပြည်တွင်း နှင့် ပြည်ပ ခရီးသွားများ အနားယူ အပန်းဖြေရန် လာရောက်သည့် ထင်ရှားသော နေရာလည်း ဖြစ်သည်။
ထူးခြားသည်မှာ မြန်မာနိုင်ငံသားများအနေဖြင့် ၁၄ ရက်တာဗီဇာမလိုပဲ ဗီယက်နမ်နိုင်ငံသို့သွားရောက်လည်ပတ်နိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံမှ လက်မှတ် ဝယ်ယူလိုသူများအနေဖြင့် hot line နံပါတ် ၀၉ ၇၈၉၃၂၃၈၂၈ ဆက်သွယ်၍သော်လည်းကောင်း အမှတ် ၂၅၊ ဓမ္မစေတီလမ်၊ ယုဇန Business တာဝါ ပထမထပ်ရှိ AVIAREPS MYANMAR ခရီးသွား အေဂျင်စီ ဖုန်းနံပါတ် ၀၁- ၅၃၉၄၈၄၊ Fax ၀၁- ၅၃၉၄၈၄ သို့ ဆက်သွယ်ဝယ်ယူနိုင်သည်။ နေပြည်တော်နှင့် မန္တလေး၊ ရန်ကုန်ရှိ ၁၀၀ ကျော်သော ခရီးသွား အေဂျင်စီများမှတဆင့်လည်း ဝယ်ယူနိုင်မည်ဖြစ်သည်။
Vietjet လေကြောင်းလိုင်းသည် အပတ်စဉ် တနလာင်္၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေ နှင့် တနင်္ဂနွေများတွင် ရန်ကုန်မှ ဟိုချီမင်းမြို့သို့ တပတ်လျှင် ငါးကြိမ်ပျံသန်းနေသည်။ လေယာဉ်လက်မှတ်များကို www.vietjetair.com နှင့် စမတ်ဖုန်းများဖြင့် ဝယ်ယူပါက https://m.vietjetair.com သို့မဟုတ် www.facebook.com/vietjetmyanmar (Booking ဆိုသည့် ခလုတ်ကို နှိပ်ပြီး) တို့တွင် မှာယူနိုင်ပါသည်။ ငွေပေးချေမှုများကို Visa, MasterCard, JCB နှင့် American Express စသည့် မည်သည့်ကတ်ဖြင့်မဆို လွယ်ကူစွာ အသုံးပြုနိုင်သည်။
###
Vietjet အကြောင်း
Vietjet သည် သက်သာသည့်နှုန်းထားများ၊ ထူးခြားကောင်းမွန်သည့် ဝန်ဆောင်မှုများဖြင့် ခရီးသည်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိသည့် ခေတ်သစ် လေယာဉ်ပျံသန်းမှု အယူအဆများဖြင့် ပြေးဆွဲလျက်ရှိသော ဗီယက်နမ်နိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိက လေကြောင်းလိုင်းဖြစ်သည်။ Vietjet သည် ခရီးသွားများ အတွက် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများ သာမကဘဲ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ကိုလည်းနောက်ဆုံးပေါ် e-commerce နည်းပညာများ အသုံးပြု ၍ ဝန်ဆောင်ပေးလျှက်ရှိသည့် လုပ်ငန်း တစ်ခုဖြစ်သည်။ ၃နှစ်ကြာ လုပ်ငန်း လုပ်ကိုင်ပြီးနောက် Vietjet သည် အပြည်ပြည်ဆိုင်ရာ လေကြောင်း ပို့ဆောင်ရေး အဖွဲ့အစည်းမှ အသိအမှတ်ပြု လက်မှတ်ကို မကြာသေးခင်က ရရှိခဲ့သည်။ Vietjet သည် ခရီးသွားများ၊ ခရီးသွား အေဂျင်စီများနှင့် ခရီးသွား လုပ်ငန်း ဆောင်ရွက်နေသူများမှ ရွေးချယ်သော TTG Travel Award 2015 ၏ “Best Asian Low Cost Carrier” ဆုကိုရရှိခဲ့သည်။ လှုမှုကွန်ယက် စီမံခန့်ခွဲရေးနှင့် လှုမှုကွန်ယက် ပေါ်ရှိအမှတ်တံဆိပ်များ၏ အချက်အလက်များကို လေ့လာ ဆန်းစစ်လျက်ရှိသည့် Socialbakers ကုမ္ပဏီက Vietjet အား ကမ္ဘာ့တိုးတက်မှု အမြန်ဆုံး လေကြောင်းလိုင်း သုံးခုအနက်မှ တစ်ခုအဖြစ် သတ်မှတ်ခဲ့သည့်အပြင် ၂၀၁၅ ခုနှစ်အတွင်း ဗီယက်နမ်၏ လူကြိုက အများဆုံး လေကြောင်းလိုင်းဆု ကိုလည်း ရရှိထားပြီ ဖြစ်သည်။
လက်ရှိတွင် Vietjet သည် A320 နှင့် A321 အပါအ၀င် လေယာဉ် ၄၀ စီးဖြင့် နေ့စဉ် ခရီးစဉ်အကြိမ်ရေ ၃၀၀ ပျံသန်းပြေးဆွဲလျက်ရှိသည်။ ဗီယက်နမ်နိုင်ငံ တစ်ဝှမ်းနှင့် အာရှ-ပစိဖိတ်ဒေသတွင်း ရှိထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်ဝမ်၊ ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံများသို့ ခရီးစဉ်လမ်းကြောင်း အခု ၅၃ ကျော်ဖြင့် ပျံသန်း ပြေးဆွဲလျက်ရှိသည်။ Vietjet သည် စတင် ပြေးဆွဲခဲ့သည့် လွန်ခဲ့သည့် သုံးနှစ်မှ စတင်၍ ခရီးသည်ပေါင်း ၂၅ သန်းခန့်ကို လိုရာခရီးသို့

ပို့ဆောင်ခဲ့ပြီးဖြစ်သည်။
ရှေ့ဆက်ပြီး Vietjet သည် ၄င်း၏ဒေသတွင်းကွန်ယက်ကို ဆက်လက်ချဲ့ထွင်သွားမည် ဖြစ်သည်။ အဆိုပါချဲ့ထွင်မည့်အစီအစဉ်အတွက် နောက်ဆုံးပေါ် ခေတ်မီလေယာဉ်သစ်များ ၀ယ်ယူရန် နာမည်ကျော် လေယာဉ် ထုတ်လုပ်သည့်ကုမ္ပဏီများနှင့် သဘောတူ လက်မှတ်များရေးထိုးထားပြီးဖြစ်သည်။

posted from Bloggeroid
No comments:
Post a Comment