Friday, July 22, 2016

ဆေးတစ်လုံးရွာကကော်ဖီစိုက်ခင်းပြသာနာ

"ကော်ဖီစိုက်ခင်းအကြောင်းပြကာသိမ်းယူထားသည့်ကုမ္ပံဏီ ၁၃ခုကိုဒေသခံ
တောင်သူများကျေနပ်မှု့မရှိသဖြင့်ထွန်တုံးတိုက်ပွဲလုပ်ကာ ဆန္ဒပြမည်ဟုဆို"

မန္တလေး ဇူလိုင် ၂၀
မန္တလေး ချမ်းအေးသာစံမြို့နယ် ၃၃လမ်း၃၄လမ်းကြား ၇၃လမ်း ၇၂ကြားရှိ
မန္တလေးမီဒီယာစင်တာတွင် ပြင်ဦးလွင်မြို့ ဆေးတလုံးစံပြကျေးရွာကဒေသခံ
တောင်သူများထံက နစ်နာကြေးလျှော်ကြေးမပေးဘဲ ကော်ဖီစိုက်ခင်ဘန်းပြ
ကာ သိမ်းယူထားသည့် မြေယာများကို ရောင်းစားနေပါသဖြင့် မြေသိမ်းထား
သော ကုမ္ပံဏီ ၁၃ ခုအားထွန်တုံးတိုက်ပွဲလုပ်ကာဆန္ဒပြသွားမည်ဟုသတင်း
စာရှင်းပွဲလုပ်၍ပြောသည်။

"ကျွန်တော်တို့ ဆေးတစ်လုံးကျေးရွာ ဒေသခံတောင်သူတွေ လုပ်ကိုင်စားနေ
သောမြေ ဧကပေါင်း ၁၂၀၄ ဧကကို ကော်ဖီစိုက်ခင်းစီမံကိန်အကောင်အထည်ဖော်ရန်ဆိုကာ ၁၉၉၉ ခုနှစ်က သိမ်း
ယူသွားပြီး ရှေ့ပိုင်တွင် ၁၀ ဧက ခန့် ဘန်းပြကာ ကော်ဖီစိုက်ပျိုးကာ နောက်ပိုင်
အကွက်များကို ကုမ္ပံဏီများက အကွက်ရိုက်ရောင်းစားခြင်း ဒေသခံတောင်သူ
တွေရဲ့ ရပ်ရွာ ဖွင့်ဖြိုးရေး ဘာတစ်ခုမှ ဆောင်ရွက်ပေးခြင်းမရှိဘဲ မိမိတို့ ကိုယ်
ကျိုးစီးပွားအတွက် လုပ်ဆောင်နေသောကြောင့် ဒေသခံ တောင်သူအင်အား
၁၀၀၀ဖြင့် တရားဝင်ခွင့်ပြုမိန်တင်ကာ မြေယာပေါ်ထွန်ယက်ခြင်းနှင့် ပြင်ဦးလွင်မြို့ပေါ်တက်၍ဆန္ဒဖော်ထုတ်သွားမည်ဟုဒေသခံတောင်သူကိုဇော်ထွေးကပြောသည်။

"ကျွန်တော်တောင်သူတွေရဲ မြေတွေကိုဥပဒေမဲ့သိမ်းယူပြီး ကိုယ်ကျိုးစီးပွား
ရေးအတွက်လုပ်နေသောကုမ္ပံဏီများကို အရေးယူပေးရန် ဌာနဆိုင်ရာတွေကို
အကြိမ်ကြိမ်တိုင်ကြားခဲ့သော်လည်း အရေးယူဆောင်ရွက်ခြင်းမရှိခဲ့ပါဘူး
ကျွန်တော်တို့ ဒေသခံတောင်သူတွေကို အရင်အစိုးရလက်ထက်က မြေနေရာ
အစားပေးမယ်လိုပြောပြီးမပေးခဲ့ပါဘူး အခုဆို ကုမ္ပံဏီ မစိုက်မပျိုးဘဲထားလို
ကျွန်တော်တို့က လုပ်စားခွင့်တောင်းတာမပေးဘဲ ကုမ္ပံဏီတွေက အကွက်
ရိုက်ရောင်းစားခြင်း ကော်ဖီစိုက်ခင်းများ၏နောက်များတွင် ပရဟိတဘန်းပြ
ကာ ဘာတွေလုပ်နေမှန်းမသိရအောင် ဒေသခံတွေ ဖြက်သန်းသွားလာခွင့်
မပြုထားတာတွေ အဲဒအတွေကြောင့် ကျွန်တော်တို့တစ်ရွာလုံး ဆန္ဒဖော်ထုတ်
ရန်အတွက် ရှင်းလင်းပွဲလုပ်ရကြောင်းဒေသခံတောင်သူ ဦးလှသောင်းကပြော
သည်။

ကော်ဖီစိုက်ခင်းစီမံကိန်အဖြစ်သိမ်းဆည်သွားသည့် မြေဧကပေါင်း ၁၂၀၄ ဧက
အနက် ရှေ့ပိုင် ၁၀ ဧကခန့်သာ ကော်ဖီစိုက်ပျိုးထားပြီး နောက်ပိုင်ကို စိုက်ပျိုးခြင်းမရှိဘဲ အစိုးသစ်လက်ထက်အရောက်တွင် အကွက်ရိုက်ရောင်းချ
နေခြင်းများကြောင့် ဒေသခံတောင်သူများအနေဖြင့် ပိုလျှံမြေများကို စိုက်ပျိုးခွင့်
ရရန်တောင်ခံခဲ့သော်လည်း ထူခြားမှု့မရှိလို ဆန္ဒဖော်ထုတ်ရန်အတွက် ယနေ့
စာနယ်ဇင်းရှင်လင်းပွဲလုပ်ရကြောင်းသိရသည်။
စိုင်းထူးခန့် 


posted from Bloggeroid

No comments:

Post a Comment