တူရကီအာဏာသိမ်းရန် ကြိုးပမ်းမှုနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်
=====================================
တူရကီတပ်မတော်အတွင်းရှိ အုပ်စုတစုမှ တူရကီနိုင်ငံ၏ မြို့အချို့တွင် ဇူလိုင် ၁၅ ရက်က အာဏာသိမ်းရန် ကြိုးပမ်းခဲ့ခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီး H.E.Murat Yavuz Ates က ဇူလိုင် ၂၃ ရက်တွင် မရမ်းကုန်းမြို့နယ်ရှိ တူရကီသံရုံး၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
ဇူလိုင် ၁၅ ရက် ညနေပိုင်းတွင် တူရကီတပ်မတော်အတွင်းရှိ အုပ်စုတစုမှ တူရကီနိုင်ငံ၏ မြို့အချို့တွင် အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်ပွားခဲ့ကြောင်း၊ သို့ရာတွင် တူရကီလက်နက်ကိုင်တပ်မတော်၏ အရာရှိများနှင့် အဖွဲ့ဝင်အများစုတို့က အာဏာသိမ်းရန် ကြိုးပမ်းမှုကို ဆန့်ကျင်ခဲ့ကြောင်း၊ လက်နက်ကိုင်တပ်မတော်၏ အလွန်သေးငယ်သော အစိတ်အပိုင်း အချို့ကသာ သွေးထွက်သံယိုဖြစ်ရပ်တွင် ပူးပေါင်းပါဝင်ခဲ့ကြကြောင်း၊ အာဏာသိမ်းရန် ကြိုးပမ်းမှုများ အထမမြောက်စေရန် တူရကီတနိုင်ငံလုံးရှိ ရဲတပ်ဖွဲ့နှင့် ပြည်သူများက စည်းရုံးညီညွတ်စွာ လမ်းမပေါ်ထွက်၍ အံတုတော်လှန်ခဲ့ကြကြောင်း တူရကီသံအမတ်ကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“အကြမ်းဖက်သမားတွေက နိုင်ငံပိုင်ရုပ်သံလိုင်းတွေ၊ ပုဂ္ဂလိကမီဒီယာတွေကို သိမ်းပိုက်ပြီး သူတို့တွေရဲ့သတင်းတွေကို ထုတ်လွှင့်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အာဏာသိမ်းဖို့ ကြံစည်သူတွေက သတင်းမီဒီယာတွေကို ကြာရှည်စွာ မထိန်းချုပ်နိုင်ခဲ့ဘူး။ တူရကီမီဒီယာတွေက အာဏာသိမ်းရန် ကြိုးပမ်းမှုတွေကို အံတုတော်လှန်တဲ့နေရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ကြတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါ အာဏာသိမ်းရန်ကြိုးပမ်းမှုကြောင့် တူရကီနိုင်ငံသား ၂၀၀ ကျော်သေဆုံးခဲ့ပြီး ၁၄၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဇူလိုင် ၁၆ ရက်တွင် ပါလီမန် အထူးအစည်းအဝေးတရပ် အရေးပေါ်ကျင်းပခဲ့ပြီးနောက် ဒီမိုကရေစီနှင့် ပတ်သက်၍ ပူးတွဲကြေညာစာတမ်းတခုထုတ်ပြန်ခဲ့ကြောင်း၊ အကြမ်းဖက်သမားများကို ဖမ်းဆီး လျက်ရှိပြီး ဥပဒေအရ ထိရောက်စွာ အပြစ်ပေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း တူရကီသံမတ်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် ၂၀၁၆ ခုနှစ် ဇူလိုင် ၂၁ ရက်တွက် တူရကီနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥရောပကွန်ဗင်းရှင်းရဲ့ လူ့အခွင့်အရေးဆိုင်ရာ
ပြဋ္ဌာန်းချက်များအရ တနိုင်ငံလုံးအား အရေးပေါ်

အခြေအနေ
ကြေညာထားကြောင်း တူရကီသံအမတ်ကြီးက ပြောကြားသည်။
နောင်လေး

posted from Bloggeroid
No comments:
Post a Comment