Sunday, July 31, 2016

ပြင်ဦးလွင် ဇီးပင်ကြီး မြေကိစ္စထူးခြားမှု့မရှိသေ

"ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးကျေးရွာကနိုင်ငံတော်စီမံကိန်အရ ကျောင်းကြီး(၃)
ကျောင်းကသိမ်းယူထားသည့်ပိုလျှံမြေများယနေ့အချိန်အထိမထူးခြားသဖြင့်
တစ်လကျော်ပါက ဒုတိယအကြိမ်ဆန္ဒဖော်ထုတ်သွားမည်ဟုဆို"
=====================================================
ပြင်ဦးလွင် သြဂုတ် ၁

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးကျေးရွာ ဒေသခံတောင်သူများလုပ်ကိုင်
စားသောက်နေသော မြေဧကပေါင်း ၃၀၀၀ကို နိုင်ငံတော်စီမံကိန်အဖြင့်သိမ်းယူ
ကာ ဗဟိုမီသတ်သင်တန်ကျောင်း ဦးစီးအရာရှိသင်တန်းကျောင်း ရဲအရာရှိသင်
တန်းကျောင်းကြီးတည်ဆောက်ခဲရာ မြေ ဧက ၉၀၀ သာအသုံးပြုခဲပြီး ကျန်မြေ
ဧက ၂၀၀၀ ကျော်ဟာ ပိုလျှံမြေအဖြစ်ကျန်ရှိနေပါသဖြင့် ယခင်အစိုးရလက်ထက်
ကနေ့ လက်ရှိအစိုးရသစ်အထိ ပြန်စွန်ပေးရန်တောင်းခံခဲသော်လည်း ပြန်စွန့်ကြဲ
ပေးမည်ဟု မြေတိုင်တာရန်ဟုသတင်းရရှိတိုင် ကျေးရွာ အုပ်ချုပ်ရေးရုံသို့သွားရောက်ခဲရာ အကြောင်းတစ်စုံတစ်ရာထူးခြားမှု့မရှိကြောင်း
ဒေသခံမူလဓါးမဦးချတောင်သူများကပြောသည်။

"ကျွန်တော်တို့ ဇီးပင်ကြီးကျေးရွာ ဒေသခံတောင်သူများက ကျောင်းကြီး ၃ ကျောင်း
ကသိမ်းယူသွားသောမြေများအနက် ပိုလျှံမြေများ ပြန်လှည်စွန့်ကျဲပေးရန်အတွက်
ဇူလိုင်လ ၁ နေ့က ပြင်ဦးလွင်မြို့ပေါ်တက်၍ လမ်းလျှောက်ကာတောင်းဆိုချက်
များဖြင့်ဆန္ဒဖော်ထုတ်ခဲပါတယ် ယနေ့အချိန်ထိ ပြန်စွန့်ပေးမည်ဟုသတင်းရရှိ
ထား သဖြင့် ကျေးရွာအုပ်ချုပ်ရေးရုံကိုသွားတော့ ဘာအတွက်တိုင်တာမယ်လို
တော့ အုပ်ချုပ်ရေးမှူးကမသိရကြောင်း မြေတိုင်မယ်လိုတော့ သစ်တောကအရာ
ရှိတွေ မနေက သူထံလာသွားကြောင်းဘဲသိရတယ် တစ်လပြည်တော့မှအဖြူ
အမဲမသဲကွဲဘူးဆိုရင်ထက်မံဆန္ဒဖော်ထုတ်သွားဖို့ရှိကြောင်းမြေသိမ်းခံတောင်
သူများကပြောသည်။

ဇီးပင်ကြီးကျေးရွာဒေသခံတောင်သူများမှ နစ်နာကြေးလျော်ကြေးမရရှိဘဲအသိမ်း
ခံခဲရတာဖြစ်ကြောင်း ၎င်းလက်ဝယ်၌ လယ်ယာမြေပိုင်ဆိုင်ခွင့် ပုံစံ (၇)ကိုင်ထား
သူများရှိခြင်း သီနှံခွန် မြေခွန်ပြေစာများလက်ဝယ်ရှိကြောင်း ၎င်းတို့ကထုတ်ပြ၍
သိရသည်။

ကျွန်မတို့ရွာလေးက ယခင်က အလွန်အေးချမ်းသာယာသောရွာကလေးပါ
ကိုယ်တောင်ယာအလုပ်ကို စိုက်ပျိုးလုပ်ကိုင်ကြသူတွေဖြစ်ပါတယ် ဒီကျောင်း
ကြီး သုံးကျောင်းရောက်လာတော့ ဒီနယ်တစ်ခုလုံ ကိုလိုနီခေတ်ရောက်သွားသ
လိုခံစားရတာ ယနေ့အချိန်ထိပါ ကိုယ်တောင်လည်မလုပ်ရ ဓါးမဦးချတောင်သူ
တွေ အားလုံးဒုက္ခရောက်ပါတယ် မီးသတ် ရဲ ဌာန ဦးစီးမှူတို့က တောင်သူအလုပ်
မလုပ်ပါဘဲနဲ့ အဓမ္မအနိုင်ကျင့်ပြီး ပိုလျှံမြေတွေကို ယူကာ တစ်ခြားဒေသကလူ
တွေကို သီးစားချထားတယ် လွတ်တဲ့နေရာတွေမှ ဒေသခံတောင်သူတွေကစိုက်
ပျိုးထားရင် သူတို့က ခူးယူပြီးစားနေတာ နောက်ဆုံး နွားစာလေးပြန်ရရဆိုပြီး
ထွန်ယက်စိုက်ပျိုးနေရတာ ယနေ့ တောင်သူမြေတွေ တိုင်ပြီ ပြန်ပေးမယ်ကြားလို
ကျေးရွာအုပ်ချုပ်ရေးမှူးထံလာခဲတာပါ အရင်အုပ်ချုပ်မှူးဆိုမမေးရဲဘူး ဒီအုပ်ချုပ်ရေး
မှူးအသစ်က ကိုယ်ရွာကဖြစ်တယ် ကျေးရွာကဒေသခံတွေကို လူလိုဆက်ဆံ
တယ် သူကိုမေးကြည့်တော့ သစ်တော့ဘက်က လာတိုင်မယ်ပြောတယ်
သစ်တောနဲ့ကျွန်မတို့မြေတွေက ရှေးယခင်ထဲ့က လုံးဝမသက်ဆိုင်ပါဘူး
သစ်တော့မြေလဲ လုံးဝသိမ်းထားသည့်မြေမပါဘူး အစိုးရတစ်ခုရဲ နိုင်ငံတော်
စီမံကိန်အဖြစ် သစ်တော့နေရာကို လုပ်မယ်ဆိုရင်တောင် သစ်တော့ကစွန့်လွတ်
ထားမှ စီမံကိန် စီမံချက်ဆိုတာလုပ်ရတာ အခု ဒေသခံတောင်သူတွေဓါးမဦးချ
လုပ်ကိုင်စားသည့်မြေနေရာ ပိုလျှံမြေစွန့်ပေးမယ်လို အစိုးသစ်ကသတင်းပြန်
ကြားထားတာသိလို သစ်တော့က လူလယ်လုပ်ဖို့လာတယ်လို့ထင်တယ်
ကျွန်မတို့ ဒေသခံတောင်သူတွေကလည်း လယ်ယာမြေဥပဒေစာအုပ်တွေကိုင်
ထားကြတာ ဖက်ရပါများလို အလွတ်ရနေပါပြီးဟုဒေသခံတောင်သူအဒေါ်ကြီး
ကပြောသည်။

ပြင်ဦးလွင်မြို့နယ်ဇီပင်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူးမှ
ကျွန်တော်အနေနဲ့ တက်နိုင်သလောက် ကိုယ်ဒေသ ကိုယ်ကျေးရွာသားတွေ
ခံစားနေရသည့်ဒုက္ခတွေကို အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပေးဖို့ ဒီနေရာ
ကိုအရွေးခံခဲ့တာပါ မြေတိုင်မယ်လိုတော့ သစ်တော့က လူတွေနဲ့ မြေစာရင်းက
လူတွေ ကျွန်တော်ရုံကိုမနေ့က လာရောက်သတင်းပို့လို သိရပါတယ် ဘယ်နေ
ရာဆိုတာ မသိရပါဘူး ကျောင်း ၃ ကျောင်းအတွက် ဟုတ်မလုတ်မသိရပါဘူး
ကျောင်း ၃ ကျောင်းက ပိုလျှံမြေအတွက် တိုင်ထွာမယ်ဆို ရွာက ရပ်မိရပ်ဖ
တောင်သူတွေကို အသိပေးမှပါ အခုဟာ ဘာအတွက်ဆိုတာကျွန်တော်ကိုယ်
တိုင်မသိရသဖြင့် တောင်သူတွေကိုချမပြသေတာပါ ယနေ့ လာမယ်လိုသာသိရ
တာ အခုအချိန်ထိ ဘယ်သူတစ်ဦးတစ်ယောက်မှ မလာပါဘူး ဟုဇီးပင်ကြီးကျေး
ရွာအုပ်ချုပ်ရေးမှူး ဦးမင်းနိုင်ဦးကပြောသည်။
စိုင်းထူးခန့် 


posted from Bloggeroid

No comments:

Post a Comment