Wednesday, July 27, 2016

လေယာဉ်ကြော်ငြာသတင်း

ရန်ကုန်အပါအဝင် အရှေ့တောင်အာရှ ခရီးစဉ်များအတွက်
Vietjet မှ အထူးဈေးနှုန်းများဖြင့် ရောင်းချမည်

(ရန်ကုန်၊ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၆ ရက်) – မြန်မာပြည်ရှိ ခရီးသွားများနှင့် ပြည်ပသို့ ဈေးဝယ်ထွက်သူများ၏ တောင်းဆိုမှုကြောင့် Vietjet မှ (၀)ကျပ်မှစတင်မည့် လေယာဉ်လက်မှတ်ပေါင်း ၁ သိန်းကို အရှေ့တောင်အာရှနိုင်ငံများမှ လည်ပတ်ရန်ကောင်းသည့် မြို့များဖြစ်ကြသော ရန်ကုန်၊ စင်ကာပူ၊ ဘန်ကောက်နှင့် ကွာလာလမ်ပူခရီးစဉ်များအတွက် ရောင်းချပေးတော့မည်ဖြစ်သည်။ “Vietjet နဲ့ ပျံသန်းစို့” အစီအစဉ်အရ ယခုအထူးလျှော့ဈေးလက်မှတ်များကို ဇူလိုင်လ ၂၇ မှ ဇူလိုင်လ ၂၉ ရက်အတွင်း ဝယ်ယူနိုင်ပြီး ခရီးသွားရက်မှာ ၂၀၁၆ ခုနှစ်၏ သြဂုတ်လ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ (အစိုးရရုံးပိတ်ရက်များမပါဝင်ဘဲ) ဖြစ်သည်။

လက်မှတ်များကို နံနက် ၁၁ နာရီခွဲမှ နေ့လည် ၁နာရီခွဲအတွင်း www.vietjetair.com (စမတ်ဖုန်းများအတွက် https://m.vietjetair.com) တွင် သို့မဟုတ် www.facebook.com/vietjetmyanmar မှ (“Booking” tab ကို နှိပ်ရုံဖြင့်). ဝယ်ယူနိုင်သည်။ ငွေပေးချေမှုများကို Visa, MasterCard, JCB နှင့် American Express ကတ်များဖြင့် ပေးချေနိုင်သည်။


သြဂုတ်လသည် စင်ကာပူ၊ ထိုင်းနှင့် မလေးရှားတို့တွင် လျှော့ဈေးပွဲတော်များဖြင့် စည်ကားသော ဈေးဝယ်ချိန်ဖြစ်ပြီး ဈေးတန်သော ကုန်ပစ္စည်းများဝယ်ယူလိုသူ ခရီးသွားများနှင့် ဈေးဝယ်ဝါသနာပါသူများအတွက် သွားရောက်လည်ပတ်သင့် သောအချိန်အခါလည်းဖြစ်သည်။

Vietjet မှ သူ၏ လေယာဉ်များကို အစဉ်တိုးတက်ခေတ်မီနေစေရန် လုပ်ဆောင်လျက်ရှိသည့်အပြင် ပြည်တွင်းနှင့် နိုင်ငံတကာ လေကြောင်းလိုင်းများကိုလည်း တိုးချဲ့ကာ ခရီးသွားအဖွဲ့များ၊ တစ်ဦးချင်းခရီးသွားများနှင့် စီးပွားရေးလုပ်ငန်း သမားများအတွက် လိုအပ်လျက်ရှိသည့် ခရီးသွားဝန်ဆောင်မှုကို မြှင့်တင်လျက်ရှိသည်။ Vietjet ၏ အဆင့်မြင့် ဝန်ဆောင်မှုများ၊ ဈေးနှုန်းသက်သာသော လက်မှတ်များနှင့် ခုံနေရာအဆင့်အမျိုးမျိုးရွေးချယ်စရာများတို့ကြောင့် လိုက်ပါ စီးနင်းသူ ခရီးသွားများအတွက် သက်တောင့်သက်သာရှိသော ပျံသန်းချိန်များကို ပေးစွမ်းနိုင်ပြီး လေယာဉ်မောင်မယ်များ၏ ယဉ်ကျေးဖော်ရွေမှုများ၊ ဇိမ်ကျသောထိုင်ခုံနေရာများ၊ အရသာကောင်းမွန်သော စားသောက်ဖွယ်ရာများအပြင် ပျံသန်းစဉ် အတွင်း လုပ်ဆောင်ပေးသည့် အထူးလက်ဆောင်ကဏ္ဍများကိုလည်းထည့်သွင်းထားသည်။


Vietjet ၏ Airbus လေယာဉ်အသစ်များ


ခရီးသွားတစ်ဦးမှ Vietjet ကောင်တာတွင် ခရီးသွားလက်မှတ်ပြနေပုံ

###
Vietjet အကြောင်း
Vietjet သည် သက်သာသည့်နှုန်းထားများ၊ ထူးခြားကောင်းမွန်သည့် ဝန်ဆောင်မှုများဖြင့် ခရီးသည်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိသည့် ခေတ်သစ်လေယာဉ်ပျံသန်းမှုအယူအဆများဖြင့် ပြေးဆွဲလျက်ရှိသောဗီယက်နမ်နိုင်ငံ၏ ပထမဆုံးပုဂ္ဂလိကလေကြောင်းလိုင်းဖြစ်သည်။ Vietjet သည် ခရီးသွားများအတွက် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများသာမကဘဲ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကိုလည်းနောက်ဆုံးပေါ် e-commerce နည်းပညာများအသုံးပြု ၍ ဝန်ဆောင်ပေးလျှက်ရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ ၃နှစ်ကြာ လုပ်ငန်းလုပ်ကိုင်ပြီးနောက် Vietjet သည် အပြည်ပြည်ဆိုင်ရာ လေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်းမှ အသိအမှတ်ပြုလက်မှတ်ကို မကြာသေးခင်ကရရှိခဲ့သည်။ Vietjet သည် ခရီးသွားများ၊ ခရီးသွားအေဂျင်စီများနှင့် ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများမှ ရွေးချယ်သော TTG Travel Award 2015 ၏ “Best Asian Low Cost Carrier” ဆုကိုရရှိခဲ့သည်။ လှုမှုကွန်ယက်စီမံခန့်ခွဲရေးနှင့် လှုမှုကွန်ယက်ပေါ်ရှိအမှတ်တံဆိပ်များ၏ အချက်အလက်များကို လေ့လာဆန်းစစ်လျက်ရှိသည့် Socialbakers ကုမ္ပဏီက Vietjet အား ကမ္ဘာ့တိုးတက်မှုအမြန်ဆုံး လေကြောင်းလိုင်း သုံးခုအနက်မှ တစ်ခုအဖြစ် သတ်မှတ်ခဲ့သည့်အပြင် ၂၀၁၅ ခုနှစ်အတွင်း ဗီယက်နမ်၏ လူကြိုက်အများဆုံး လေကြောင်းလိုင်းဆုကိုလည်း ရရှိထားပြီ ဖြစ်သည်။ Socialbakers မှ ပေးအပ်သည့် ကမ္ဘာ့တိုးတက်မှုအမြန်ဆုံး လေကြောင်းလိုင်းစာရင်းတွင် ထိပ်ဆုံး ၃ ခုမှ တစ်ခုအပါအဝင်အဖြစ် Facebook ပေါ်တွင် ရပ်တည်လျက်ရှိသည်။
လက်ရှိတွင် Vietjet သည် A320 နှင့် A321 အပါအ၀င် လေယာဉ် ၃၆ စီးဖြင့် နေ့စဉ် ခရီးစဉ်အကြိမ်ရေ ၂၅၀ ပျံသန်းပြေးဆွဲလျက်ရှိသည်။ ဗီယက်နမ်နိုင်ငံတစ်ဝှမ်းနှင့် အာရှ-ပစိဖိတ်ဒေသတွင်းရှိထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်ဝမ်၊ ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံများသို့ ခရီးစဉ်လမ်းကြောင်း အခု ၅၀ ကျော်ဖြင့် ပျံသန်းပြေးဆွဲလျက်ရှိသည်။ Vietjet သည် စတင်ပြေးဆွဲခဲ့သည့် လွန်ခဲ့သည့် သုံးနှစ်မှ စတင်၍ ခရီးသည်ပေါင်းသန်း ၂၀ခန့် ကိုလိုရာခရီးသို့ ပို့ဆောင်ခဲ့ပြီးဖြစ်သည်။
ရှေ့ဆက်ပြီး Vietjet သည် ၄င်း၏ဒေသတွင်းကွန်ယက်ကို ဆက်လက်ချဲ့ထွင်သွားမည် ဖြစ်သည်။ အဆိုပါချဲ့ထွင်မည့်အစီအစဉ်အတွက် နောက်ဆုံးပေါ် ခေတ်မီလေယာဉ်သစ်များ ၀ယ်ယူရန် နာမည်ကျော် လေယာဉ် ထုတ်လုပ်သည့်ကုမ္ပဏီများနှင့် သဘောတူ လက်မှတ်များရေးထိုးထားပြီးဖြစ်သည်။

posted from Bloggeroid

No comments:

Post a Comment