Wednesday, July 27, 2016

လေယာဉ်ကြော်ငြာသတင်း

ရန်ကုန်အပါအဝင် အရှေ့တောင်အာရှ ခရီးစဉ်များအတွက်

Vietjet မှ အထူးဈေးနှုန်းများဖြင့် ရောင်းချမည်

 

(ရန်ကုန်၊ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၆ ရက်) – မြန်မာပြည်ရှိ ခရီးသွားများနှင့် ပြည်ပသို့ ဈေးဝယ်ထွက်သူများ၏ တောင်းဆိုမှုကြောင့်  Vietjet မှ (၀)ကျပ်မှစတင်မည့် လေယာဉ်လက်မှတ်ပေါင်း ၁ သိန်းကို အရှေ့တောင်အာရှနိုင်ငံများမှ လည်ပတ်ရန်ကောင်းသည့် မြို့များဖြစ်ကြသော ရန်ကုန်၊ စင်ကာပူ၊ ဘန်ကောက်နှင့် ကွာလာလမ်ပူခရီးစဉ်များအတွက် ရောင်းချပေးတော့မည်ဖြစ်သည်။ “Vietjet နဲ့ ပျံသန်းစို့”အစီအစဉ်အရ ယခုအထူးလျှော့ဈေးလက်မှတ်များကို ဇူလိုင်လ ၂၇ မှ ဇူလိုင်လ ၂၉ ရက်အတွင်း ဝယ်ယူနိုင်ပြီး ခရီးသွားရက်မှာ ၂၀၁၆ ခုနှစ်၏ သြဂုတ်လ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ (အစိုးရရုံးပိတ်ရက်များမပါဝင်ဘဲ) ဖြစ်သည်။

 

လက်မှတ်များကို နံနက် ၁၁ နာရီခွဲမှ နေ့လည် ၁နာရီခွဲအတွင်း www.vietjetair.com(စမတ်ဖုန်းများအတွက် https://m.vietjetair.com) တွင် သို့မဟုတ် www.facebook.com/vietjetmyanmar မှ (“Booking” tab ကို နှိပ်ရုံဖြင့်).  ဝယ်ယူနိုင်သည်။ငွေပေးချေမှုများကို Visa, MasterCard, JCB နှင့် American Express ကတ်များဖြင့် ပေးချေနိုင်သည်။

 

 

သြဂုတ်လသည် စင်ကာပူ၊ ထိုင်းနှင့် မလေးရှားတို့တွင် လျှော့ဈေးပွဲတော်များဖြင့် စည်ကားသော ဈေးဝယ်ချိန်ဖြစ်ပြီး ဈေးတန်သော ကုန်ပစ္စည်းများဝယ်ယူလိုသူ ခရီးသွားများနှင့် ဈေးဝယ်ဝါသနာပါသူများအတွက် သွားရောက်လည်ပတ်သင့် သောအချိန်အခါလည်းဖြစ်သည်။

 

Vietjet မှ သူ၏ လေယာဉ်များကို အစဉ်တိုးတက်ခေတ်မီနေစေရန် လုပ်ဆောင်လျက်ရှိသည့်အပြင် ပြည်တွင်းနှင့် နိုင်ငံတကာ လေကြောင်းလိုင်းများကိုလည်း တိုးချဲ့ကာ ခရီးသွားအဖွဲ့များ၊ တစ်ဦးချင်းခရီးသွားများနှင့် စီးပွားရေးလုပ်ငန်း သမားများအတွက် လိုအပ်လျက်ရှိသည့် ခရီးသွားဝန်ဆောင်မှုကို မြှင့်တင်လျက်ရှိသည်။ Vietjet ၏  အဆင့်မြင့် ဝန်ဆောင်မှုများ၊ ဈေးနှုန်းသက်သာသော လက်မှတ်များနှင့် ခုံနေရာအဆင့်အမျိုးမျိုးရွေးချယ်စရာများတို့ကြောင့် လိုက်ပါ စီးနင်းသူ ခရီးသွားများအတွက် သက်တောင့်သက်သာရှိသော ပျံသန်းချိန်များကို ပေးစွမ်းနိုင်ပြီး လေယာဉ်မောင်မယ်များ၏ ယဉ်ကျေးဖော်ရွေမှုများ၊ ဇိမ်ကျသောထိုင်ခုံနေရာများ၊ အရသာကောင်းမွန်သော စားသောက်ဖွယ်ရာများအပြင် ပျံသန်းစဉ် အတွင်း လုပ်ဆောင်ပေးသည့် အထူးလက်ဆောင်ကဏ္ဍများကိုလည်းထည့်သွင်းထားသည်။


posted from Bloggeroid

No comments:

Post a Comment