Saturday, April 30, 2016

ထူးဆန်သောကလေး

ဆီးခုံခြင်းဆက် အမွှာအား မန္တလေးကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံတွင်ပြုစုစောင့်ရှောက်ထား
---- ------ ------ ----
သုံးလသားအရွယ်ရှိ ဆီးခုံခြင်းဆက် အမွှာကလေးငယ်နှစ်ဦးအားမန္တလေး ကုတင် ၅၅၀-ကလေးဆေးရုံကြီးတွင် ပြုစုစောင့်ရှောက်ထားပြီး ကလေးငယ်အတွက် အကအညီများ လိုအပ်နေကြောင်း သိရသည်။

မုံရွာဆေးရုံတွင် ဇန်နဝါရီ ၁၃ ရက်ကမွေးဖွားပြီး ၁၆ ရက်နေ့တွင် မန္တလေးသို့လွှဲပြောင်းရောက်ရှိလာခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဆေးရုံကနေ ကလေးတွေအတွက် နို့မှုန့်နဲ့ လိုအပ်တာ ထောက်ပံ့နေပေမယ့် စေတနာရှင်တွေရဲ့ ကူညီမှုလဲလိုပါတယ်။ဆက်လက် ပြီးတော့ ခွဲစိပ် မှုတွေလုပ်ရအုံးမယ်။”ဟု ကုတင် ၅၅၀-ကလေးဆေးရုံ အုပ်ကြီး ဒေါက်တာသက်ဆွေက ပြောသည်။

ဆီးခုံခြင်းဆက် ကလေးမိဘများမှာ ကိုမောင်ငြိမ်း မမာလာစန်းဖြစ်၍ အသက် ၃၀-၀န်းကျင်အရွယ်တောင်သူများဖြစ်၍၊ ဗောဓိတစ်ထောင်ဘုရားအရှေ့ဘက်၊ ညောင်ပင်သာရွာ တောင်သူများဖြစ်ကြောင်း သိရသည်။

“ဆေးရုံမှာ မိဘနှစ်ပါးလုံး လာနေရလို့ စီးပွားရေး မလုပ်နိုင်ဘူး။ သူတို့မှာ အရင်မွေးထားပြီး ကလေးနှစ်ယောက်ကိုလည်း မိဘတွေ ဆီပို့ထားရတယ်။ခုမွေးတဲ့ အမွှာကလေးတွေက ပြုံးတတ်/ ရီတတ်နဲ့ ကျန်းမာတယ်။ တစ်ဦးချင်းစီဖြစ်သွားအောင် ခွဲစိပ်ဖို့ ကုသိုလ်ရှင်တွေ လိုတာပေါ့"ဟု ဆက်လက်ပြောကြားသည်။

အဆိုပါကလေးငယ်များမှာ စအိုတစ်ခုတည်းဖြစ်နေ၍ တစ်ဦးစီမှ အူများဖေါက်ပြီးဝမ်းသွားနိုင်ရန်ခွဲစိပ်ပေးထားကာ ကလေးဆေးရုံမှ အထူးခန်းတွင်ကျန်းမာရေးစောင့်ရှောက်ပေးနေကြောင်း ယခင် နှစ်က ခွဲစိပ်ကုသပေးခဲ့သည့် တင်ခြင်းဆက်အမွှာမှာ အလှူရှင်များရှိခဲ့သော်လည်း ယခုကလေးများအတွက် လိုအပ်နေကြောင်း သိရသည်။
ဆေးရုံဖုန်း ၀၂ ၂၄၉၁၅ ။၀၂ ၂၄၉၁၆

ခိုင်ဆက်ဝေ။

posted from Bloggeroid

No comments:

Post a Comment