
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ် ၊တံခွန် တိုင်ကျေးရွာအုပ်စု တုံစီရွာသစ်၏မြောက်ဘက် ၇ ဖာလုံခန့် အကွာ မဲဇာမြစ်ကမ်း၏ တောင်ဘက် ၂ ဖာလုံခန့်အကွာ၌ရှိသောရှေးဟောင်းဘုရား
တစ်ဆူအား ပြုပြင်မွမ်းမံရန်အတွက် မတ်လအတွင်းက တူးဖော်ခဲ့ရာ စေတီတော်အတွင်းမှ ရှေးဟောင်း
ကြေးဘုရားရုပ်ပွားဆင်းတုတော်မျိုးစုံ ၃၃၁ ဆူနှင့် ဓာတ်တော်များကို တူးဖော်ရရှိပြီးမှန်တိုက်အတွင်းထည့်ကာ အပူဇော်ခံထားကြောင်း သိရသည်။
စေတီတော်ကို မိုးညှင်းမင်းတရားကြီးက သက္ကရာဇ် ၇၉၆ ခုနှစ်တွင် မဟာမုနိဓာတုရံသီ ဘွဲ့အမည်ပေး၍ တည် ထားကိုးကွယ်ခဲ့သည်။ ယခုအခါ တုံစည်ရွာမကျောင်း ဒုတိယ ဆရာတော်ဦးဥာဏေယျဦးစီး၍ ဥာဏ်တော် ကိုးတောင်ရှိစေတီတော်ငယ်ကို ဥာဏ်တော် ၁၈ တောင်အမြင့်ဖြင့် ကချင်ပြည်နယ် မော်ဟန်ရွာ ဘုရားဒကာ ဦးသန်းညွန့် ဘုရား ဒါယကာ၊ ဒါယိကာမ ဒေါ်ခင်စန်းမြင့်တို့၏ ပစ္စယ အထောက်အပံ့ကိုယူ၍ စေတီငယ်ကို ထီးတော်နှင့်တကွငုံပြီး ပြုပြင်မွမ်းမံ လျှက်ရှိကြောင်းသိရသည်။ အဆိုပါရုပ်ပွါးတော်များရှိရာသို့မြို့နယ်အတွင်းမှဘုရားဖူးများနေ့စဉ်များပြားလာရောက်ဖူး
မျှော်လျက်ရှိကြောင်းသိရသည်။
ပေးပို့သူ
ကိုကျော် အင်းတော်
09400516414

posted from Bloggeroid
No comments:
Post a Comment