Thursday, April 7, 2016

အရှိန်မထိမ်းနိုင်သောကား

ကားကို အရှိန်ပြင်းစွာ မောင်းနှင်ရာ အရှိန်မထိန်းနိုင်ပဲ လမ်းဘေးသစ်ပင်အား ဝင်တိုက်
==============================

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကာလင်းမြို့
ကျော်ဇေယျာရပ်ကွက် ခမောက်တောင်လမ်းဆုံအနီးရှိ မိန်းလမ်းပေါ်တွင် YGN/3I- 5231ယာဉ်တစ်စီး အရှိန်ပြင်းစွာ မောင်းနှင်ရာ က အရှိန်မထိန်းနိုင်ပဲ လမ်းဘေးရှိ သစ်ပင်အား ဝင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဧပြီလ (၆)ရက်နေ့ည(၉း၀၀)နာရီအချိန်ခန့်တွင် အရှိန်ပြင်းစွာ မောင်းနှင်လာသော အဆိုပါယာဉ်မှာ လမ်းဘေးတွင် ရပ်ထားသော(၂၂)ဘီးယာဉ်အား ဝင်တိုက်ရာမှ အရှိန်မထိန်းနိုင်ပဲ လမ်းတစ်ဘက်ရှိ
ရေနံချေးရောင်းသည့် ဆိုင်ရှေ့မှ သစ်ပင်အား ဝင်တိုက်မိတာဖြစ်ကြောင်း မျက်မြင်တွေ့ရှိသည့်
ဒေသခံ တစ်ဦးက ပြောသည်။

"ဆိုင်ရှင်တွေက ထမင်းစားနေကြတာ သစ်ပင်ခံလို့ မဟုတ်ရင် ယာဉ်ပေါ်မှာ ပါလာတဲ့ လူတွေ အသက်အန္တ ရာယ် ထိခိုက်နိုင်ပါတယ်။ဒီကားက K.T.V ဘက်က ထွက်လာတာပါ။ ကားမောင်းတဲ့သူကတော့ အရမ်းကို မူးနေတာကို တွေ့ရတယ်။ ယာဉ်မောင်းဟာ ဗိုလ်ကြီးလို့တော့ပြောတာပဲ ဘယ်တပ်က ဆိုတာတော့ ပြောမပြဘူး" ဟု မျက်မြင်တွေ့ရှိသည့် အဆိုပါဒေသခံ တစ်ဦး က ပြောသည်။

မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်ခြင်းနှင့် ပတ်သတ်၍ လိုင်စင်ရှိ စီစစ်ရန် လိုအပ်ချက်များ ရှိသော်လည်း အခင်းဖြစ်စဉ်အချိန်က တပ်ဆင်ထားသည့် ယာဉ်တွင်ပါရှိသော နံပါတ်အရ လိုင်စင်မရှိနိုင်ကြောင်း ဒေသခံများအနေဖြင့် သပ်ပြောဆိုလျက်ရှိသည်။

၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ မော်တော်ယာဉ် မောင်းနှင် သူအား လာရောက် ခေါ်ဆောင်သွားသည့်
ကောလင်းမြို့မရဲစခန်းမှ ရဲအုပ်စန်းယုအား ဆက်သွယ်မေးမြန်းရာ ယာဉ်မောင်းမှာ တပ်ရင်း(…)က ဗိုလ်မှုးဖြစ်ကြောင်း တပ်စည်းကမ်းအရ အရေးယူမည်ဖြစ်သဖြင့် လွှဲပြောင်း ပေးအပ် လိုက်ကြောင်း၊ ယာဉ်တိုက်မှု့ကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ပါလာသူများ ထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း ပြောကြားခဲ့သည်။

ဗေဒါ- ကသာ

posted from Bloggeroid

No comments:

Post a Comment