မန္တလေးမြို့တွင် ညအချိန် ဆိုင်ကယ်များအား အုပ်စုဖွဲ့လုယက်သူများအား ဖမ်းဆီးရမိ
မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ၃၅လမ်း၊ ၆၆x၆၈လမ်းကြားရှိ ရေနီမြောင်းတံတားပေါ်၌ အုပ်စုဖွဲ့ကာ ဆိုင်ကယ်များ အား ခဲဖြင့်ထုကာ ဆိုင်ကယ်နှင့်ပစ္စည်းများလုယက်သူများကို ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်း ဖမ်းဆီးရ မိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ ဧပြီ ၅ရက်နေ့ ည ၁၂နာရီကျော်အချိန်တွင် ကိုအာကာမောင်နှင့်ကိုဇော်ဝင်းသိန်းတို့သည် ဆိုင်ကယ်နှစ်စီး ဖြင့် ၃၅လမ်းအတိုင်း အရှေ့မှအနောက်သို့မောင်းနှင်လာစဉ် ၃၅လမ်း၊ ၆၆x၆၈လမ်းကြားရှိ ရေနီမြောင်းတံတားအနီး အရောက်၌ အဆိုပါတံတားပေါ်တွင် ထိုင်နေသည့် လူငယ်၎ဦးခန့်က အုတ်ခဲဖြင့် လှမ်းထုသဖြင့် ဆိုင်ကယ်လဲကျသွားပြီး နောက် ကိုအာကာမောင်အား လူငယ်တစ်ဦးမှ အုတ်ခဲဖြင့်ထုခဲ့ကြောင်း၊ လဲကျသွားသည့်ဆိုင်ကယ်အား ကိုဇော်ဝင်းသိန်း က ထုမနေစဉ် ကျန်လူငယ်တစ်ဦးက ၀က်အူလှည့်ကိုင်၍ ပြေးလာသဖြင့် ကိုအာကာမောင်နှင့်ကိုဇော်ဝင်းသိန်းတို့သည် ဆိုင်ကယ်ပေါ်တက်၍ မောင်းနှင့်ထွက်ပြေးခဲ့ရသည်ဟု သိရသည်။
ထိုကဲ့သို့ ကိုအာကာမောင်နှင့်ကိုဇော်ဝင်းသိန်းတို့ မောင်းနှင့်ထွက်ပြေးစဉ် အမှတ်(၃)နယ်မြေရဲစခန်းမှ ဒုရဲအုပ်ကျော်ထက် ဦးစီးသည့်လှည့်ကင်းအဖွဲ့ ရောက်ရှိလာပြီး လုယက်သူများအား ၀ိုင်းဝန်းဖမ်းဆီးရာ လူငယ်တစ်ဦးကို နေရာတွင် ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
“၅ရက်နေ့ ည ၁၂ နာရီကျော်လောက်က ကျွန်မယောင်္ကျားနဲ့ သူ့သူငယ်ချင်း ဆိုင်ကယ်တစ်စီးစီ စီးလာတာကို အဖွဲ့လိုက် ရပ်နေတဲ့ လူငယ်အုပ်စုက ဆိုင်ကယ်ကို ခဲတွေနဲ့ဝိုင်းထုပါတယ်၊ ဆိုင်ကယ်ရဲ့ဘီးကို အဓိကထား ထုတာဆိုတော့ ဆိုင် ကယ်လဲသွားတဲ့အခါမှာ အုပ်စုလိုက်ဝိုင်းလာပြီး လုယက်ဖို့ ကြိုးစားခဲ့ကြတာပါ၊ သူတို့က လူကိုပါ အသေသတ်ဖို့ ခဲတွေ၊ ခါးပတ်တွေ၊ ၀က်အူလှည့်တွေ ကိုင်ပြီး လိုက်လာကြတယ်လို့ သိရပါတယ်၊ ကျွန်မယောင်္ကျားမှာ ဆိုင်ကယ်လဲတဲ့ ဒဏ်ရာ တွေရော၊ ခဲနဲ့ထုတဲ့ဒဏ်ရာတွေရော ရထားတဲ့ကြားက အသေသတ်ဖို့ လိုက်လာတဲ့ အဖွဲ့ကို ကြောက်လွန်းလို့ မနည်းအသက်လုပြေးခဲ့ရတယ်လို့ သိရပါတယ်၊ အဲ့ဒီအချိန်မှာ လှည့်ကင်းပတ်နေတဲ့ ရဲတွေရောက်လာပြီး ဝိုင်းဖမ်းတော့ တစ်ယောက်ကို မိခဲ့ပါတယ်၊ ရဲတွေအရောက်မြန်လို့သာ အသက်ဘေးကလွတ်ခဲ့ရတာပါ”ဟု ကိုအာကာမောင်၏ ဇနီးဖြစ်သူ မဂျုးဂျူးက သူမ၏ Facebook စာမျက်နှာထက်တွင် ပြောကြားထားသည်။
ယခုဖြစ်စဉ်တွင် ကိုအာကာမောင်သည် ရှေ့သွားနှစ်ချောင် ကျိုးသွားခဲ့ပြီး ယာမျက်ခုံးပေါ်တွင် ဖူးယောင်ပေါက်ပြဲဒဏ်ရာ၊ ၀ဲ လက်မောင်တွင် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံးကြီးတွင် ဆေးကုသမှုခံယူလျက်ရှိပြီး အတူပါသူ ကိုဇော်ဝင်းသိန်းမှာ ဒဏ်ရာတစ်စုံတရာရရှိခြင်း မရှိကြောင်း သိရသည်။
“ကျွန်တော်တို့ လှည့်ကင်းအဖွဲ့တွေက ညပိုင်းဆိုရင် ကိုယ့်အပိုင်နယ်မြေထဲမှာ မှုခင်းဖြစ်ပွားမှုမရှိစေရေးနဲ့ ဖြစ်ပွားမှု လျော့ ကျစေဖို့အတွက် လှည့်ကင်းဆောင်ရွက်နေပါတယ်၊ ၅ရက်နေ့ ညပိုင်းက လှည့်ကင်းဆောင်ရွက်နေချိန် ၃၅လမ်း၊ ၆၆x၆၈ လမ်းကြားအရောက်မှာ လုယက်မှုဖြစ်နေတာကြောင့် ၀ိုင်းဝန်းဖမ်းဆီးတဲ့အချိန်မှာ ထွက်ပြေးသွားတဲ့သူက ထွက်ပြေးသွား တယ်၊ ကျန်တဲ့တစ်ယောက်ကို ဖမ်းတဲ့အခါမှာ ပြန်လည်ခုခံမှုတွေ ပြုခဲ့တာကြောင့် လုံးထွေးဖမ်းဆီးခဲ့ရတယ်၊ အဲဒီလို လုံး ထွေးဖမ်းဆီးခဲ့တာကြောင့် တရာခံမှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့ပါတယ်”ဟု အမှတ်(၃)နယ်မြေရဲစခန်းမှ ဒုရဲအုပ်ကျော် ထက်က ပြောသည်။
ယခုဖြစ်ပွားသည့် လူယက်မှုတွင် တရားခံအောင်ကိုဇော်အား အခင်းဖြစ်ပွားရာနေရာ၌ ဖမ်းဆီးရမိခဲ့ပြီး အမှတ်(၃)နယ်မြေရဲ စခန်းမှ (ပ)၁၂၃/၁၆၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၃၉၄ ဖြင့် အမှုဖွင့် အရေးယူထားပြီး တရားခံအောင်ကိုဇော်အား အမှတ်(၃) နယ်မြေရဲစခန်းမှူး ရဲအုပ် ထိုက်လင်းစိုး၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်ထက်နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ မန္တလေး ခရိုင် မှုခင်းအကူဌာနစိတ်တာဝန်ခံ ရဲအုပ်ကြည်ဇင်နှင့်အဖွဲ့တို့မှ ပူးပေါင်းစစ်ဆေးရာ တရားခံ၏ထွက်ဆိုချက်အရ ၎င်းနှင့် အတူ တရားခံ၇ဦး ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့ကြောင်း၊ ဖမ်းဆီးရမိသည့် တရားခံ၏ ထွက်ဆိုချက်အရ ထွက်ပြေးသွား သည့် ကျန်တရာခံများကို ဆက်လက်ဖမ်းဆီးခဲ့ရာ တရားခံနှစ်ဦးကို ဧပြီ ၆ရက်နေ့တွင် ၎င်းတို့၏ နေအိမ်များ၌ ဖမ်းဆီးရမိ ခဲ့ပြီး ကျန်တရားခံ ၄ဦးအား ထပ်မံဖမ်းဆီးရရှိနိုင်ရန် စုံးစမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ညအချိန် ဆိုင်ကယ်များအား အုပ်စုဖွဲ့လုယက်သူများမှာ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်အပိုင်း(၇)နေ အောင်ကိုဇော် (ခ)ကြွက်ကလေး အသက်(၁၄)နှစ် (ဘ)ဦးဝင်းမြင့် (ဖမ်းဆီးရမိ)၊ မဟာအောင်မြေမြို့နယ်၊ ဗောဓိကုန်းဥယျာဉ်ကွက်သစ် နေ အောင်ဖြိုးဇော် အသက်(၂၀)နှစ် (ဘ) ဦးမောင်ဌေး (ဖမ်းဆီးရမိ)၊ မဟာအောင်မြေမြို့နယ်၊ ဗောဓိကုန်း ဥယျာဉ်ကွက်သစ်နေ အာနိုး(ခ)ဇင်ငြိမ်းထွဋ်(ခ) ရှိုင်းလေး အသက်(၁၆)နှစ် (ဘ) ဦးသန်းဇော်(ဖမ်းဆီးရမိ)၊ မဟာအောင် မြေမြို့နယ်၊ ၆၈လမ်း၊(၄၀x၄၁လမ်းကြား) နေ ကိုဘဲ (ထွက်ပြေးတိမ်းရှောင်)၊ မဟာအောင်မြေမြို့နယ်၊ ၆၈လမ်း၊(၄၀x၄၁ လမ်းကြား) နေ စိုင်းဘို

(ထွက်ပြေးတိမ်းရှောင်)၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်နေ ကုလား (ထွက်ပြေး တိမ်းရှောင်)၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်ရပ်ကွက်နေ သိုးကြီး (ထွက်ပြေးတိမ်းရှောင်)တို့ ဖြစ်ကြောင်း သိရသည်။

posted from Bloggeroid
No comments:
Post a Comment