Tuesday, April 5, 2016

မန် မြို့တော်ကိုပြင်ပကရွေးချယ်

မန္တလေးမြို့တော်ဝန်အဖြစ် ဒေါက်တာရဲလွင်အား ရွေးချယ်
---- ------ ------ ------ ----
မန္တလေးတိုင်းဒေသကြီးလွှတ်တော်သည် ဧပြီလ ၅ ရက်နေ့  နဝမအကြိမ် ဒုတိယနေ့ ပထမအကြိမ် ဒုတိယနေ့
လွှတ်တော်အစည်းအဝေးတွင် ဒေါက်တာရဲလွင်ကို မန္တလေးမြို့တော်ဝန်အဖြစ် ရွေးချယ်လိုက်ကြောင်း သိရသည်။

"မန္တလေးမြို့တော်ဝန်အဖြစ် အများက ဘယ်သူဖြစ်လာမယ်ဆိုတာ အရမ်းသိချင်ကြတာ။ ထင်ထားတဲ့လူ မဖြစ်လာဘူး။ ဒီနေ့ လွှတ်တော်က ပြည်တော်ဝင်သင်္ကြန်းနဲ့အတူ ဒေါက်တာရဲလွင်ကိုရွေးချယ်လိုက်တာဖြစ်ပါတယ်။ မန္တလေးပြည်သူတွေမျော်လင့်နေတဲ့ မြို့တော်ဝန်အသစ် ဒေါက်တာရဲလွင်ကို တောင်းဆိုချင်တာက အများပြည်သူ လူတိုင်းရေကစားနိုင်တဲ့သင်္ကြန်မျိုးဖြစ်အောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုချင်ပါတယ်။ မန္တလေးက စီးပွားရေးလုပ်ငန်းရှင်းတွေ မဏ္ဍပ်တွေနဲ့ သင်္ကြန်ကျခဲ့တာ ကြာပါပြီ။ ဒီနှစ် မြန်မာ့ရိုးရားသင်္ကြန်ကို အစိုးရသစ်လက်ထက် ပြည်
တော်ဝင်သင်္ကြန်နဲ့အတူ အားလုံး ပါဝင်ဆင်နွှဲနိုင်ပါစေ”ဟု လွှတ်တော်လေ့လာလာသူ ဒေသခံ ကိုစိုးသိန်းက ပြောသည်။

ဝန်ကြီးဌာန ၇ ခုအတွက် ဝန်ကြီးများခန့်အပ်နိုင်ရန် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး မျိုးမင်းအောင် ချမ်းအေးသာစံ မဲဆန္ဒနယ် အမှတ် ၂ မှ ဦးစိုးသန်း၊ မဟာအောင်မြေ မဲဆန္ဒနယ်အမှတ် ၁ မှ ဦးဇာနည်အောင်၊ မိုးကုတ်မဲဆန္ဒနယ်အမှတ် ၂ မှ ဦးမျိုးသစ်၊ ပြင်ပ ပညာရှင် ဦးမြတ်သူနှင့် ဦးရဲလွင်၊ ရှမ်းတိုင်းရင်းသားဝန်ကြီးအဖြစ် ဦးစိုင်းကျော်ဇောအပါအဝင် ၇ ဦးကို နာမည်စာရင်း တင်သွင်းခဲ့သည်။

အဆိုပါ ဝန်ကြီးဌာ ဆိုင်ရာ ၇ နေရာအတွက် ဒေါက်တာစိုးသန်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးဇာနည်အောင်၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးမျိုးသစ်၊ သယံဇာတနှင့် သာဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး ဦးမြတ်သူ၊ စီမံကိန် ဘဏ္ဍာရေးဝန်ကြီး ဦးရဲလွင်၊ စည်ပင်သာယာရေးဝန်ကြီးနှင့် မြို့တော်ဝန်ကြီး ဦးအောင်ဝင်း၊ ဥပဒေချုပ် ဒေါ်ခင်အေးဆွေ၊ စာရင်းစစ်ချုပ် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး မျိုးမင်းအောင်၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးများအဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။

စိုင်းထူးခန့် 

posted from Bloggeroid

No comments:

Post a Comment