Wednesday, April 27, 2016

ရေလုပ်သားများဆန္ဒပြတောင်းဆို

အင်းအတွင်းလုပ်ကိုင်စားသောက်ခွင့်ရှိရန်ဒေသခအင်အား
၁၅၀ မန္တလေးလူထုဟစ်တိုင်ကွင်းအတွင်းဆန္ဒပြတောင်းဆို

မန္တလေး ဧပြီ ၂၇
မန္တလေး မဟာအောင်မြေမြို့နယ်
တိုင်းပြည်သယံဇာတကိုတစ်ဦးတစ်ယောက်တည်းစားသုံးခြင်းရပ်ဆိုင်းပေးပြီး ဒေသခံများမျှတသောဝင်ငွေရရှိစေရန်အတွက် ဆန္ဒထုတ်ဖေါ်ခြင်းကို ဧပြီ ၂၇ရက်နံနက်နာရီ ၁၀တွင် မဟာမြိုင်အမှတ် ၂ရပ်ကွက် ၆၂လမ်း ၃၇လမ်းမှစတင် လှည့်လည် စတင်ဆန္ဒပြခဲ့သည်။

ရှင်ဒေါင်းမအင်း ဒေါင်းအင်း ဘုံစားအဖြစ်ပြန်လည်ရရှိရေး
မြထောင့်အင်း ၁၅လံအင်း ညောင်ပင်ဝိုင်း မြစ်ကျိုးထောင့်အင်းမျာကို ဘုံစားအင်းအဖြစ်ပြန်လည်သတ်မှတ်ပေးရန် မြင်းခြံမြို့နယ်ထနောင်းကုန်းရွာမှ
လုပ်ကိုင်ခွင့်ပြန်လည်ရှိရေးအတွက် ၆၂လမ်း၄၀×၄၁လမ်း
မနောရမံ ဟစ်တိုင်ကွင်းတွင် ငြိမ်ချမ်းစွာ ဆန္ဒထုတ်ဖေါ်ခဲ့ခြင်းဖြစ်သည်။
" ဦးးမြင့်က ဒီအင်းတွေကိုလုပ်ကိုင်နေတာ ၂၆နှစ် ရှိသွပါပြီ အရင်အစိုးရလက်က ဒေသခံတွေကို လေလံပြန်ချပေးမယ်ပြောပြီးလုပ်မပေးဘူး အရင်ကလဲ သက်ဆိုင်ရာ ဌာနအဆင့်ဆင့်ကို တိုင်စာပို့ခဲ့တယ် အကြောင်းမထူးဘူး အခုအစိုးရလက်ထပ်မှာ လွတ်လပ်စွာ ဆန္ဒပြခွင့်ရတဲအတွက် ဆန္ဒပြတာပါ နောက်တတ်လာတဲ့အစိုးအရအနေနဲ့ တိတိကျကျဖြေရှင်းပေးစေခြင်ပါတယ်"ဟု အင်းလုပ်သားအဖွဲ့အစည်း ဥက္ကဦးပွကြီးကပြောသည်။
၎င်းအင်းအများအတွင်း တစ်ဦးတစ်ယောက်တည်းတစ်ေ
ယာက်တည်းလုပ်ကိုင်စားသောက်နေမှုကြောင့် ဒေသခံများအနေဖြင့် လုပ်ကိုင်စားသောက်ခွင့်မရရှိခြင်းကြောင့် အဝေးသို့ သွားရောက်ကာ အလုပ်သွားလုပ်ရသည့် မတွက် ပညာရေး လူမှုရေး စီးပွားရေးများထိခိုက်နစ်နာမူများရှိကြောင်း
အဆိုပါအင်းများအတွင်းလုပ်ကိုင်စားသောက်ခွင့် ရရှိပါက ဒေသခံတွေအတွက်အလုပ်အကိုင် အခွင့်အလမ်းများရှိလာမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါဆန္ဒပြသူများအနေဖြင့် အင်းအတွင်းလုပ်ကိုင်စားသောက်ခွင့် ရရှိရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ဆန္ဒပွဲတွင် မဟာအောင်မြေ မြို့နယ် အမှတ်၉ ရဲတပ်ဖွဲ့မှ လုံခြုံးရေးဆောင်ရွက်ပေးပြီး၁၀နာရီခွဲတွင်ပြီးဆုံးသွားကြောင်းသိရသည်။
စိုင်းထူးခန့် 

posted from Bloggeroid

No comments:

Post a Comment