Thursday, April 7, 2016

ဘုရားဖူးတိမ်မှောက်

ဗန်းမောက်မြို့နယ်ဇလုံတောင်သို့ဘုရားဖူးလာ(၆)ဘီးယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့်၎ ဦးသေ
ဆုံး ၅ ဦးပြင်းထန်ဒဏ်ရာရ
စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊ဗန်းမောက်မြို့နယ်ဇလုံတောင်သို့မိုးညှင်းမြို့မှလူဦးရေ ၂၀ ကျော်လိုက်
ပါလာသော ဘုရားဖူး(၆)ဘီးယာဉ်သည်ဧပြီ၇ ရက်နေ့နံနက်၆ နာရီခွဲအချိန်ယာဉ်တိမ်းမှောက်မှုကြောင့်၎ ဦးသေ
ဆုံးကာ ၅ ဦးမှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။
ဧပြီ၇ ရက်နံနက်၆ နာရီခွဲအချိန်မိုးညှင်းမြို့ ၁၀ မိုင်မှဗန်းမောက်မြို့နယ်ရှိ ဇလုံတောင်တော်သို့ဘုရားဖူး
ခရီးသည်၂၀ ကျော်အားတင်ဆောင်လာသော ယာဉ်အမှတ်MDY 4H-65933 အပြာရောင်(၆)ဘီးယာဉ်သည်ဗန်း
မောက်မြို့မှ ၉ မိုင်၃ ဖာလုံခန့်အကွာ လေသာတောင်အဆင်းတွင်ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ကမ်းပါးကို
ဝင်တိုက်ခဲ့ကြောင်း၊ကားပေါ်လိုက်ပါလာသူများမှာ လွင့်စင်သွားပြီး ကားရှေ့ခန်းတွင်လိုက်ပါလာသော အမျိုးသားတစ်
ဦး အမျိုးသမီးတစ်ဦးအခင်းဖြစ်နေရာတွင်သေဆုံးသွားကြောင်းသိရသည်။ကျန်အမျိုးသမီးနှစ်ဦးမှာ ဆေးရုံသို့ပို့ဆောင်
ခဲ့သော်လည်း ရရှိသည့်ဒဏ်ရာများဖြင့်သေဆုံးခဲ့ကြောင်းသိရသည်။
အင်းတော်မြို့ ဒါနသုခလူမှုကူညီရေးအသင်းမှကိုကံမြင့်မှ“မန္တလေးကိုကလေး ၂ ယောက်လူကြီး ၃ ယောက်
ပို့လိုက်ရတယ်။စေတနာလူမှုကူညီရေးအသင်းမှကားတစ်စီး၊မေတ္တာပါရမီက ကားတစ်စီး၊မြင့်မြတ်သွေးလှူရှင်အသင်း
မှကားတစ်စီး ကျွန်တော်တို့ဒါနသုခလူမှုကူညီရေးအသင်းမှကားတစ်စီးနဲ့ပို့လိုက်ရပါတယ်။သူတို့က မိုးညှင်း ၁၀ မိုင်
ကနေ ဇလုံတောင်ကိုဘုရားဖူးလာကြတာပါ လူပေါင်း ၂၀ ကျော်ပါတယ်လို့သိရပါတယ်”ဟုပြောကြားခဲ့သည်။

ဗန်းမောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများမှလည်း ကသာနှင့်အင်းတော်မြို့များမှ
လူမှုကူညီရေးအသင်းကားများခေါ်ဆောင်ပေးခြင်း၊ဒေသခံများမှ လူနာများကိုပြုစုပေးခြင်း လိုအပ်သောအစားအစာ
နှင့်ငွေကြေးများလှူဒါန်းခြင်းများဆောင်ရွက်ခဲ့ကြကြောင်း၊ဗန်းမောက်မြို့နယ်ရဲစခန်းမှလည်း ယာဉ်မဆင်မခြင်မောင်း
နှင်သူအား ဥပဒေအရ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
ပေးပို့ ကိုကိုလင်း(အင်းတော်)
09798609516

posted from Bloggeroid

No comments:

Post a Comment