“ဦးပိန်တံတားကြီးမှ ရှေးဟောင်းသစ်သားတိုင်လုံးပေါင်း ၆၀၀ ကျော် အသစ်လဲ”
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းကြီးပေါ်ရှိ ကမ္ဘာကျော်သစ် သားတံတားကြီးဖြစ်သော ဦးပိန်တံတား၏ ရှေးဟောင်းတိုင်လုံးများ ဆွေးမြေ့လာပြီဖြစ်၍ ဧပြီ ၃၀ နေ့က အစားထိုး ပြုပြင်နေသည်ကို တွေ့ရသည်။
"ကျွန်တော်တို့က အင်းလေးကပါ။ ကျွန်တော်တို့ အင်းလေးဒေသ ရိုးရာနည်းနဲ့ ပြုပြင်နေတာပါ။ ဒီအတွက် အင်းသားတွေကိုခေါ်ယူပြီ ကျွန်တော်တို့ဒေသကလိုပြုပြင်ဖို့ တိုင်းအလုံးပေါင်း ၆၀၀ ကျော် အခုချပေးထားပါတယ်”ဟု အင်းသားအဖွဲ့ အလုပ်သမားခေါင်ဆောင် ကိုစိုင်းနော်ထွန်းက ပြောသည်။
အမရပူရမြို့က ဦးပိန်တံတားကြီးဟာ နှစ်ပေါင်း ၁၆၀ ကျော်ပြီဖြစ်ပြီး ရာသီဥတုဒဏ် ရေဒဏ်အမျိုးမျိုးကို နှစ်ပေါင်းများစွာခံခဲ့ရသဖြင့် တံတားကြီး၏တိုင်လုံးအချို့ ဆွေးမြေ့လာသဖြင့် တိုင်အစားထိုးလဲလှယ်ခြင်း၊ ကျမ်းခင်း အသစ်လဲခြင်းများကို စတင်ပြုလုပ်နေပြီး မိုးဦးမကျမီ အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေး ရှေးဟောင်းသုတေသနဌာနမှ သိရသည်။
စိုင်းထူးခန့် 

posted from Bloggeroid
No comments:
Post a Comment