Saturday, April 30, 2016

ဦးပိန်တံတားကြီးက ဒီလိုဖြစ်

“ဦးပိန်တံတားကြီးမှ ရှေးဟောင်းသစ်သားတိုင်လုံးပေါင်း ၆၀၀ ကျော် အသစ်လဲ”

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းကြီးပေါ်ရှိ ကမ္ဘာကျော်သစ် သားတံတားကြီးဖြစ်သော ဦးပိန်တံတား၏ ရှေးဟောင်းတိုင်လုံးများ ဆွေးမြေ့လာပြီဖြစ်၍ ဧပြီ ၃၀ နေ့က အစားထိုး ပြုပြင်နေသည်ကို တွေ့ရသည်။

"ကျွန်တော်တို့က အင်းလေးကပါ။ ကျွန်တော်တို့ အင်းလေးဒေသ ရိုးရာနည်းနဲ့ ပြုပြင်နေတာပါ။ ဒီအတွက် အင်းသားတွေကိုခေါ်ယူပြီ ကျွန်တော်တို့ဒေသကလိုပြုပြင်ဖို့ တိုင်းအလုံးပေါင်း ၆၀၀ ကျော် အခုချပေးထားပါတယ်”ဟု အင်းသားအဖွဲ့ အလုပ်သမားခေါင်ဆောင် ကိုစိုင်းနော်ထွန်းက ပြောသည်။

အမရပူရမြို့က ဦးပိန်တံတားကြီးဟာ နှစ်ပေါင်း ၁၆၀ ကျော်ပြီဖြစ်ပြီး ရာသီဥတုဒဏ် ရေဒဏ်အမျိုးမျိုးကို နှစ်ပေါင်းများစွာခံခဲ့ရသဖြင့် တံတားကြီး၏တိုင်လုံးအချို့ ဆွေးမြေ့လာသဖြင့် တိုင်အစားထိုးလဲလှယ်ခြင်း၊ ကျမ်းခင်း အသစ်လဲခြင်းများကို စတင်ပြုလုပ်နေပြီး မိုးဦးမကျမီ အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေး ရှေးဟောင်းသုတေသနဌာနမှ သိရသည်။

စိုင်းထူးခန့် 

posted from Bloggeroid

ထူးဆန်သောကလေး

ဆီးခုံခြင်းဆက် အမွှာအား မန္တလေးကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံတွင်ပြုစုစောင့်ရှောက်ထား
---- ------ ------ ----
သုံးလသားအရွယ်ရှိ ဆီးခုံခြင်းဆက် အမွှာကလေးငယ်နှစ်ဦးအားမန္တလေး ကုတင် ၅၅၀-ကလေးဆေးရုံကြီးတွင် ပြုစုစောင့်ရှောက်ထားပြီး ကလေးငယ်အတွက် အကအညီများ လိုအပ်နေကြောင်း သိရသည်။

မုံရွာဆေးရုံတွင် ဇန်နဝါရီ ၁၃ ရက်ကမွေးဖွားပြီး ၁၆ ရက်နေ့တွင် မန္တလေးသို့လွှဲပြောင်းရောက်ရှိလာခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဆေးရုံကနေ ကလေးတွေအတွက် နို့မှုန့်နဲ့ လိုအပ်တာ ထောက်ပံ့နေပေမယ့် စေတနာရှင်တွေရဲ့ ကူညီမှုလဲလိုပါတယ်။ဆက်လက် ပြီးတော့ ခွဲစိပ် မှုတွေလုပ်ရအုံးမယ်။”ဟု ကုတင် ၅၅၀-ကလေးဆေးရုံ အုပ်ကြီး ဒေါက်တာသက်ဆွေက ပြောသည်။

ဆီးခုံခြင်းဆက် ကလေးမိဘများမှာ ကိုမောင်ငြိမ်း မမာလာစန်းဖြစ်၍ အသက် ၃၀-၀န်းကျင်အရွယ်တောင်သူများဖြစ်၍၊ ဗောဓိတစ်ထောင်ဘုရားအရှေ့ဘက်၊ ညောင်ပင်သာရွာ တောင်သူများဖြစ်ကြောင်း သိရသည်။

“ဆေးရုံမှာ မိဘနှစ်ပါးလုံး လာနေရလို့ စီးပွားရေး မလုပ်နိုင်ဘူး။ သူတို့မှာ အရင်မွေးထားပြီး ကလေးနှစ်ယောက်ကိုလည်း မိဘတွေ ဆီပို့ထားရတယ်။ခုမွေးတဲ့ အမွှာကလေးတွေက ပြုံးတတ်/ ရီတတ်နဲ့ ကျန်းမာတယ်။ တစ်ဦးချင်းစီဖြစ်သွားအောင် ခွဲစိပ်ဖို့ ကုသိုလ်ရှင်တွေ လိုတာပေါ့"ဟု ဆက်လက်ပြောကြားသည်။

အဆိုပါကလေးငယ်များမှာ စအိုတစ်ခုတည်းဖြစ်နေ၍ တစ်ဦးစီမှ အူများဖေါက်ပြီးဝမ်းသွားနိုင်ရန်ခွဲစိပ်ပေးထားကာ ကလေးဆေးရုံမှ အထူးခန်းတွင်ကျန်းမာရေးစောင့်ရှောက်ပေးနေကြောင်း ယခင် နှစ်က ခွဲစိပ်ကုသပေးခဲ့သည့် တင်ခြင်းဆက်အမွှာမှာ အလှူရှင်များရှိခဲ့သော်လည်း ယခုကလေးများအတွက် လိုအပ်နေကြောင်း သိရသည်။
ဆေးရုံဖုန်း ၀၂ ၂၄၉၁၅ ။၀၂ ၂၄၉၁၆

ခိုင်ဆက်ဝေ။

posted from Bloggeroid

Friday, April 29, 2016


Eng TV News



သတင်း အလုပ်သမား
စစ်ကိုင်းအလုပ်သမားများ နေပြည်တော်ထိ ခရီးရှည်လမ်းလျှောက်သပိတ်မှောက် (ရုပ်သံ)
By နော်နိုရင်း 29 April 2016 Print

စစ်ကိုင်းမြို့ ပတ္တမြားစက်မှုဇုန်ရှိ MVPPL သစ်အချောထည်စက်ရုံက အလုပ်သမားတွေ ဥပဒေမဲ့ အလုပ်ထုတ်ခံရတဲ့အပေါ် အစိုးရတာဝန်ရှိသူတွေက ပြေလည်အောင် ဖြေရှင်းမပေးလို့ ဧပြီ ၂၉ ရက် မနက်ကစပြီး နေပြည်တော်ထိ ခရီးရှည်လမ်းလျှောက် သပိတ်မှောက်ဆန္ဒပြနေ ပါတယ်။

အလုပ်သမားတွေဟာ သပိတ်စခန်းဖွင့်ပြီး ထိုင်သပိတ်နဲ့ ရက်ပေါင်း ၆၀ ကျော်ကြာတဲ့ အထိ ဆန္ဒပြနေပေမယ့် တာဝန်ရှိသူတွေက တစုံတရာဖြေရှင်းမပေးလို့ ဒီနေ့ကစပြီး နေပြည်တော်ကို အလုပ်သမား အင်အား ၁၀၀ ကျော်လောက်နဲ့ ချီတက်ဆန္ဒ ထုတ်ဖော်ရတာလို့ အလုပ်သမားသပိတ်ခေါင်းဆောင် ဦးခိုင်မင်းက ပြောပါတယ်။

“တာဝန်ရှိလူကြီးမင်းများ တကြိမ်တခါမှ ကျနော်တို့ကိစ္စကို ပြီးမြောက်အောင် ဖြေရှင်းဆောင်ရွက် ပေးခြင်းမရှိတဲ့အတွက် ကျနော်တို့တွေက ရက်ပေါင်းကြာလာသည်နဲ့အမျှ အလုပ်သမားတွေရဲ့ စားဝတ်နေရေးနဲ့ အမျိုးသမီးတွေရဲ့ကျန်းမာရေး ကလေးမိခင်တွေရဲ့ ကျန်းမာရေးဆိုးဝါးစွာ ထိခိုက်လာတဲ့အတွက်ကြောင့် ကျနော်တို့တွေက သပိတ်စစ်ကြောင်း ထွက်ရတာ ကျနော်တို့ နေပြည်တော်အထိချီတက်မယ်။ နေပြည်တော် သမ္မတရုံးရှေ့ အထိကျနော်တို့ ချီတက်မယ်။ နေပြည်တော်သမ္မတရုံးရှေ့မှာ ကျနော်တို့ သပိတ်စခန်းဖွင့် မယ်ပေါ့ဗျာ။ အဓိကကတော့ တရားဥပဒေစိုးမိုးရေးနှင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ပြုလုပ်ပေးရေး၊ ဥပဒေချိုးဖောက်သော ခရုံနီများ အလိုမရှိ ဆိုပြီးတော့ သပိတ်စစ်ကြောင်းထွားလာတာ။”

ဒီကနေ့ မနက်က ဆန္ဒပြအလုပ်သမားတွေ စတင်ထွက်ခွာလာချိန် စစ်ကိုင်း တံတားထိပ်မှာ ခရိုင်ဦးစီးမှူးနဲ့ ရဲမင်းကြီးတွေက တားဆီးခဲ့ပေမယ့် သူတို့တောင်းဆိုချက်တွေကို ဖြေရှင်းဆောင်ရွက်ပေးမယ်ဆိုရင် ရပ်မယ်၊ မဖြေရှင်းပေးနိုင်ဘူးဆိုရင် ဆက်လျှောက်မယ်လို့ အလုပ်သမားတွေက ပြောဆိုခဲ့တဲ့အတွက် တာဝန်ရှိသူတွေက လမ်းဖွင့်ပေးခဲ့တယ်လို့ အလုပ်သမား သပိတ်ခေါင်းဆောင်ကပြောပါတယ်။ ဒီကနေ့ မွန်လွဲပိုင်းမှာတော့ အလုပ်သမားတွေဟာ မြစ်ငယ်မြို့နယ်ထဲ ၀င်ရောက်ခဲ့ပြီးဖြစ်ပါတယ်။

အလုပ်သမားတွေဟာ ဧပြီ ၂၆ ရက်ကလည်း နေပြည်တော်ကို ကားနဲ့သွားရောက် ဆန္ဒပြဖို့ ကြိုးပမ်းခဲ့ပေမယ့် ၀မ်းတွင်းအကျော် မိတ္ထီလာအကြားမှာ တားဆီးခံခဲ့ရလို့ စစ်ကိုင်းကို ပြန်လာခဲ့ရပြီး ဒီကနေ့ နေပြည်တော်ကို ထပ်မံလမ်းလျှောက်သွားရောက် ဆန္ဒပြဖို့ ထွက်ခွာသွားကြတာပါ။

အိန္ဒိယနိုင်ငံသားပိုင် အဆိုပါသစ်အချောထည်စက်ရုံက အလုပ်သမားတွဟာ တရက်ကို အလုပ်ချိန် ၁၂ နာရီလောက် အလုပ်လုပ်ရပေမယ့် အချိန်ပိုကြေးမရတဲ့အတွက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာကစပြီး အချိန်ပိုကြေးကို ဥပဒေအတိုင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီလိုတောင်းဆိုခဲ့ပြီးနောက် စက်ရုံနဲ့ မြို့နယ်တာဝန်ရှိသူတွေက ဥပဒေနဲ့အညီ အချိန်ပိုကြေး၊ နှစ်တိုးကြေး၊ ကျွမ်းကျင်ကြေး၊ ရက်မှန်ကြေး၊ နေထိုင်စရိတ်၊ စားစရိတ်၊ လမ်းစရိတ်တွေကို ဇန်ဝါရီလမှာ အပြီးညှိနှိုင်းပြီး ဖေဖော်ဝါရီမှာ စတင်အကျိုးခံစားခွင့်ဖို့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

ဒါပေမယ့် အလုပ်ရှင်ဘက်က စာချုပ်ကို ဖောက်ဖျက်ခဲ့တယ်ဆိုပြီး အလုပ်သမားတွေက ရပိုင်ခွင့်တွေ တောင်းဆိုခဲ့ရာမှာ ဒီအခွင့်အရေးတောင်းဆိုတဲ့ အလုပ်သမား ၁၆၀ ကျော် အလုပ်ထုတ်ခံခဲ့ရတာပါ။

ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့တုန်းကလည်း စစ်ကိုင်းမှာ လေပြင်းတွေတိုက်၊ မိုးသီးတွေ ကြွေကျတဲ့အတွက် သပိတ်စခန်းလည်းပျက်စီးသွားပြီး မိုးသီးဒဏ်ခံခဲ့ရတဲ့ အလုပ်သမား ၃၀ ကျော် ဖျားနာလို့ ဆေးရုံတင်ခဲ့ရပါတယ်။

ရိုက်ကူး – ရဲလင်းအောင်

ဆက်စပ်သတင်းများ
ကရင်မိန်းကလေးငယ်ကို နှိပ်စက်သူအလုပ်ရှင် ဒဏ်ငွေ ဘတ် ၄၆ သိန်းကျော် ချမှတ်ခံရ ထိုင်းဟိုတယ်လုပ်ငန်းတွင် မြန်မာအလုပ်သမားများ ခေါင်းပုံဖြတ်ခံနေရ အလုပ်ရှင်နှိပ်စက်၍ ငါးဖမ်းလှေပေါ်မှ ခုန်ချသည့် မြန်မာလှေလုပ်သား ၂ ဦးကို ကယ်တင် နိုင်ငံခြားသား အလုပ်သမားများ၏ မိသားစု ခေါ်ယူခွင့် ပိတ်မည်ဟု ထိုင်းဝန်ကြီးချုပ်ပြော



Previous story
သွေးထိုးလှုံ့ဆော်မှု၊ ကွန်ပျူတာ ရာဇ၀တ်မှုများဖြင့် လူ ၈ ဦးကို ထိုင်းရဲဖမ်းဆီး
Next story
အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ်တွင် ရေလွှမ်းမိုး
LEAVE A REPLY
Comment

Name *

Email *

Website














သတင်းဓာတ်ပုံ

နေပြည်တော်တွင် နေအပူရှိန် မြင့်မားမှုကြောင့် ကြက်သေဆုံးမှု မြင့်မား

ဘုတလင် အခြေခံအရန်မီးသတ်သင်တန်း ကျောင်းသူ ၂၇ ဦး တက်ရောက်

ရိုဟင်ဂျာလို့ သုံးနှုန်းသည့်အပေါ် အမေရိကန်သံရုံးကို ဆန္ဒပြ
Most Popular
Viewed
Comments
Recent
01
လေဆင်နှာမောင်းနှင့်အတူ ၁၃ ပေအထိ ပါသွားသည့် မူလတန်းကျောင်းသား (ရုပ်သံ)
02
ကျောက်ဆည်တွင် မိုးသည်းထန်မှုကြောင့် လူ ၆ ဦး တောင်ကျချောင်းရေထဲ မျောပါ
03
တိုက်ပြီး ဆိုင်ကယ် ဒရွတ်တိုက်ပါသွားသည့် ကားကို လိုက်ဖမ်း (ရုပ်သံ)
04
လမ်းမပေါ် ဇနီးမယားအား ရိုက်နှက်သည့် အမျိုးသားရုပ်သံဖိုင် ဝေဖန်မှုမြင့်တက် (ရုပ်သံ)
05
လှိုင်းဘွဲ့ ခရစ်ယာန်ဘုရားကျောင်းထဲ ဗုဒ္ဓစေတီ တရက်တည်းအပြီးတည်မှု ဒေသခံများစိုးရိမ်

Follow on Facebook

သတင်း
နိုင်ငံရေး
စီးပွားရေး
လူမှုရေး
ကျန်းမာရေး
ဘာသာရေး
ပညာ​ရေး
အလုပ်သမား
လယ်သမား
အနုပညာ
စစ်​ရေး
မှုခင်း
နိုင်ငံတကာ
သတင်း
အာရှဒေသ
အားကစား
ဆောင်းပါး
ရေဒီယို
DVB Radio Daily
Ethnic Radio
မေးမြန်းချက်
လွှတ်တော်​ရေး​ရာ
သုံးသပ်ချက်
သတင်းတို
Privacy Policy Contact

© Copyright 2013 DVB.

posted from Bloggeroid

Thursday, April 28, 2016

မန္တလေးကအိမ်ခြံမြေ

မန္တလေး အိမ်ခြံမြေဈေးနှုန်းကျဆင်းရေး အငှားအိမ်ရာနှင့် တန်ဖိုးနည်းအိမ်ရာများ လုံလောက်စွာ တည်ဆောက်ပေးရန်လို
---- ------ ------ ------ ----
မန္တလေးမြို့တွင် မြေဈေးကြီးမြင့်နေခြင်းကြောင့် ကျဆင်းအောင်လုပ်ဆောင်သွားမည်ဟု မန္တလေးမြို့တော်ဝန်မှ ပြောကြားခဲ့ခြင်းအပေါ် ယင်းကဲ့သို့ကျဆင်းရေးအတွက် အငှားအိမ်ရာများနှင့် တန်ဖိုးနည်းအိမ်ရာများ လုံလောက်စွာ တည်ဆောက်ပေးသင့်ကြောင်း အိမ်ခြံမြေအကျိုးဆောင် ကိုဝင်နိုင်က ပြောသည်။

အစိုးရသစ်၏မူဝါဒနှင့်ဆောင်ရွက်မည့် အီအစဉ်များကိုစောင့်ကြည့်ခြင်းနှင့် ၀ယ်လိုအားနည်းနေခြင်းတို့ကြောင့် လက်ရှိမန္တလေးဈေးကွက်မှာ အရောင်းအ၀ယ်အေးသော်လည်း တည်ငြိမ်သည့်အခြေအနေတွင် ရှိသည်။

“အိမ်ခြံမြေဈေးနှုန်းကျဆင်းဖို့ လုပ်မယ်ဆိုရင် စိန်ခေါ်မှုကြီးတခုပါ။ လက်ရှိမြေ၀ယ်ထားတဲ့သူတွေကလည်း ၀ယ်ဈေးထက်လျှော့ရောင်းဖို့ မလွယ်ဘူး။ ငွေလိုတဲ့သူအနည်းငယ်လောက်ပဲ ရောင်းကြမှာ။ ဈေးကျဆင်းဖို့ဆိုရင် အိမ်ရာတိုက်ခန်းတွေဆောက်ပြီး သင့်တဲ့ဈေးနဲ့ ရောင်းဖို့လိုတယ်။ ဈေးများနေရင် မြေ၀ယ်ကြမှာ”ဟု ၎င်းက ပြောသည်။

မန္တလေးမြို့၌ အိမ်ခြေမဲ့များနှင့် ကျေးလက်ဒေသမှ ရောက်လာသူများက ကျုးကျော်တဲများထိုးကာ နေထိုင်လာခြင်းဖြင့် ကျုးကျော်နေထိုင်သူများပြားလာပြီး ၎င်းကိစ္စကို ဦးစွာဖြေရှင်းရန်လိုကြောင်း သိရသည်။

“မန္တလေးမှာ မြေဈေးကွက်က လှောင်ကုန်တခုလိုဖြစ်သွားတာကလည်း လူမျိုးခြားတွေရဲ့ငွေကြေးနဲ့ မြန်မာငွေလဲပြီး ဈေးကစားကြတယ်။ သူတို့ငွေတန်ဖိုးနဲ့တွက်ရင် တန်ဖိုးနည်းသွားတယ်။ မြန်မာငွေဈေးနဲ့က အဆများစွာ ကွာတယ်”ဟု ကျောက်မျက်အရောင်းအ၀ယ်သမားတဦးက သုံးသပ်သည်။

မြန်မာငွေတန်ဖိုးမှာ တရုတ်ယွမ်ငွေနှင့် အဆ ၂၀၀ ခန့်၊ ဒေါ်လာငွေတန်ဖိုးနှု့် အဆ ၁၀၀၀ ခန့်စသဖြင့် ငွေတန်ဖိုးကွာခြားမှုကြောင့် အခြားနိုင်ငံခြားသားများ မြန်မာနိုင်ငံ၏မြေဈေးကွက်တွင် လာရောက်ရင်းနှီးမြှပ်နှံပါက ၎င်းတို့ငွေကြေးအနည်းငယ်သာ ရင်းနှီးစိုက်ထုတ်ရကြောင်းနှင့် မန္တလေးသည် စီးပွားရေးအလယ်ဗဟိုတွင်ရှိသဖြင့် လာရောက်ရင်းနှီးမြှပ်နှံကြကြောင်း အိမ်ခြံမြေအကျိုးဆောင်များက သုံးသပ်သည်။

ခိုင်ဆက်ဝေ

posted from Bloggeroid

Wednesday, April 27, 2016

ရေလုပ်သားများဆန္ဒပြတောင်းဆို

အင်းအတွင်းလုပ်ကိုင်စားသောက်ခွင့်ရှိရန်ဒေသခအင်အား
၁၅၀ မန္တလေးလူထုဟစ်တိုင်ကွင်းအတွင်းဆန္ဒပြတောင်းဆို

မန္တလေး ဧပြီ ၂၇
မန္တလေး မဟာအောင်မြေမြို့နယ်
တိုင်းပြည်သယံဇာတကိုတစ်ဦးတစ်ယောက်တည်းစားသုံးခြင်းရပ်ဆိုင်းပေးပြီး ဒေသခံများမျှတသောဝင်ငွေရရှိစေရန်အတွက် ဆန္ဒထုတ်ဖေါ်ခြင်းကို ဧပြီ ၂၇ရက်နံနက်နာရီ ၁၀တွင် မဟာမြိုင်အမှတ် ၂ရပ်ကွက် ၆၂လမ်း ၃၇လမ်းမှစတင် လှည့်လည် စတင်ဆန္ဒပြခဲ့သည်။

ရှင်ဒေါင်းမအင်း ဒေါင်းအင်း ဘုံစားအဖြစ်ပြန်လည်ရရှိရေး
မြထောင့်အင်း ၁၅လံအင်း ညောင်ပင်ဝိုင်း မြစ်ကျိုးထောင့်အင်းမျာကို ဘုံစားအင်းအဖြစ်ပြန်လည်သတ်မှတ်ပေးရန် မြင်းခြံမြို့နယ်ထနောင်းကုန်းရွာမှ
လုပ်ကိုင်ခွင့်ပြန်လည်ရှိရေးအတွက် ၆၂လမ်း၄၀×၄၁လမ်း
မနောရမံ ဟစ်တိုင်ကွင်းတွင် ငြိမ်ချမ်းစွာ ဆန္ဒထုတ်ဖေါ်ခဲ့ခြင်းဖြစ်သည်။
" ဦးးမြင့်က ဒီအင်းတွေကိုလုပ်ကိုင်နေတာ ၂၆နှစ် ရှိသွပါပြီ အရင်အစိုးရလက်က ဒေသခံတွေကို လေလံပြန်ချပေးမယ်ပြောပြီးလုပ်မပေးဘူး အရင်ကလဲ သက်ဆိုင်ရာ ဌာနအဆင့်ဆင့်ကို တိုင်စာပို့ခဲ့တယ် အကြောင်းမထူးဘူး အခုအစိုးရလက်ထပ်မှာ လွတ်လပ်စွာ ဆန္ဒပြခွင့်ရတဲအတွက် ဆန္ဒပြတာပါ နောက်တတ်လာတဲ့အစိုးအရအနေနဲ့ တိတိကျကျဖြေရှင်းပေးစေခြင်ပါတယ်"ဟု အင်းလုပ်သားအဖွဲ့အစည်း ဥက္ကဦးပွကြီးကပြောသည်။
၎င်းအင်းအများအတွင်း တစ်ဦးတစ်ယောက်တည်းတစ်ေ
ယာက်တည်းလုပ်ကိုင်စားသောက်နေမှုကြောင့် ဒေသခံများအနေဖြင့် လုပ်ကိုင်စားသောက်ခွင့်မရရှိခြင်းကြောင့် အဝေးသို့ သွားရောက်ကာ အလုပ်သွားလုပ်ရသည့် မတွက် ပညာရေး လူမှုရေး စီးပွားရေးများထိခိုက်နစ်နာမူများရှိကြောင်း
အဆိုပါအင်းများအတွင်းလုပ်ကိုင်စားသောက်ခွင့် ရရှိပါက ဒေသခံတွေအတွက်အလုပ်အကိုင် အခွင့်အလမ်းများရှိလာမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါဆန္ဒပြသူများအနေဖြင့် အင်းအတွင်းလုပ်ကိုင်စားသောက်ခွင့် ရရှိရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ဆန္ဒပွဲတွင် မဟာအောင်မြေ မြို့နယ် အမှတ်၉ ရဲတပ်ဖွဲ့မှ လုံခြုံးရေးဆောင်ရွက်ပေးပြီး၁၀နာရီခွဲတွင်ပြီးဆုံးသွားကြောင်းသိရသည်။
စိုင်းထူးခန့် 

posted from Bloggeroid

Tuesday, April 26, 2016

နိုင်ငံခြားသားနှစ်ဦး မိုင်းထိ


ကမ္ဘာ လှည့် ခ ရီး သည် နှစ် ဦး မိုင်း ထိ။

ကျောက် မဲ မြို့ နယ်၊ကွန် ကော် ကျေး ရွာ အုပ် စု၊ တော့ ဖယ် ရွာ တွင် ခ ရီး လှည့် လည် စဉ် ယ နေ့
နေ့ လည် နှစ် နာ ရီ ခန့် က တော့ ဖယ် ကျေး ရွာ အ ဝင် ရွာ ထိပ် တွင် တိုက် မိုင်း ဟု ယူ ဆ ရ သော မိုင်း
တ လုံး ထိ မိ ပေါက် ကွဲ ၍ ဒဏ် ရာ များ ရ ကုန် သည်။

ကမ္ဘာ လှည့် ခ ရီး သည် များ မှာ ဂ

ျာ မန် နိုင် သား တ ဦး နှင့် အ မျိုး သ မီး တ ဦး ဖြစ် ပြီး ဧည့် လမ်း ညွှန် လူ ငယ် တ ဦး လဲ ပါ သည်။ ထို သုံး ဦး တွင် အ မျိုး သ မီး မှာ ဒဏ် ရာ အ ပြင်း ထန် ဆုံး ဖြစ် ပြီး အ သက် အန္တရာယ် မ စိုး ရိမ် ရ ပါ။ အ မျိုး သ မီး
ရ သော ဒဏ် ရာ များ မှာ ညာ နာ ထင် ပေါက် ပြဲ ဒဏ် ရာ တ ခု၊ညာ လက် မောင်း ဖောက် ဝင် ဒဏ် ရာ တ ခု၊ ညာ လက် မောင်း အုံ ဖောက် ဝင် ဒဏ် ရာ တ ခု၊ညာ တ တောင် ဆစ် ဖောက် ဝင် ဒဏ် ရာ တ ချက် ရ ခဲ့ သည်။

အ မျိုး သား မှာ ညာ ဖက် နံ စောင်း ဖောက် ဝင်
တ ချက်၊ ဘယ် ဘက် နား မ ကြား ရ ဟု ပြော သည်။
ဧည့် လမ်း ညွှန် မှာ ညာ ပေါင် ပွန်း ပဲ့၊ ဝဲ ပေါင် ပွန်း ပဲ့၊
ညာ လက် ချောင်း များ ဖူး ရောင်၊ ညာ တင် ပ ဆုံ ဖောက် ဝင် ဒဏ် ရာ များ ရ ခဲ့ သည်။

ကျ နော် တို့ လူ မှု ရေး အ သင်း မှ ကျောက် မဲ မှ အ ခင်း ဖြစ် ရွာ သို့ ၁၈မိုင် ခန့် ဝေး သော တောင် ပေါ် ရွာ ထိ လူ နာ များ သွား ရောက် သယ် ဆောင် ခဲ့ ပြီး၊ ကျောက် မဲ ခ ရိုင် ပြည် သူ့ ဆေး ရုံ ကြီး သို့ ပို့ ဆောင် ပေး ခဲ့ သည်။

ထို လူ နာ များ ကို မန္တ လေး ဆေး ရုံ ကြီး သို့ လွဲ
ပြောင်း ပေး မည် ဖြစ် သည်။

posted from Bloggeroid

Thursday, April 21, 2016

ဆောင်းပါး

ကမ္ဘာကျော်ဂုတ်ထိပ်တံတားသို့အလည်သွားလိုသော်
( ခရီးသွားဆောင်းပါး )
~~~~~~~~~~~~~~~~~~~~~~
မြန်မာနှစ်ဆန်းတစ်ရက်နေ့ကစာရေးသူတို့မိသားစုနှင့်အိမ်နီးနားချင်းသူငယ်ချင်းများစုပေါင်း၍ ကမ္ဘာကျော်ဂုတ်ထိပ်တံတားကြီးကိုအလည်သွားဖြစ်သည်။ဂုတ်ထိပ်တံတားကြီးမှာစာရေးသူတို့နေထိုင်ရာကျောက်မဲမြို့နှင့် ၂၃ မိုင်ကျော်အကွာသာကွာဝေးသော်လည်းမရောက်ဖြစ်။စာရေးသူငယ်စဉ်အခါကရထားစီးပြီးဂုတ်ထိပ်ပေါ်အကြိမ်ကြိမ်အခါခါဖြတ်စီးဘူးသည် အမြင့်ပေ ၁၀၀၀ နီးပါးရှိသောတံတားပေါ်တွင် ရထားစီးရတာအသည်းတအေးအေးရင်တမမဖြင့်စိတ်လှုပ်ရှားစရာကောင်းလှသည် ရှမ်းပြည်နယ်၏လှပသောတောင်တန်းနှစ်ခုမကြားဖြတ်သွားသောဂုတ်ထိပ်တံတားပေါ်မှသဘာဝပါတ်ဝန်းကျင်အလှနှင့်အတူတံတားကြီးကိုအနီးကပ်မြင်တွေ့ရသည်ဖြစ်ရာကြည်နူးခံစားမှုကဘယ်ခံစားမှုနဲ့မတူဘဲတစ်မျိုးတစ်ဘာသာဆန်းနေသည်ကတော့အမှန်ပင်ဖြစ်သည်။တံတားဘေးဘယ်ညာတွင်မည်သည့်အကာအရံမှမရှိသည့်အတွက်ပို၍ပင်အသည်ယားစရာကောင်းလှ၏ ထိုစဉ်ကတံတားပေါ်တွင်စစ်တပ်မှရဲဘော်များကလုံခြုံရေးတာဝန်ယူထားသည်ဖြစ်ရာ တံတားအောက်တွင်လုံခြုံရေးယူထားသောရဲဘော်များကိုရထားစီးလာသူများမှမုန့်ပဲသရေစာနှင့်စားသောက်ဖွယ်ရာများကိုတံတားအောက်သို့ပစ်ချကာပေးလေ့ရှိသည်ကိုမှတ်မိနေသေးသည်။ ယခုတစ်ခေါက်ရောက်သည့်အချိန်တွင်တံတားထိပ်တွင် ရဲတပ်ဖွဲ့မှတာဝန်ကျရဲနှစ်ယောက်သာစောင့်ဆိုင်းတာဝန်ယူနေသည်ကိုတွေ့ရ၏ ကျွန်တော်တို့အဖွဲ့ဂုတ်ထိပ်တံတားဆီထွက်လာခဲ့ကြသော်လည်းဂုတ်ထိပ်တံတားရောက်မည့်လမ်းကိုကားသမားကပင်မသိဖြစ်နေရာ ဂုတ်တွင်းကားလမ်းနံဘေးမှမုန့်ဆိုင်လေးကိုဝင်မေးရ၏ ထိုအခါမှဂုတ်ထိပ်ရောက်မည့်လမ်းကိုသိရသည် ဂုတ်ထိပ်တံတားအထိရောက်သည့်လမ်းမှာ ၂ လမ်းရှိသည် ပထမလမ်းမှာကျောက်မဲမှထွက်လာပြီးရွှေဖီမြိုင်မရောက်ခင်ကားလမ်းမဘယ်ဘက်နံဘေးရှိ " အဓိဋ္ဌာန်အောင်ဘုန်းကြီးကျောင်း " သို့သွားသည့်လမ်းအတိုင်းဆင်းသွားကာဘုန်းကြီးကျောင်းရောက်လျှင်ကားထား၍ ဘုန်းကြီးကျောင်းမှဆင်းလိုက်လျှင်ရထားသံလမ်းရောက်ကာ သံလမ်းအတိုင်းနာရီဝက်လောက်လျှောက်သွားလျှင်ဂူကြီးနှစ်ဂူကိုဖြတ်လိုက်လျှင်ဂုတ်ထိပ်တံတားရောက်သည့်လမ်းဖြစ်သည်။ဒုတိယလမ်းမှာကျောက်မဲမှနောင်ချိုရောက်လျှင်ကံကြီးရွာဘက်သွားသည့်လမ်းအတိုင်း ၃ မိုင်ခန့်ဝင်သွားလျှင်ကားလမ်းနံဘေးဘယ်ဘက်တွင် ဂုတ်ထိပ်သို့ဆိုသည့်လမ်းညွန်ဆိုင်းဘုတ်သေးလေးကိုမြင်တွေ့ရမည်ဖြစ်သည်။ လမ်းညွန်ဆိုင်းဘုတ်မှာအတော်လေးသေးသဖြင့်အသေအချာဂရုစိုက်ကြည့်မှမြင်ရမည်ဖြစ်၏ ဆိုင်းဘုတ်ပြထားသည့်လမ်းအတိုင်းဆက်ဝင်သွားလိုက်လျှင် ရွှေပြည်ညွန့်ရွာသို့ရောက်မည်ဖြစ်ပြီး၎င်းမှဆက်သွားလျှင်ကုန်းစုံရွာကိုရောက်ကာ ရှေ့ဆက်သွားလိုက်လျှင် ဂုတ်ထိပ်ဘုန်းကြီးကျောင်းသို့ရောက်သည် ဂုတ်ထိပ်ဘုန်းကြီးကျောင်းတွင်ကားထားကာ ၁၀ မိနစ်ခန့်လမ်းလျှောက်သွားလျှင်ဂုတ်ထိပ်သို့ရောက်သည့်လမ်းဖြစ်သည်။
ဂုတ်ထိပ်တံတားကြီးကို ၁၈၉၉ခုနှစ်ကတည်ဆောက်ခဲ့ပြီး ၁၉၀၀ ဇန်နဝါရီလ ၁ ရက်နေ့တွင်တည်ဆောက်ပြီးစီးခဲ့ပြီး ၁၉၀၃ ခုနှစ်တွင်စတင်အသုံးပြုခဲ့သည် ဂုတ်ထိပ်တံတားကြီးကို ဗမာ့မီးရထားလမ်းကုမ္ပဏီ ( Burma Railroad Company ) ကတာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဗမာ့မီးရထားဌာနမှအင်ဂျင်နီယာ Arthur Rendel ဦးစီး၍ မြန်မာအင်ဂျင်နီယာများ ဗြိတိသျှအင်ဂျင်နီယာများကတည်ဆောက်ခဲ့ရာ ဂုတ်ထိပ်တံတားကြီး၏ဒီဇိုင်းပုံစံကို ဗြိတိသျှနိုင်ငံဆာအေရင်းဒဲလ်အင်ကုမ္ပဏီကရေးဆွဲပေးခဲ့ခြင်းဖြစ်သည်။၎င်းအပြင်ဗမာ့မီးရထားဌာနက ဂုတ်ထိပ်တံတားကြီးဆောက်လုပ်ရန် အမေရိကန်နိုင်ငံပင်ဆဲလ်ဗေးနီးယားနှင့်မေရီလန်းကုမ္ပဏီတို့ကိုငှားရမ်းလုပ်ကိုင်ခဲ့သည်။ကမ္ဘာကျော်ဂုတ်ထိပ်တံတားကြီးသို့အလည်သွားလိုသော်
တံတားကြီးကိုသံမဏိတိုင်ပေါင်း ၁၆ တိုင်ဖြင့်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တံတားအရှည်မှာ ၂၂၆၀ ပေရှည်၍ တံတားတိုင်၏အမြင့်ဆုံးတိုင်မှာ ပေ၃၂၀ ကျော်မြင့်ပြီး အနိမ့်ဆုံးတိုင်မှာ ၄၅ ပေမြင့်သည်။ တံတားတစ်ခုလုံးအတွက် သံနှင့်သံမဏိ ၄၃၁၁ တန်နှင့်သံမှိုပေါင်းတစ်သန်းကျော်ကိုအသုံးပြုခဲ့သည်။ တံတား၏တိုင်အမှတ် ၁၆ သည်မြေပြင်ကိုထောက်ထားခြင်းမဟုတ်ဘဲ တိုင်၏အောင်ခြေတွင်ကျောက်လှိုဏ်ဂူ ၃ ခုရှိသည်။ တိုင်အမှတ် ၁၆ သည်ပထမလှိုဏ်ဂူ၏အမိုးပေါ်တွင်စိုက်ထူထားခြင်းဖြစ်သောကြောင့် တံတားအောက်ရှိချောင်းရေသည်အဝေးကကြည့်လျှင်မြင်ရသော်လည်း တံတားအောက်ခြေရောက်သည်နှင့်၎င်းချောင်းမှာပျောက်ကွယ်သွားရခြင်းဖြစ်သည်။ အဆိုပါချောင်းသည်ကျောက်လှိုဏ်ဂူ ၃ ခုစလုံးကိုဖြတ်ကျော်စီးဆင်းပြီး အဝေးတစ်နေရာမှချောင်းကိုပြန်တွေ့ရသည်ဟုဖတ်ရှုခဲ့ဘူးသည်။ ကျောက်လှိုဏ်ဂူ ၃ ခုရှိသည့်အနက် ပထမလှိုဏ်ဂူကိုဝင်ရောက်ကြည့်ရှုရသော်လည်း ကျန်ဂူနှစ်ခုစလုံးတွင် တောနေသတ္တဝါများခိုအောင်းနေထိုင်ကြသဖြင့် အန္တရာယ်များသည်ဟုသိရ၏ ပထမလှိုဏ်ဂူသို့ရောက်ရန် ပေပေါင်း၁၀၀၀ ကျော်ခန့်ဆင်းရကြောင်းသိရသည်။
ဂုတ်ထိပ်တံတားကြီး၏သက်တမ်းသည်စတင်အသုံးပြုခဲ့သည့် ၁၉၀၃ ခုနှစ်မှစတင်ရေတွက်ကြည့်မည်ဆိုပါက သက်တမ်း ၁၁၃ နှစ်ရှိနေပြီဖြစ်သည်။ သို့သော်တံတားကြီးမှာခိုင်ခံ့စွာပြန်လည်ပြင်ဆင်ထားသည်ဖြစ်၍ ယနေ့ထက်ထိတိုင်ဖြတ်သန်းသွားလာအသုံးပြုနေခြင်းဖြစ်သည်။ တံတားတစ်ခု၏သက်တမ်း ၁၀၀ ကျော်အထိအသုံးပြုနိုင်သောတံတားမှာ ကမ္ဘာပေါ်တွင်အလွန်နည်းပါးသည်သာမက နှစ် ၁၀၀ ကျော်သက်တမ်းရှိနေသောကြောင့် ရှေးဟောင်းသမိုင်းဝင်တံတားတစ်စီးအဖြစ်လည်းကောင်း ကမ္ဘာလှည့်ခရီးသည်များစိတ်ဝင်စားမှုမြင့်မားကာ ၂၀၁၄ ခုနှစ်က ၃ သန်းကျော်အထိလာရောက်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ယခုအခါ မြန်မာ့မီးရထားဌာနမှဂုတ်ထိပ်တံတားကြီးပေါ်သို့လေ့လာကြည့်ရှုနိုင်ရန် စီးလုံးငှားရထားတစ်စီးကိုငှားရမ်းနိုင်အောင်စီစဉ်ပေးခဲ့ရာ ကမ္ဘာလှည့်ခရီးသည်များသာမက မြန်မာနိုင်ငံအတွင်းမှခရီးသွားများပင်နေ့စဉ်ရာနှင့်ချီ၍ လာရောက်လည်ပါတ်လျှက်ရှိသည်ကိုမြင်တွေ့ရသည်။ စီးလုံးငှားရထားဖြင့် နောင်ချိုဘူတာရုံတွင်ငှားရမ်းစီးနိုင်ပြီး ၎င်းစီးလုံးငှားရထားမှဂုတ်ထိပ်တံတား၏ထိပ်တွင်ရပ်ပေးကာလိုက်ပါလာသောခရီးသည်များမှဂုတ်ထိပ်တံတားပေါ်တွင်အလှရှုခင်းများရိုက်နေကြသည်ကိုလည်းမြင်တွေ့ခဲ့ရသည်။ သို့ဖြစ်ပါ၍ မြန်မာသာမကကမ္ဘာကျော်ဖြစ်သည့်ဂုတ်ထိပ်တံတားကြီးသို့အလည်အပါတ်အဖြစ်လာရောက်လည်ပါတ်ကြရန် ခရီးသွားဆောင်းပါးအဖြစ်ရေးသားဖေါ်ပြလိုက်ရပါသည်။
( ကျမ်းကိုး-မြန်မာ့စွယ်စုံကျမ်း )

မင်္ဂလာထွန်း(ကျောက်မဲ)

posted from Bloggeroid

Tuesday, April 19, 2016

ကွမ်းယာ

မန္တလေးတွင် ကွမ်းယာစားသုံးမှုပပျောက်ရေးအတွက် အဆင့်လိုက်ဆောင်ရွက်မှု စတင်မည်
---- ------ ------- ------- ----
မန္တလေးမြို့တော် သာယာရေးနှင့် သန့်ရှင်းလှပရေးနှင့် အများပြည်သူ ကျန်းမာရေးအတွက် ကွမ်းယာစားသုံးမှု ပပျောက်ရေးကို အဆင့်လိုက်လုပ်ဆောင်သွားမည်ဖြစ်ရာ ဧပြီ ၂၀-ရက်နေ့မှ စ၍ မြိုတော်စည်ပင်မှ ကွမ်းယာဆိုင်များကို စာရင်းကောက်ယူမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာမှ သတင်းရရှိသည်။

ယင်းကဲ့သို့ ကွမ်းယာစားသုံးမှုပပျောက်ရေးနှင့်ပတ်သက်ပြီး ဧပြီ ၁၉-ရက်နေ့က ညွန်ကြားချက်ရရှိခဲ့၍ စတင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

ခိုင်ဆက်ဝေ

posted from Bloggeroid

တံတားကကျောက်မီးသွေးတင်သဘောင်္ပေါ်လုယက်မှု


ကျောက်မီးသွေးတင်သဘောင်္ပေါ်သို့ လူအုပ်စုဖြင့် လုယက်ခဲ့သည့်
ကွင်းဆက်တရားခံများအား ရှာဖွေဖမ်းဆီးနေ
---- ------ ------ ------ ----
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ လက်ဆောင်ယူကျေးရွာအနီး၊ဧရာဝတီမြစ်အတွင်း ဧပြီ၁၇ရက် မွန်းလွဲ၃နာရီခန့်က ကျောက်မီးသွေးတင်ဆောင်သည့် လွိုင်ဆမ်ဆစ်သဘောင်္ပေါ်သို့ အုပ်စုဖြင့် ပစ္စည်းများလုယက်သူ ၆-ဦးကို
ဖမ်းမိခဲ့ပြီး ထွက်ပြေးနှင့်ကွင်းဆက်တရားခံများကို

ရဲတပ်ဖွဲ့က ရှာဖွေဖေါ်ထုတ်နေကြောင်း တံတားဦးရဲစခန်းမှ ဒုရဲအုပ် သန်းဝေက ပြောသည်။

လူ ၈-ဦးက စက်လှေတစ်စီးဖြင့် ခရီးသည်ဟန်ဆောင်ရောက်ရှိလာပြီး ရွှေထည် ၆-မျိုး (၁၅-သိန်းကျော်) ငွေသား-၈ သိန်းကျော်၊ လူသုံးကုန်ပစ္စည်းတန်ဖိုး ၈-သိန်းကျော်၊ စုစုပေါင်း ငွေကျပ် ၃၁ သိန်းကျော် လုယက်ကာ ရိပ်သာကျွန်းဘက်သို့ ထွက်ပြေးသွားသည်ဟုဆို သည်။

"သင်္ဘောကို ရေတိမ်ပိုင်းမောင်းခိုင်းတော့ သောင်တင်ပြီး သင်္ဘောမှန်တွေရိုက်ခွဲ၊ ပစ္စည်းတွေ လုယူပြေးသွားတယ်။ လိုက်ဖမ်းတော့ ခုခံကြတာ။ သက်သေခံပစ္စည်းတွေနဲ့ ဖမ်းမိထားတဲ့အပြင် ကွင်းဆက်တရားခံတွေကို ပိုက်စိပ်တိုက်ရှာနေတာပါ"ဟု ၄င်းကပြောသည်။

မန္တလေးတိုင်း၊ တံတားဦး၊စစ်ကိုင်း၊ အမရပူရ၊နှင့်ရေကြောင်း ရဲတပ်ဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကွင်းဆက်တရားခံများကို စုံစမ်းရှာဖွေနေရာ စစ်ကိုင်းမြို့နယ်၊ရိပ်သာကျွန်း၊ ဘုန်းကြီးကျောင်း၌ ခိုအောင်းနေသူသုံးဦးကို ဧပြီ ၁၈ ရက်နေ့က တွေ့ရှိဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

ပူးပေါင်းအဖွဲ့သည် အမြန်သွားကင်းလှည့် ရေယာဉ် FB-012 ဖြင့်
လိုက်လံဖမ်းဆီးရာ လုယက်သည့် စက်လှေအဖွဲ့က ရဲတပ်ဖွဲ့စက်လှေအား
ဖြတ်တိုက်ခြင်း၊ ဓါးရှည်ဖြင့်ခုတ်ခြင်း၊ ဓါးမြောင်များ၊ မီးရှို့ထားသောဓါတ်ဆီ ပုလင်းများနင့် ပစ်ပေါက်ခြင်းဖြင့် ခုခံပြီး ၄င်းတို့စက်လှေကို နောက်ကြည့်ကျွန်းသောင်ပြင်တွင် ထားရှိထွက်ပြေးသွားကြောင်း၊ အဆိုပါသဲသောင်ပြင်တွင် မသကာင်္သူတဦးအား တွေ့ရှိ၍ စစ်ဆေးဖေါ်ထေုတ်ခဲ့ကြောင်း သိရသည်။

ခိုင်ဆက်ဝေ

posted from Bloggeroid

Saturday, April 16, 2016

ကိုယ်မိန်မကိုသက်

အိပ်ပျက်အောင် တင်လိုက်ဦးမယ်နော်
ထမင်းစားပျက်မယ်ဆိုရင်တော့ sorry
သပိတ်ကျင်းမြို့နယ် ညောင်လေးပင်ကျေးရွာက
လူသတ်မှု
သူများတွေပြောနေကြတာတော့ ဒီလထဲ တစ်နိုင်ငံလုံးလူသတ်မှုတွေထဲက အကြီးဆုံးအမှုဆိုလား
14-4-2016 ကဖြစ်ခဲ့တာပါ
ကွဲနေတဲ့မိန်းမကို ပြန်ပေါင်းဖို့ပြောတာလက်မခံလို့ဆိုရာကနေ ယောက်ျားဖြစ်သူက မသေမခြင်းဓါးနဲ့ ခေါင်းပြတ်တဲ့အထိခုတ်သတ်တာတဲ့ဗျ
ကျနော်ခရီးထွက်နေလို့ခုမှရလို့တင်တာပါ
နှလုံးနာသွားကြရင် very sorryပါ
ဒေါသရှေ့ထားမှားတတ်သည်ဆိုတာ ပြောချင်လို့
photo;NTA

posted from Bloggeroid

Friday, April 8, 2016

ပေါ်တော်မူဘုရားများတွေ့


စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ် ၊တံခွန် တိုင်ကျေးရွာအုပ်စု တုံစီရွာသစ်၏မြောက်ဘက် ၇ ဖာလုံခန့် အကွာ မဲဇာမြစ်ကမ်း၏ တောင်ဘက် ၂ ဖာလုံခန့်အကွာ၌ရှိသောရှေးဟောင်းဘုရား
တစ်ဆူအား ပြုပြင်မွမ်းမံရန်အတွက် မတ်လအတွင်းက တူးဖော်ခဲ့ရာ စေတီတော်အတွင်းမှ ရှေးဟောင်း
ကြေးဘုရားရုပ်ပွားဆင်းတုတော်မျိုးစုံ ၃၃၁ ဆူနှင့် ဓာတ်တော်များကို တူးဖော်ရရှိပြီးမှန်တိုက်အတွင်းထည့်ကာ အပူဇော်ခံထားကြောင်း သိရသည်။
စေတီတော်ကို မိုးညှင်းမင်းတရားကြီးက သက္ကရာဇ် ၇၉၆ ခုနှစ်တွင် မဟာမုနိဓာတုရံသီ ဘွဲ့အမည်ပေး၍ တည် ထားကိုးကွယ်ခဲ့သည်။ ယခုအခါ တုံစည်ရွာမကျောင်း ဒုတိယ ဆရာတော်ဦးဥာဏေယျဦးစီး၍ ဥာဏ်တော် ကိုးတောင်ရှိစေတီတော်ငယ်ကို ဥာဏ်တော် ၁၈ တောင်အမြင့်ဖြင့် ကချင်ပြည်နယ် မော်ဟန်ရွာ ဘုရားဒကာ ဦးသန်းညွန့် ဘုရား ဒါယကာ၊ ဒါယိကာမ ဒေါ်ခင်စန်းမြင့်တို့၏ ပစ္စယ အထောက်အပံ့ကိုယူ၍ စေတီငယ်ကို ထီးတော်နှင့်တကွငုံပြီး ပြုပြင်မွမ်းမံ လျှက်ရှိကြောင်းသိရသည်။ အဆိုပါရုပ်ပွါးတော်များရှိရာသို့မြို့နယ်အတွင်းမှဘုရားဖူးများနေ့စဉ်များပြားလာရောက်ဖူး
မျှော်လျက်ရှိကြောင်းသိရသည်။
ပေးပို့သူ
ကိုကျော် အင်းတော်
09400516414

posted from Bloggeroid

Thursday, April 7, 2016

မန္တလေး ရေစကားမဏ္ဍာပ်များ လက်မှတ်များအမြန်အားပေးဝယ်ယူနိုင်



မန္တလေး ကျုံးဘေး ရေစကားမဏ္ဍာပ်များများလက်မှတ်များရောင်ချလျှက်ရှိ

မန္တလေး ဧပြီ ၈
မန္တလေးမြို့ မြန်မာရိုးရာ သင်္ကြန်ပွဲတော် ရေစကားမဏ္ဍာပ်များစည်းကမ်းချက်
အညီ သက်မှတ်ထားသော မဏ္ဍာပ်များ ကြိုတင်လက်မှတ်ရောင်ချမှုများနှင့်
ကြံခိုင်မှုရှိမရှိ မန္တလေးစည်ပင်သာရေးအဖွဲ့များလိုက်လံစစ်ခြင်းများကိုဧပြီ
လ ၈ နေ ကတွေ့မြင့်ခဲရသည်။

"ကျွန်တော်မဏ္ဍာပ်ကတော့ မန္တလေးစည်ပင်သာယာရေး၏ခွင့်ပြုချက်နှင့်
အညီ တည်ဆောက်ထားတာဖြစ်ပါတယ် သူငယ်ချင်းတွေ မန်မာ ၁၃ နဲ့
ဒီနှစ်မှ မဲပေါက်လို တည်ဆောက်ခွင့်ရတာ မဏ္ဍာပ်အမည်က 9-PLUS
အမည်ပေးထားပါတယ် ဒီမှာလာရေစကားသူတွေလုံခြုံမှု့ရှိစေရန်အတွက်
CCTV ၁၆ လုံး တက်ထားပေးတယ် လုံးခြုံရေးအင်အား အယောက် ၄၀
ချပေးထားမယ် လက်မှတ်ခတွေကတော့ အကြိုနေ့ ၅၀၀၀ကျပ် အကျနေ့
၁၀၀၀၀ ကျပ် ပထမအကြပ် ၁၆၀၀၀ကျပ် ဒုတိယအကြပ် ၂၀၀၀၀ကျပ်
အတက်နေ့က ညပါ ၂၅၀၀၀ကျပ် ဖြစ်ပါတယ် ဈေးနုံန်းကို အများလာရောက် ရေစကားနိုင်အောင်စီစဉ်ထားပါတယ် ဗျောဖြေရေး
အနေနဲ့က MUSIC BY DJ-ERRoR K(THAiLAND) DJ- Juicynge
DJ-seven နဲ့အတူ ရန်ကုန် မန္တလေးက အနုပညာရှင်တွေများစွာပါဝင်
သီဆိုသွားမည်ဟုမဏ္ဍပ်ဖြစ်မြောက်ရေးတာဝန်ခံ လက်ကီဟိုတယ်က
ကိုကျော်ညီညီလက်ကပြောသည်။

မန္တလေးမြို့ ကျုံးဘေး ပက်ပက်လည်ရှိ မဏ္ဍာပ်ပေါင်း ၄၀ ကျော်ကို စည်ပင်
ယာရေးအဖွဲ့က ဧပြီလ ၈ နံနက်ကစတင်၍စည်းကမ်းနှင့်ညီမညီ လိုက်လံ
စစ်ဆေးလျှက်ရှိပြီ မန္တလေးကျုံးဘေး တစ်လျှောက်တွင် နေ့ည မပြက်
ကြိုတင်လက်မှက် ရောင်ချသူများနှင့် ဝယ်ယူသူများဖြင့်စည်ကားလျှာက်
ရှိသညိကိုတွေ့ရသည်။

"သင်္ကြန်းနီလာတာနဲ့ မန္တလေးကျုံးဘေးလမ်းတွေ ယာဉ်ကြောပိတ်ဆိုမှု့တွေ
ဖြစ်လျှက်ရှိပါတယ် ဒီလိုဖြစ်ရတာက သင်္ကြန်းဆိုတာနဲ့ မန္တလေးဒေသခံ
တွေက ကျုံးဘေး မဏ္ဍာပ်တွေ ဘယ်လောက်ရှိတယ် လာရောက်ကြည့်
ကြတာတွေနဲ့ မဏ္ဍာပ်ပေါ် တက် ရေစကားကြမယ် လူငယ်တွေ လက်မှတ်
လာဝယ်ကြတာတွေနဲ့ဆိုတော့ အခုလို ယာဉ်ကြောများ ပိတ်နေတာဟု
လက်မှတ်လာဝယ်သူ ကိုချစ်ထွေးက ပြောသည်။

အဆိုပါရေစကားမဏ္ဍာပ်များကို မီးစက် ပိုက်များဖြင့် ပက်ခွင်မပေးဘဲ
သုံးမတ်ပိုက် များဖြင့်သာ မဏ္ဍာပ် တစ်ခုလျှင် ပိုက် ၁၀၀ သာခွင့်ပြုပေး
ထားကြောင်း မဏ္ဍာပ်များကိုလည် ပေ ၁၀၀ သာ ခွင့်ပြုပေးထားကြောင်း
သိရသည်။

posted from Bloggeroid

ညဆိုင်ကယ်ဖြင့်လုယက်သူများဖမ်းမိ

မန္တလေးမြို့တွင် ညအချိန် ဆိုင်ကယ်များအား အုပ်စုဖွဲ့လုယက်သူများအား ဖမ်းဆီးရမိ
မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ၃၅လမ်း၊ ၆၆x၆၈လမ်းကြားရှိ ရေနီမြောင်းတံတားပေါ်၌ အုပ်စုဖွဲ့ကာ ဆိုင်ကယ်များ အား ခဲဖြင့်ထုကာ ဆိုင်ကယ်နှင့်ပစ္စည်းများလုယက်သူများကို ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်း ဖမ်းဆီးရ မိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ ဧပြီ ၅ရက်နေ့ ည ၁၂နာရီကျော်အချိန်တွင် ကိုအာကာမောင်နှင့်ကိုဇော်ဝင်းသိန်းတို့သည် ဆိုင်ကယ်နှစ်စီး ဖြင့် ၃၅လမ်းအတိုင်း အရှေ့မှအနောက်သို့မောင်းနှင်လာစဉ် ၃၅လမ်း၊ ၆၆x၆၈လမ်းကြားရှိ ရေနီမြောင်းတံတားအနီး အရောက်၌ အဆိုပါတံတားပေါ်တွင် ထိုင်နေသည့် လူငယ်၎ဦးခန့်က အုတ်ခဲဖြင့် လှမ်းထုသဖြင့် ဆိုင်ကယ်လဲကျသွားပြီး နောက် ကိုအာကာမောင်အား လူငယ်တစ်ဦးမှ အုတ်ခဲဖြင့်ထုခဲ့ကြောင်း၊ လဲကျသွားသည့်ဆိုင်ကယ်အား ကိုဇော်ဝင်းသိန်း က ထုမနေစဉ် ကျန်လူငယ်တစ်ဦးက ၀က်အူလှည့်ကိုင်၍ ပြေးလာသဖြင့် ကိုအာကာမောင်နှင့်ကိုဇော်ဝင်းသိန်းတို့သည် ဆိုင်ကယ်ပေါ်တက်၍ မောင်းနှင့်ထွက်ပြေးခဲ့ရသည်ဟု သိရသည်။
ထိုကဲ့သို့ ကိုအာကာမောင်နှင့်ကိုဇော်ဝင်းသိန်းတို့ မောင်းနှင့်ထွက်ပြေးစဉ် အမှတ်(၃)နယ်မြေရဲစခန်းမှ ဒုရဲအုပ်ကျော်ထက် ဦးစီးသည့်လှည့်ကင်းအဖွဲ့ ရောက်ရှိလာပြီး လုယက်သူများအား ၀ိုင်းဝန်းဖမ်းဆီးရာ လူငယ်တစ်ဦးကို နေရာတွင် ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
“၅ရက်နေ့ ည ၁၂ နာရီကျော်လောက်က ကျွန်မယောင်္ကျားနဲ့ သူ့သူငယ်ချင်း ဆိုင်ကယ်တစ်စီးစီ စီးလာတာကို အဖွဲ့လိုက် ရပ်နေတဲ့ လူငယ်အုပ်စုက ဆိုင်ကယ်ကို ခဲတွေနဲ့ဝိုင်းထုပါတယ်၊ ဆိုင်ကယ်ရဲ့ဘီးကို အဓိကထား ထုတာဆိုတော့ ဆိုင် ကယ်လဲသွားတဲ့အခါမှာ အုပ်စုလိုက်ဝိုင်းလာပြီး လုယက်ဖို့ ကြိုးစားခဲ့ကြတာပါ၊ သူတို့က လူကိုပါ အသေသတ်ဖို့ ခဲတွေ၊ ခါးပတ်တွေ၊ ၀က်အူလှည့်တွေ ကိုင်ပြီး လိုက်လာကြတယ်လို့ သိရပါတယ်၊ ကျွန်မယောင်္ကျားမှာ ဆိုင်ကယ်လဲတဲ့ ဒဏ်ရာ တွေရော၊ ခဲနဲ့ထုတဲ့ဒဏ်ရာတွေရော ရထားတဲ့ကြားက အသေသတ်ဖို့ လိုက်လာတဲ့ အဖွဲ့ကို ကြောက်လွန်းလို့ မနည်းအသက်လုပြေးခဲ့ရတယ်လို့ သိရပါတယ်၊ အဲ့ဒီအချိန်မှာ လှည့်ကင်းပတ်နေတဲ့ ရဲတွေရောက်လာပြီး ဝိုင်းဖမ်းတော့ တစ်ယောက်ကို မိခဲ့ပါတယ်၊ ရဲတွေအရောက်မြန်လို့သာ အသက်ဘေးကလွတ်ခဲ့ရတာပါ”ဟု ကိုအာကာမောင်၏ ဇနီးဖြစ်သူ မဂျုးဂျူးက သူမ၏ Facebook စာမျက်နှာထက်တွင် ပြောကြားထားသည်။
ယခုဖြစ်စဉ်တွင် ကိုအာကာမောင်သည် ရှေ့သွားနှစ်ချောင် ကျိုးသွားခဲ့ပြီး ယာမျက်ခုံးပေါ်တွင် ဖူးယောင်ပေါက်ပြဲဒဏ်ရာ၊ ၀ဲ လက်မောင်တွင် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံးကြီးတွင် ဆေးကုသမှုခံယူလျက်ရှိပြီး အတူပါသူ ကိုဇော်ဝင်းသိန်းမှာ ဒဏ်ရာတစ်စုံတရာရရှိခြင်း မရှိကြောင်း သိရသည်။
“ကျွန်တော်တို့ လှည့်ကင်းအဖွဲ့တွေက ညပိုင်းဆိုရင် ကိုယ့်အပိုင်နယ်မြေထဲမှာ မှုခင်းဖြစ်ပွားမှုမရှိစေရေးနဲ့ ဖြစ်ပွားမှု လျော့ ကျစေဖို့အတွက် လှည့်ကင်းဆောင်ရွက်နေပါတယ်၊ ၅ရက်နေ့ ညပိုင်းက လှည့်ကင်းဆောင်ရွက်နေချိန် ၃၅လမ်း၊ ၆၆x၆၈ လမ်းကြားအရောက်မှာ လုယက်မှုဖြစ်နေတာကြောင့် ၀ိုင်းဝန်းဖမ်းဆီးတဲ့အချိန်မှာ ထွက်ပြေးသွားတဲ့သူက ထွက်ပြေးသွား တယ်၊ ကျန်တဲ့တစ်ယောက်ကို ဖမ်းတဲ့အခါမှာ ပြန်လည်ခုခံမှုတွေ ပြုခဲ့တာကြောင့် လုံးထွေးဖမ်းဆီးခဲ့ရတယ်၊ အဲဒီလို လုံး ထွေးဖမ်းဆီးခဲ့တာကြောင့် တရာခံမှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့ပါတယ်”ဟု အမှတ်(၃)နယ်မြေရဲစခန်းမှ ဒုရဲအုပ်ကျော် ထက်က ပြောသည်။
ယခုဖြစ်ပွားသည့် လူယက်မှုတွင် တရားခံအောင်ကိုဇော်အား အခင်းဖြစ်ပွားရာနေရာ၌ ဖမ်းဆီးရမိခဲ့ပြီး အမှတ်(၃)နယ်မြေရဲ စခန်းမှ (ပ)၁၂၃/၁၆၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၃၉၄ ဖြင့် အမှုဖွင့် အရေးယူထားပြီး တရားခံအောင်ကိုဇော်အား အမှတ်(၃) နယ်မြေရဲစခန်းမှူး ရဲအုပ် ထိုက်လင်းစိုး၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်ထက်နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ မန္တလေး ခရိုင် မှုခင်းအကူဌာနစိတ်တာဝန်ခံ ရဲအုပ်ကြည်ဇင်နှင့်အဖွဲ့တို့မှ ပူးပေါင်းစစ်ဆေးရာ တရားခံ၏ထွက်ဆိုချက်အရ ၎င်းနှင့် အတူ တရားခံ၇ဦး ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့ကြောင်း၊ ဖမ်းဆီးရမိသည့် တရားခံ၏ ထွက်ဆိုချက်အရ ထွက်ပြေးသွား သည့် ကျန်တရာခံများကို ဆက်လက်ဖမ်းဆီးခဲ့ရာ တရားခံနှစ်ဦးကို ဧပြီ ၆ရက်နေ့တွင် ၎င်းတို့၏ နေအိမ်များ၌ ဖမ်းဆီးရမိ ခဲ့ပြီး ကျန်တရားခံ ၄ဦးအား ထပ်မံဖမ်းဆီးရရှိနိုင်ရန် စုံးစမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ညအချိန် ဆိုင်ကယ်များအား အုပ်စုဖွဲ့လုယက်သူများမှာ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်အပိုင်း(၇)နေ အောင်ကိုဇော် (ခ)ကြွက်ကလေး အသက်(၁၄)နှစ် (ဘ)ဦးဝင်းမြင့် (ဖမ်းဆီးရမိ)၊ မဟာအောင်မြေမြို့နယ်၊ ဗောဓိကုန်းဥယျာဉ်ကွက်သစ် နေ အောင်ဖြိုးဇော် အသက်(၂၀)နှစ် (ဘ) ဦးမောင်ဌေး (ဖမ်းဆီးရမိ)၊ မဟာအောင်မြေမြို့နယ်၊ ဗောဓိကုန်း ဥယျာဉ်ကွက်သစ်နေ အာနိုး(ခ)ဇင်ငြိမ်းထွဋ်(ခ) ရှိုင်းလေး အသက်(၁၆)နှစ် (ဘ) ဦးသန်းဇော်(ဖမ်းဆီးရမိ)၊ မဟာအောင် မြေမြို့နယ်၊ ၆၈လမ်း၊(၄၀x၄၁လမ်းကြား) နေ ကိုဘဲ (ထွက်ပြေးတိမ်းရှောင်)၊ မဟာအောင်မြေမြို့နယ်၊ ၆၈လမ်း၊(၄၀x၄၁ လမ်းကြား) နေ စိုင်းဘို

(ထွက်ပြေးတိမ်းရှောင်)၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်နေ ကုလား (ထွက်ပြေး တိမ်းရှောင်)၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်ရပ်ကွက်နေ သိုးကြီး (ထွက်ပြေးတိမ်းရှောင်)တို့ ဖြစ်ကြောင်း သိရသည်။

posted from Bloggeroid

အရှိန်မထိမ်းနိုင်သောကား

ကားကို အရှိန်ပြင်းစွာ မောင်းနှင်ရာ အရှိန်မထိန်းနိုင်ပဲ လမ်းဘေးသစ်ပင်အား ဝင်တိုက်
==============================

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကာလင်းမြို့
ကျော်ဇေယျာရပ်ကွက် ခမောက်တောင်လမ်းဆုံအနီးရှိ မိန်းလမ်းပေါ်တွင် YGN/3I- 5231ယာဉ်တစ်စီး အရှိန်ပြင်းစွာ မောင်းနှင်ရာ က အရှိန်မထိန်းနိုင်ပဲ လမ်းဘေးရှိ သစ်ပင်အား ဝင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဧပြီလ (၆)ရက်နေ့ည(၉း၀၀)နာရီအချိန်ခန့်တွင် အရှိန်ပြင်းစွာ မောင်းနှင်လာသော အဆိုပါယာဉ်မှာ လမ်းဘေးတွင် ရပ်ထားသော(၂၂)ဘီးယာဉ်အား ဝင်တိုက်ရာမှ အရှိန်မထိန်းနိုင်ပဲ လမ်းတစ်ဘက်ရှိ
ရေနံချေးရောင်းသည့် ဆိုင်ရှေ့မှ သစ်ပင်အား ဝင်တိုက်မိတာဖြစ်ကြောင်း မျက်မြင်တွေ့ရှိသည့်
ဒေသခံ တစ်ဦးက ပြောသည်။

"ဆိုင်ရှင်တွေက ထမင်းစားနေကြတာ သစ်ပင်ခံလို့ မဟုတ်ရင် ယာဉ်ပေါ်မှာ ပါလာတဲ့ လူတွေ အသက်အန္တ ရာယ် ထိခိုက်နိုင်ပါတယ်။ဒီကားက K.T.V ဘက်က ထွက်လာတာပါ။ ကားမောင်းတဲ့သူကတော့ အရမ်းကို မူးနေတာကို တွေ့ရတယ်။ ယာဉ်မောင်းဟာ ဗိုလ်ကြီးလို့တော့ပြောတာပဲ ဘယ်တပ်က ဆိုတာတော့ ပြောမပြဘူး" ဟု မျက်မြင်တွေ့ရှိသည့် အဆိုပါဒေသခံ တစ်ဦး က ပြောသည်။

မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်ခြင်းနှင့် ပတ်သတ်၍ လိုင်စင်ရှိ စီစစ်ရန် လိုအပ်ချက်များ ရှိသော်လည်း အခင်းဖြစ်စဉ်အချိန်က တပ်ဆင်ထားသည့် ယာဉ်တွင်ပါရှိသော နံပါတ်အရ လိုင်စင်မရှိနိုင်ကြောင်း ဒေသခံများအနေဖြင့် သပ်ပြောဆိုလျက်ရှိသည်။

၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ မော်တော်ယာဉ် မောင်းနှင် သူအား လာရောက် ခေါ်ဆောင်သွားသည့်
ကောလင်းမြို့မရဲစခန်းမှ ရဲအုပ်စန်းယုအား ဆက်သွယ်မေးမြန်းရာ ယာဉ်မောင်းမှာ တပ်ရင်း(…)က ဗိုလ်မှုးဖြစ်ကြောင်း တပ်စည်းကမ်းအရ အရေးယူမည်ဖြစ်သဖြင့် လွှဲပြောင်း ပေးအပ် လိုက်ကြောင်း၊ ယာဉ်တိုက်မှု့ကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ပါလာသူများ ထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း ပြောကြားခဲ့သည်။

ဗေဒါ- ကသာ

posted from Bloggeroid

ဒေါ်စုနဲ့မြန်မာသမ္မတသစ်



ဒေါ်စုနဲ့ မြန်မာသမ္မတသစ်ကို အိုဘားမား ချီးကျူး

07.04.2016 06:53



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်ပြီး မြန်မာနိုင်ငံမှာ အရပ်သားအစိုးရတရပ်ကို ထူထောင်နိုင်ခဲ့တဲ့အတွက် အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက ချီးကျုးတဲ့အကြောင်း ဧပြီလ ၆ ရက်နေ့က ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတသစ် ဦးထင်ကျော်တို့ကို တယ်လီဖုန်းဆက် ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အရပ်ဘက်က ဦးဆောင်တဲ့ အစိုးရတရပ်ထံ ဒီမိုကရေစီနည်းကျ အာဏာလွှဲပြောင်းပေးတဲ့ သမိုင်းဝင်ဖြစ်ရပ်အတွက် ဂုဏ်ယူကြောင်းနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ သမ္မတသစ် ဦးထင်ကျော်ကိုလည်း ချီးကျုးလိုတဲ့အကြောင်း သမ္မတ အိုဘားမား ကိုယ်တိုင် ဗုဒ္ဓဟူးနေ့က တယ်လီဖုန်းဆက် ပြောကြားခဲ့တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ကြေညာချက်က ဖော်ပြပါတယ်။

ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းနိုင်ဖို့နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ရှေ့တိုးဆောင်ရွက်နိုင်ဖို့ နှစ်ပေါင်းများစွာ တစိုက်မတ်မတ်နဲ့ အကြီးအကျယ် ပေးဆပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းမှုတွေအတွက် ဂုဏ်ယူကြောင်းလည်း သမ္မတအိုဘားမားက ပြောဆိုခဲ့သလို၊ အားလုံး ပိုမိုပါဝင်နိုင်မယ့် ငြိမ်းချမ်းပြီး၊ သာယာဝပြောတဲ့ အနာဂတ်ပိုင်ဆိုင်နိုင်အောင် မြန်မာပြည်သူတွေနဲ့ အစိုးရကို အမေရိကန်က ဆက်လက် ကူညီဖို့လည်း ကတိပြု ပြောကြားသွားပါတယ်။ မကြာခင်ကျရောက်တော့မယ် အတာသင်္ကြန်ပွဲတော်နဲ့ နှစ်သစ်ကူးအခါသမယ မတိုင်ခင် သမ္မတဦးထင်ကျော်နဲ့ မြန်မာပြည်သူ တွေအတွက် သမ္မတအိုဘားမားက ဆုမွန်ကောင်း တောင်းလိုက်ကြောင်းလည်း အိမ်ဖြူတော်ရဲ့ ကြေညာချက်က ဖော်ပြခဲ့ပါတယ်။ အလားတူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ဧပြီလ ၅ ရက် အင်္ဂါနေ့က သမ္မတ ဦးထင်ကျော်ကို တယ်လီဖုန်းခေါ်ဆိုခဲ့ပြီး - နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံရဲ့ ပထမဆုံး အရပ်သားသမ္မတတဦးအဖြစ် ရွေးချယ်တင်မြှောက်ခံရမှုအပေါ် ကြိုဆိုကြောင်းနဲ့ မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂက ဆက်လက် ပံ့ပိုးကူညီသွားမယ့်အကြောင်း ပြောကြားခဲ့ပါတယ်။

posted from Bloggeroid

စုံစမ်းစစ်ဆေးဖို့လိုအပ်



Panama Papers စာရင်းမှာ ပါဝင်သူတွေကို စုံစမ်းစစ်ဆေးဖို့ အစိုးရတွေမှာတာဝန်ရှိ

07.04.2016 07:38



Panama Papers လို့ခေါ်နေကြတဲ့ ပြည်ပမှာ လျှို့ဝှက်ဘဏ်စာရင်း ဖွင့်ထားသူတွေရဲ့ စာရင်းထဲမှာ ပါဝင်သူတွေဟာ တရားဥပဒေ ချိုးဖောက်ရာ ရောက်မရောက် သေသေချာချာ မပြောနိုင်ပေမဲ့ ဒါဟာ ကမ္ဘာနဲ့အ၀ှမ်းဖြစ်ပေါ်နေတဲ့ ဘဏ္ဍာရေးစနစ်ကို အလွဲသုံးစားမှု တစ်ခုဖြစ်တယ်လို့ နိုင်ငံတကာ ငွေကြေးစောင့်ကြည့်ရေး အဖွဲ့တစ်ခုက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

သက်ဆိုင်ရာ နိုင်ငံအစိုးရတွေအနေနဲ့ ဒီစာရင်းထဲမှာ ပါဝင်သူတွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေကို တောင်းယူပြီး အများပြည်သူသိရှိအောင် ထုတ်ပြန်ပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ သတင်းအပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုရဲခေါင်က တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်မြို့တော်အခြေစိုက် နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုဆိုင်ရာ သတင်းထောက်အဖွဲ့ ICIJ က ပနားမား အခြေစိုက် Mossack Fonseca ဥပဒေအကျိုးဆောင်ကုမ္ပဏီ ဆီက ဘဏ္ဍာရေးဆိုင်ရာ စာရွက်စာတမ်းပေါင်း ၁၁.၅ သန်းလောက် ၂၀၁၃ ခုနှစ်က သူတို့ရဲ့ဝဘ်ဆိုဒ်မှာ တင်ပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီစာရင်းထဲမှာ နိုင်ငံတကာမှာ ထင်ရှားတဲ့ ကမ္ဘာအရပ်ရပ်က နိုင်ငံ့ခေါင်းဆောင်တွေ၊ အနုပညာရှင်တွေနဲ့ ချမ်းသာကြွယ်ဝတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်နေပါတယ်။

အခုလို ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေ သန်းနဲ့ချီပြီး ပေါက်ကြားခဲ့တာနဲ့ ပက်သက်ပြီး၊ ၀ါရှင်တန်ဒီစီအခြေစိုက် နိုင်ငံတကာ ငွေကြေးစောင့်ကြည့်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ Global Financial Integrity (GFI) က ဒါဟာ ကမ္ဘာနဲ့အ၀ှမ်း ဖြစ်ပေါ်နေတဲ့ ဘဏ္ဍာရေးစနစ်ကို အလွဲသုံးစားမှု တစ်ခုဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန်လိုက်ပြီး၊ သက်ဆိုင်ရာ နိုင်ငံအစိုးရတွေအနေနဲ့ ဒီစာရင်းထဲမှာ ပါဝင်သူတွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေကို တောင်းယူပြီး အများပြည်သူသိရှိအောင် ထုတ်ပြန်ပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ဒီ Panama Papers စာရင်းထဲမှာ ပါဝင်သူတွေဟာ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ တည်ဆဲဥပဒေတွေကို ချိုးဖောက်ရာ ရောက်မရောက် ဆိုတာနဲ့ ပက်သက်လို့ (GFI) အဖွဲ့ရဲ့ ပြန်ကြားရေးနဲ့ ဆက်သွယ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး Christine Clough က အခုလို ပြောပါတယ်။

"ဆယ်စုနှစ်တော်တော်များများ အကြာက စာရွက်စာတမ်းတွေ အပါအ၀င် စာရွက်စာတမ်းပေါင်း ၁၁သန်းခွဲလောက် ပေါက်ကြားသွားတဲ့ ဒီကိစ္စမှာ အဓိက ပြဆိုနိုင်တာက ပြည်ပ ဘဏ္ဍာရေးဆိုင်ရာ ကုမဏီတွေ ဥပဒေကို ဘယ်လိုပုံစံနဲ့ လှည့်စားပြီး အလုပ်လုပ်နေကြသလဲ ဆိုတာကိုပါ။ ဒီလုပ်ငန်းတွေက အမှန်တကယ်မရှိတဲ့ အမည်မသိ ကုမ္ပဏီတွေကို တည်ထောင်ထားပေးပြီး၊ အဲဒီ တကယ်မရှိတဲ့ လုပ်ငန်းတွေရဲ့ဘဏ်အကောင့်ထဲမှာ သူတို့ရဲ့ ဖောက်သည်တွေ ပိုင်ဆိုင်တဲ့ ငွေကြေးတွေကို ထည့်ထားပေးပြီး လျှို့ဝှက်ပေးထားဖို့ အကူအညီပေးနေတာပါ။ ဒါဟာ တရားမ၀င်တဲ့ကိစ္စလို့တော့ သေချာပေါက် ပြောလို့ မရနိုင်ပါဘူး။ ဒီလို တည်ထောင်ပေးထားတဲ့ ကုမ္ပဏီ တွေက ပြစ်မှုတစ်ခုခု ကျူးလွန်မယ်ဆိုရင်တော့ ဒါဟာ တရားမ၀င်တဲ့ ကိစ္စပါ။ ဒါပေမယ့် ဒီလို ကုမ္ပဏီ ရှိရုံနဲ့တော့ တရားမ၀င်ဘူးလို့ ပြောလို့ မရပါဘူး။ ဒီလို ကုမဏီတွေကို အသုံးချပြီး ဘယ်လို အလုပ်လုပ်နေကြတယ်ဆိုတာကို သိခွင့်ရတဲ့အတွက် အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ အထူးသဖြင့် အစိုးရနဲ့ ပေါ်လစီချမှတ်သူတွေအတွက် အများကြီး အထောက်အကူဖြစ်စေပါတယ်။”

Panama Papers စာရင်းထဲမှာ ထင်ရှားတဲ့ နိုင်ငံ့ခေါင်းဆောင်အချို့လည်း ပါဝင်နေပြီး၊ အချို့ကလဲ စာရင်းထဲမှာ ပါသလို ပြည်ပမှာ လျှို့ဝှက် ဘဏ်အကောင့်ဖွင့်ပြီး ငွေကြေးတွေ စုဆောင်းထားတယ်ဆိုတဲ့ စွပ်စွဲချက်ကို လုံးဝ ငြင်းပယ်ထားကြပါတယ်။ Panama Papers စာရင်းထဲမှာ ပါတဲ့ အချက်အလက်တွေဟာ ဘယ်လောက် ယုံကြည်စိတ်ချရမှု ရှိသလဲဆိုတာကို GFI အဖွဲ့က Christine Clough က အခုလို ဖြေကြားခဲ့ပါတယ်။

"ကျမရဲ့ အမြင်အရတော့ ဒီသတင်းအချက်အလက်တွေဟာ ၁၀၀ ရာခိုင်နှုန်း ယုံကြည်စိတ်ချရမှု ရှိပါတယ်။ ICIJ အဖွဲ့ဟာ တကယ်ကို ပညာရှင် ဆန်ဆန်နဲ့ ဒီကိစ္စကို ကိုင်တွယ်ပြီး၊ ဒီသတင်းအချက်အလက်တွေကို ထုတ်ပြန်ခဲ့တာပါ။ သူတို့ဆီကို ရောက်လာတဲ့ စာရွက်စာတမ်းပေါင်း ၁၁.၅သန်းလောက်ကို ဒီအတိုင်း အွန်လိုင်းပေါ် တင်ပေးလိုက်တာ မဟုတ်ပါဘူး။ အဲဒါမတိုင်ခင် နှစ်နဲ့ ချီပြီးတော့ ကျွမ်းကျင်သူ ဥပဒေ ပညာရှင်တွေ၊ နိုင်ငံပေါင်း ၈၀ကျော်က စာနယ်ဇင်းသမားတွေနဲ့ တိုင်ပင် ညှိနှိုင်းခဲ့ပါတယ်။ ဒီ စာရွက်စာတမ်းတွေထဲမှာ ဘာတွေပါသလဲ။ ဒီသတင်းအချက်အလက်တွေကို လူတစ်ဦးချင်းရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို မထိခိုက်ပဲ အများပြည်သူရဲ့ အကျိုးစီးပွားအတွက်ဆိုတဲ့ ရည်ရွယ်ချက်မျိုးဖြစ်အောင် ဘယ်လို ပုံစံနဲ့ ထုတ်ပြန်ပေးမလဲဆိုတာကို အများကြီး ချိန်ဆခဲ့ကြပါတယ်”

GFI အဖွဲ့ဟာ မြန်မာနိုင်ငံ ထဲကနေ ၁၉၆၀ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း ဒေါ်လာ ဘီလီယံ ၁၀၀ နီးပါးရှိတဲ့ တရားမ၀င် ငွေကြေးတွေ စီးဝင်စီးထွက်မှုရှိနေတယ်လို့ လေ့လာတွေ့ရှိထားတဲ့ အစီရင်ခံစာတစ်စောင်ကို စက်တင်ဘာလက ထုတ်ပြန်ခဲ့ပါတယ်။

ခုလို တရားမ၀င် ငွေကြေး စီးထွက်မှု ကိစ္စဟာ နိုင်ငံတစ်နိုင်ငံရဲ့ ၀င်ငွေ ကွာဟချက်တွေကို ပိုဆိုးစေပြီး၊ ဖွံ့ဖြိုးတိုးတက်ရေး ကို နှောင့်နှေးစေတဲံအတွက် မြန်မာနိုင်ငံထဲကနေ စီးထွက်နေတဲ့ တရားမ၀င်ငွေကြေးတွေကို အစိုးရသစ်အနေနဲ့ဂရုတစိုက် ကြည့်ရှုလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း GFI အဖွဲ့က Christine Clough က ပြောပါတယ်။

"အခုလို လျှို့ဝှက်ငွေကြေးစနစ်မျိုးကို အကြမ်းဖက်သမားတွေကလည်း သုံးနိုင်ပါတယ်။ မူးယစ်ဆေးနဲ့ လူကုန်ကူးတဲ့ လူတွေကလည်း အသုံးပြုနိုင်ပါတယ်။ လာဘ်စားထားတဲ့ အစိုးရအရာရှိတွေကလည်း သုံးနိုင်ပါတယ်။ ဒါမှမဟုတ် ငွေကြေးချမ်းသာတဲ့ လူပုဂ္ဂိုလ်တွေက အခွန်ရှောင်ချင်လို့ လဲ သုံးနိုင်ပါတယ်။ ဘယ်လိုလူမဆို ငွေကြေးတွေ လျှို့ဝှက်ပြီး သွားထားနိုင်တဲ့ စနစ်ရှိနေတာဟာ အများပြည်သူ အကျိုးစီးပွားအတွက် ကောင်းတဲ့အရာ မဟုတ်ပါဘူး။ ဒီလို တရားမ၀င် ငွေကြေးတွေ နိုင်ငံထဲကနေ စီးထွက်လို့ ရနေတဲ့ စနစ်တစ်ခုရှိနေတာကို ဘယ်လို အစိုးရမျိုးကမှ ခွင့်မပြုသင့်ပါဘူး။”

ICIJ အဖွဲ့ရဲ့ Panama papers စာရင်းထဲမှာဖော်ပြထားတဲ့ လူပုဂ္ဂိုဟ် နာမည်တွေထဲမှာ မြန်မာနိုင်ငံက ဦးအောင်ကျော်မြင့်၊ ဦးအေးဇော်ဝင်း၊ ဒေါက်တာဥမ္မာမိုးမြင့်၊ ဦးကျော်ဝင်း၊ ဦးမောင် မောင်ဆွေတင်၊ ဒေါ်မြမြစိုး၊ ဒေါ်မြသီတာဆွေတင်၊ ဦးသုတ၊ ဦးဌေးမြင့်၊ ဦးမိုးမြင့် ခေါ် ဦးမိုက်ကယ်လ်မိုးမြင့်၊ ဦးမြင့်ဆွေ၊ ဦးမျိုးတင် တို့ကိုတွေ့ရပါတယ်။ ဒီစာရင်းမှာ ပါဝင်သူတွေထဲ ဦးအေးဇော်ဝင်းဟာ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့သားမက်ဖြစ်ပြီး ဦးမိုက်ကယ်မိုးမြင့်ရဲ့ဇနီး ဒေါ်ဥမ္မာမိုးမြင့်ကတော့ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် ကူညီဆာင်ရွက်ပေးနေသူတဦးဖြစ်ပါတယ်။

နိုင်ငံခြားသားနာမည်နဲ့ လူလေးဦးပါဝင်ပြီး Ernest Howard Bolton II, Jonathan W. Smith, Quamruddin Ahmed နဲ့ William Mark Hilsman ဆိုပြီး ပါဝင်တာ တွေ့ရပါတယ်။

posted from Bloggeroid

ဘုရားဖူးတိမ်မှောက်

ဗန်းမောက်မြို့နယ်ဇလုံတောင်သို့ဘုရားဖူးလာ(၆)ဘီးယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့်၎ ဦးသေ
ဆုံး ၅ ဦးပြင်းထန်ဒဏ်ရာရ
စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊ဗန်းမောက်မြို့နယ်ဇလုံတောင်သို့မိုးညှင်းမြို့မှလူဦးရေ ၂၀ ကျော်လိုက်
ပါလာသော ဘုရားဖူး(၆)ဘီးယာဉ်သည်ဧပြီ၇ ရက်နေ့နံနက်၆ နာရီခွဲအချိန်ယာဉ်တိမ်းမှောက်မှုကြောင့်၎ ဦးသေ
ဆုံးကာ ၅ ဦးမှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။
ဧပြီ၇ ရက်နံနက်၆ နာရီခွဲအချိန်မိုးညှင်းမြို့ ၁၀ မိုင်မှဗန်းမောက်မြို့နယ်ရှိ ဇလုံတောင်တော်သို့ဘုရားဖူး
ခရီးသည်၂၀ ကျော်အားတင်ဆောင်လာသော ယာဉ်အမှတ်MDY 4H-65933 အပြာရောင်(၆)ဘီးယာဉ်သည်ဗန်း
မောက်မြို့မှ ၉ မိုင်၃ ဖာလုံခန့်အကွာ လေသာတောင်အဆင်းတွင်ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ကမ်းပါးကို
ဝင်တိုက်ခဲ့ကြောင်း၊ကားပေါ်လိုက်ပါလာသူများမှာ လွင့်စင်သွားပြီး ကားရှေ့ခန်းတွင်လိုက်ပါလာသော အမျိုးသားတစ်
ဦး အမျိုးသမီးတစ်ဦးအခင်းဖြစ်နေရာတွင်သေဆုံးသွားကြောင်းသိရသည်။ကျန်အမျိုးသမီးနှစ်ဦးမှာ ဆေးရုံသို့ပို့ဆောင်
ခဲ့သော်လည်း ရရှိသည့်ဒဏ်ရာများဖြင့်သေဆုံးခဲ့ကြောင်းသိရသည်။
အင်းတော်မြို့ ဒါနသုခလူမှုကူညီရေးအသင်းမှကိုကံမြင့်မှ“မန္တလေးကိုကလေး ၂ ယောက်လူကြီး ၃ ယောက်
ပို့လိုက်ရတယ်။စေတနာလူမှုကူညီရေးအသင်းမှကားတစ်စီး၊မေတ္တာပါရမီက ကားတစ်စီး၊မြင့်မြတ်သွေးလှူရှင်အသင်း
မှကားတစ်စီး ကျွန်တော်တို့ဒါနသုခလူမှုကူညီရေးအသင်းမှကားတစ်စီးနဲ့ပို့လိုက်ရပါတယ်။သူတို့က မိုးညှင်း ၁၀ မိုင်
ကနေ ဇလုံတောင်ကိုဘုရားဖူးလာကြတာပါ လူပေါင်း ၂၀ ကျော်ပါတယ်လို့သိရပါတယ်”ဟုပြောကြားခဲ့သည်။

ဗန်းမောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများမှလည်း ကသာနှင့်အင်းတော်မြို့များမှ
လူမှုကူညီရေးအသင်းကားများခေါ်ဆောင်ပေးခြင်း၊ဒေသခံများမှ လူနာများကိုပြုစုပေးခြင်း လိုအပ်သောအစားအစာ
နှင့်ငွေကြေးများလှူဒါန်းခြင်းများဆောင်ရွက်ခဲ့ကြကြောင်း၊ဗန်းမောက်မြို့နယ်ရဲစခန်းမှလည်း ယာဉ်မဆင်မခြင်မောင်း
နှင်သူအား ဥပဒေအရ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
ပေးပို့ ကိုကိုလင်း(အင်းတော်)
09798609516

posted from Bloggeroid

Wednesday, April 6, 2016

အဆကိဖြန်မည်ပြောရင်သတိထား


ချစ်သူ အဖြစ်မှ အဆက်ဖျက်မည် ဟု ဆိုသော ကြောင့် ချစ်သူ ကောင်မလေး ၏ မျက်လုံးအား ကတ်ကြေးဖြင့် အချက်ပေါင်းများစွာ ထိုးနှက်မှု ဒဂုံစင်တာ တွင် ဖြစ်ပွား
=====================================

ချစ်သူ အဖြစ်မှ အဆက်ဖျက်မည် ဟု ဆိုသောကြောင့် ချစ်သူ ကောင်မလေး ၏မျက်လုံး အား ကတ်ကြေးဖြင့် အချက်ပေါင်းများစွာ ထိုးနှက်မှု စမ်းချောင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ဒဂုံစင်တာ ပထမ ထပ် တွင် ဧပြီလ ၆ ရက်နေ့ မနက်ပိုင်း ၌ ဖြစ်ပွားခဲ့ကြောင်း စမ်းချောင်း မြို့မ ရဲစခန်းမှ သိရသည်။

“လက်တလော သိရသလောက် အခြေအနေက လူငယ်သဘာဝ ရည်စားအဖြစ်က ဖြတ်လို့စကားများရကနေပြီးတော့ အခု လို ကတ်ကြေးနဲ့ အချက်ပေါင်းများစွာ ထိုးနှက်မှုဖြစ်ပွားတာလို့တော့သိထားပါတယ်။

ပထမအဆက်ဖျက်မယ်လို့ပြောတဲနေ့ကလည်း ကောင်လေးက ကောင်မလေးကို ပါးရိုက်ခဲ့ပါသေးတယ်လို့ သိထားရပါတယ်။အမှုမှန်ပေါ်ဖို့ ဆက်လက် စစ်ဆေးနေပါတယ်။” ဟု စမ်းချောင်း မြို့မ ရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက News Watch ဂျာနယ်သို့ပြောသည်။

ဖြစ်စဉ်မှာ စမ်းချောင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ဒဂုံစင်တာ ပထမ ထပ် ၊ ONYX အလှပစ္စည်း အရောင်းဆိုင်တွင် အလုပ်လုပ်သည့် အမျိုးသမီးတစ်ဦးသည် မိမိချစ်သူ ကောင်လေးအား အဆက်ဖျက်ရန် ဖုန်းဖြင့်ပြောခဲ့သည်အား ကျေနပ်မှုမရှိသဖြင့် အလုပ် အထိလိုက်လာ ကာ စကားပြောရာမှ ရန်ဖြစ်ပွားခဲ့ကာ အခင်းဖြစ်ပွားနေစဉ် အမျိုးသား ကောင်လေးမှာ ကတ်ကြေးဖြင့် အမျိုးသမီးကောင်မလေး ၏ မျက်လုံး အား ကတ်ကြေးဖြင့် အချက်ပေါင်းများစွာ ထိုးနှက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“အမှုမှန်ပေါ်ပေါက်အောင်လို့ လက်ရှိ ပြစ်မှု ကျူးလွန်သူကို ဖမ်းမိထားပါပြီး ဖြစ်ပါတယ်။ အမှုအတွက် စစ်ဆေးနေပါတယ်။ ချွန်ထက်တဲ့အရာ နဲ့ အပြင်အထန် ဒဏ်ရာရရှိစေမှု၊နာကျင်စေမှု စတဲ့ ပုဒ်မတွေ နဲ့ အမှုဖွင့်ပြီးအရေးယူဆောင်ရွက်နေပါတယ်။ ကောင်မလေး ကတော့ မျက်လုံးတစ်လုံး ပေါက်သွားပြီးတော့ လက်ရှိ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ကုသနေရပါတယ်။”ဟု အဆိုပါ ရဲအရာရှိကဆိုသည်။

ကတ်ကြေးဖြင့် ထိုးခံရသည့် အမျိုးသမီးတွင် ညာဘက် မျက်လုံးပေါက်ထွက်ခဲ့ပြီး ဘယ်မျက်လုံးအောက်၊ ဦးခေါင်း ၊မေးစေ့ နှင့် လက်တို့တွင် ကတ်ကြေး ဒဏ်ရာများ ရရှိခဲ့ပြီး ပြစ်မှုကျူးလွန်သူ အမျိုးသားအား နေဒွေး အား စမ်းချောင်းမြို့မ ရဲစခန်းမှ ပြစ်မှုပုဒ်မ ၃၂၆/၃၀၇/၄၅၂ တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်းသိရသည်။

နေမင်းခ
ဓါတ်ပုံ-စမ်းချောင်းရဲစခန်း

posted from Bloggeroid

အဆက်ဖျက်မည်ပြောသည့်မိန်ကလေးများသတိထား

ချစ်သူ အဖြစ်မှ အဆက်ဖျက်မည် ဟု ဆိုသော ကြောင့် ချစ်သူ ကောင်မလေး ၏ မျက်လုံးအား ကတ်ကြေးဖြင့် အချက်ပေါင်းများစွာ ထိုးနှက်မှု ဒဂုံစင်တာ တွင် ဖြစ်ပွား
=====================================

ချစ်သူ အဖြစ်မှ အဆက်ဖျက်မည် ဟု ဆိုသောကြောင့် ချစ်သူ ကောင်မလေး ၏မျက်လုံး အား ကတ်ကြေးဖြင့် အချက်ပေါင်းများစွာ ထိုးနှက်မှု စမ်းချောင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ဒဂုံစင်တာ ပထမ ထပ် တွင် ဧပြီလ ၆ ရက်နေ့ မနက်ပိုင်း ၌ ဖြစ်ပွားခဲ့ကြောင်း စမ်းချောင်း မြို့မ ရဲစခန်းမှ သိရသည်။

“လက်တလော သိရသလောက် အခြေအနေက လူငယ်သဘာဝ ရည်စားအဖြစ်က ဖြတ်လို့စကားများရကနေပြီးတော့ အခု လို ကတ်ကြေးနဲ့ အချက်ပေါင်းများစွာ ထိုးနှက်မှုဖြစ်ပွားတာလို့တော့သိထားပါတယ်။

ပထမအဆက်ဖျက်မယ်လို့ပြောတဲနေ့ကလည်း ကောင်လေးက ကောင်မလေးကို ပါးရိုက်ခဲ့ပါသေးတယ်လို့ သိထားရပါတယ်။အမှုမှန်ပေါ်ဖို့ ဆက်လက် စစ်ဆေးနေပါတယ်။” ဟု စမ်းချောင်း မြို့မ ရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက News Watch ဂျာနယ်သို့ပြောသည်။

ဖြစ်စဉ်မှာ စမ်းချောင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ဒဂုံစင်တာ ပထမ ထပ် ၊ ONYX အလှပစ္စည်း အရောင်းဆိုင်တွင် အလုပ်လုပ်သည့် အမျိုးသမီးတစ်ဦးသည် မိမိချစ်သူ ကောင်လေးအား အဆက်ဖျက်ရန် ဖုန်းဖြင့်ပြောခဲ့သည်အား ကျေနပ်မှုမရှိသဖြင့် အလုပ် အထိလိုက်လာ ကာ စကားပြောရာမှ ရန်ဖြစ်ပွားခဲ့ကာ အခင်းဖြစ်ပွားနေစဉ် အမျိုးသား ကောင်လေးမှာ ကတ်ကြေးဖြင့် အမျိုးသမီးကောင်မလေး ၏ မျက်လုံး အား ကတ်ကြေးဖြင့် အချက်ပေါင်းများစွာ ထိုးနှက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“အမှုမှန်ပေါ်ပေါက်အောင်လို့ လက်ရှိ ပြစ်မှု ကျူးလွန်သူကို ဖမ်းမိထားပါပြီး ဖြစ်ပါတယ်။ အမှုအတွက် စစ်ဆေးနေပါတယ်။ ချွန်ထက်တဲ့အရာ နဲ့ အပြင်အထန် ဒဏ်ရာရရှိစေမှု၊နာကျင်စေမှု စတဲ့ ပုဒ်မတွေ နဲ့ အမှုဖွင့်ပြီးအရေးယူဆောင်ရွက်နေပါတယ်။ ကောင်မလေး ကတော့ မျက်လုံးတစ်လုံး ပေါက်သွားပြီးတော့ လက်ရှိ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ကုသနေရပါတယ်။”ဟု အဆိုပါ ရဲအရာရှိကဆိုသည်။

ကတ်ကြေးဖြင့် ထိုးခံရသည့် အမျိုးသမီးတွင် ညာဘက် မျက်လုံးပေါက်ထွက်ခဲ့ပြီး ဘယ်မျက်လုံးအောက်၊ ဦးခေါင်း ၊မေးစေ့ နှင့် လက်တို့တွင် ကတ်ကြေး ဒဏ်ရာများ ရရှိခဲ့ပြီး ပြစ်မှုကျူးလွန်သူ အမျိုးသားအား နေဒွေး အား စမ်းချောင်းမြို့မ ရဲစခန်းမှ ပြစ်မှုပုဒ်မ ၃၂၆/၃၀၇/၄၅၂ တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်းသိရသည်။

နေမင်းခ
ဓါတ်ပုံ-စမ်းချောင်းရဲစခန်း

posted from Bloggeroid

Tuesday, April 5, 2016

ကျောင်းသားအတွက် ဆုတောင်းသူထံ

လက်ပံတန်း ဖမ်းဆီးခံကျောင်းသားများ ပြန်လည်လွှတ်မြောက်ရေးအတွက် ဆုတောင်းပွဲပြုလုပ်သူများနေအိမ်အပေါက်ဝနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများရှေ့သို့ တရားရုံးမှ ဆင့်စာများ လာရောက်ကပ်ထား
----------------------------------------------------------------------------------
လက်ပံတန်းတွင် ဖမ်းဆီးခံရသော ကျောင်းသားများနှင့် ၀န်းရံပြည်သူများအား ပြန်လည်လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲလုပ်သူ (၆)ဦး၏ နေအိမ်ပေါက်ဝတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ မှာ မုံရွာမြို့နယ်တရားရုံးမှ ဆင့်ခေါ်စာများအား လာရောက်ကပ်သွားတယ်လို့ သိရပါတယ်။

ဆုတောင်းပွဲကို (၂၀၁၅)ခုနှစ် နိုဝင်ဘာ(၂၂)ရက်နေ့ညက မုံရွာမြို့ ရွှေစည်းခုံဘုရားပေါ်မှာ ပြုလုပ်ရာတွင် မင်းဆိုးမင်းညစ်များကျဆုံးပါစေ ။မတရားဖမ်းဆီးထားတဲ့ ကျောင်းသားများနဲ့ ထောင်တွင်းအကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးကျန်းမာပါစေဟု ဆုတောင်းရာမှာ နိုင်ငံတော်အားအကြည်ညိုပျက်စေသည်ဟုဆိုကာ ထိုစဉ်အချိန်က မုံရွာမြို့နယ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွှန့်စိုးက မုံရွာမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားတရားစွဲဆိုခဲ့ပါတယ်။

တရားစွဲထားသည့် ၅၀၅ (ခ) ပုဒ်မဟာ ရဲရေးမပိုင်သည့် ပုဒ်မဖြစ်သည့်အတွက် မြို့နယ်အုပ်ချုပ်ရေးမှုးက တရားရုံးကို ဦးတိုက်လျှောက်ပြီး တရားစွဲဆိုခဲ့တာလို့လဲ သိရပါတယ်။
ဒါကြောင့် မုံရွာမြို့နယ်တရားရုံးက ပုဒ်မ ၅၀၅ (ခ) ဖြင့် ဧပြီလ (၁)ရက်နေ့ရက်စွဲပါ ဆင့်ခေါ်ဝရမ်းများအား ထုတ်ပြန်ရာမှာ ဧပြီလ (၅)ရက်နေ့ နေ့လည်မှာတော့ အဆိုပါ စွတ်စွဲခံရသူ (၆)ဦး၏နေအိမ်များ အပေါက်ဝနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှ ယခုလို လာရောက်ကပ်ခဲ့တာလဲ ဖြစ်ပါတယ်။

တရားစွဲဆိုခံရတဲ့သူတွေကတော့ ကျောင်း သားသမဂ္ဂအဖွဲ့ဝင် မှုံကြီး (ခ) ဖြိုး ဇော်ဦး၊ လက် ပံတောင်းတောင် ကယ် တင်ရေးကော်မတီမှ ဦးမြင့်အောင်၊ အထက် မြန်မာပြည်ကျောင်းသားသမဂ္ဂ ဒု ဥက္ကဋ္ဌ နွေ ဦး ကို၊ မုံရွာခရိုင် ဦးသန်းအေး၊ နိုင်ငံရေး တက်ကြွလှုပ် ရှားသူများဖြစ်သော ကိုရာဇာနှင့် ကိုနိုင်ထွဋ်ဦးတို့ဖြစ်ကြပါတယ်။

ဆင့်ခေါ်ဝရမ်းစာတွင် တရားစွဲဆိုခံရသည့်သူ (၆)ဦးကို ဧပြီလ (၈)ရက်နေ့မှာ လောက်ေ၇ာက်ဖြေရှင်းရန်အတွက် မုံရွာမြို့နယ်တရားသူကြီးက ထုတ်ပြန်ထားတာကိုတွေ့ရပြီး ယခုလို ပြောင်းလဲလာသည့် ခေတ်အခြေမှာ နိုင်ငံရေးနှင့် သက်ဆိုင်သည့် ပုဒ်မများဖြင့် တရားစွဲဆိုခံရသူများ၏ အမှုများကို ပြန်လည်ရုပ်သိမ်းပေးစေလိုကြောင်း တရားစွဲဆိုခံရသူ၏ မိခင်တစ်ဦးမှ ဆိုပါတယ်။

လက်ပံတန်းကျောင်းသားများပြန်လည်လွတ်မြောက်ရေးဆုတောင်းပွဲကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ(၆)ရက်နေ့က စတင်ပြီး ဒီဇင်ဘာလအထိ ညစဉ်ညတိုင်းရက်တန်ကြာ ပြုလုပ်ခဲ့ကြကြောင်းလဲ သိရပါတယ်။

ရန်နိုင်စိုး
09400466087
Video files တွေထပ်မံပေးပို့ပါမည်

posted from Bloggeroid

အသိတရားရှိသော နွားနဲ့ဝက်

အံဖွယ်သံယောစဉ်
~~~~~~~~~~~~

ဒီနွားလေးက ကျုံပျော်ဇရစ်ရိုးက
နွားဦးတိုက်ဆရာတော်ရဲ့ နွားလေးပါ
ဆရာတော်တရားပွဲသွားတိုင်း
ဆရာတော်နောက်လိုက်ပြီးသာသနာပြုတယ်
တရားပွဲပြီးတိုင်းဆရာတော်ကိုဦးတိုက်လေ့ရှိတယ်

ဝက်ကလေးကတော့မကြာသေးခင်ကမှ တရားပွဲတစ်ခုမှာ နွားဦးတိုက်တာမြင်တော့ သူလည်းလိုက်ဦးတိုက်တယ်
ဆရာတော်လည်းအဲ့ ဒီ့ ဝက်ကလေးကို ပိုင်ရှင်ဆီကအလှူခံလာခဲ့တာ

တော်တော်ထူးဆန်းပါတယ်
ဒီနွားနဲ့ ဝက် ကလေးကအတူတူနေတယ်
အတူတူစားတယ်
ထူးခြားတာအများကြီးရှိပါတယ်
ရေစက်လို့ ပဲပြောရမလား?

နွားလေးကတော့သာသနာပြုရင်း
ပြီးခဲ့တယ့်လေးငါးရက်ကမှ အသက်၂၀မှာသေဆုံးခဲ့တယ်
ဒီနွားလေးသေတော့ဝက်ကလေးလည်း တော်တော်ခံစားရတယ်

နွားလည်ပင်းကြိုးကိုဆွဲပြီး နွားကိုနှိုးလိုက်
နွားကိုယ်ပေါ်တတ်လိုက်
မြေပြင်မှာလှိမ့်လိုက်နဲ့ မျက်ရည်တောက်တောက်ကျပြီးငိုလိုက်
ဆရာတော်ဆီပြေးသွားလိုက်နဲ့ တော်တော်သနားဖို့ ကောင်းပါတယ်

နွားကိုဂူသွင်းမယ့်ကွန်ကရစ် ပေါ်မှာလဲပြီး မျက်ရည်ကျလိုက်နဲ့ သတ္တဝါတွေရဲ့ ချစ်ခြင်းမေတ္တာကို သူတော်ကောင်းတို့ မြင်တွေ့ ရအောင် မျှဝေပေးလိုက်ပါတယ်
ပြန်လည်လည်းမျှဝေပေးပါ

ရတနာသုံးပါးဦးထိပ်ထားလျက်

credit-ပရလောကမှရှားပါးမှတ်တမ်းများ

May Thandar Kyaw Facebook မှ

posted from Bloggeroid

ဆိုင်ကယ်စီလုယက်သူများဖမ်းမိ


မန္တလေးမြီု့ညအချိန်ဆိုင်ကယ်ရိုက်လုတဲ့အဖွဲ့ထဲကလူတခို့ဖမ်းမိ
့
မန္တလေးမှာအဖွဲ့လိုက်ဆိုင်ကယ်လုယက်ပြီးလူကိုအသေသတ်ဒုက္ခပေးနေတဲ့အဖွဲ့.......
မန္တလေး၃၅လမ်း၆၇×၆၈ကြားမနေ့ကည၁၂နာရီလောက်ကကျွန်မယောင်္ကျားနဲ့သူ့သူငယ်ချင်းဆိုင်ကယ်တစီးစီ
စီးလာတာကိုအဖွဲ့လိုက်ရပ်နေတဲ့လူ၇ယောက်ကကျွန်မယောကျာင်္းရဲ့ဆိုင်ကယ်ကိုခဲတွေနဲ့ဝိုင်းထုပါတယ်ဆိုင်ကယ်ရဲ့ဘီးကိုအဓိကထားထုတာပါဆိုင်ကယ်လည်းလဲရောလူကိုလည်းအသေသတ်ဖို့ခဲတွေ၊ခါးပတ်တွေ၊ကျောက်လှည့်တွေကိုင်ပြီးလိုက်လာပါတယ်...ကျွန်မယောင်္ကျားလည်းဆိုင်ကယ်လဲတဲ့ဒဏ်ရာတွေရောခဲနဲ့ထုတဲ့ဒဏ်ရာတွေရောရထားတဲ့ကြားကအသေသတ်ဖို့လိုက်လာတဲ့အဖွဲ့ကိုကြောက်လွန်းလို့မနည်းအသက်လုပြေးခဲ့ရပါတယ်..အရမ်းကြောက်ဖို့ကောင်းပါတယ်..😨😨😨အဲ့အချိန်မှာလှည့်ကင်းကရဲတွေရောက်လာပြီးဝိုင်းဖမ်းတော့မှ၁ယောက်ကိုမိပါတယ်...ရဲတွေအရောက်မြန်လို့အသက်ဘေးကလွတ်ခဲ့ရတာပါ..အဲ့အဖွဲ့ကလူကိုအသေသတ်ပြီးဆိုင်ကယ်လုတာပါ...လက်စဖျောက်ပြီးလုချင်ပုံရပါတယ်...ရဲတွေသာအချိန်မှီရောက်မလာခဲ့ရင်ကျွန်မယောင်္ကျားဘဝမတွေးဝံ့စရာပါ..😢😢😢😢
သူ့သူငယ်ချင်းကတော့ရိုးရိုးဆိုင်ကယ်ဆိုတာ့ဘာမှမဖြစ်ခဲ့ပါ...ယောင်္ကျားမှာသာHonda click စီးပြီးအလုခံခဲ့ရတာပါ..လုတဲ့အဖွဲ့တွေကဆိုင်ကယ်အကောင်းစီးလာသူတွေကိုပဲအဓိကပစ်မှတ်ထားတာပါ..ဆိုင်ကယ်အကောင်းစီးသူများသတိထားကြပါအရမ်းကြောက်ဖို့ကောင်းပါတယ်...မန္တလေးမှာလူကိုအသေသတ်ပြီးဆိုင်ကယ်လုတဲ့အဖွဲ့က groupလိုက်လှုပ်ရှားနေတာပါ..ခုရဲကစစ်မေးလိုက်တော့၇ယောက်မှာ၃ယောက်တော့မိသွားပါပြီ..ဆက်စစ်နေတုန်းပါ...အောင်ပင်လယ်ကပါတဲ့...အများသတိထားနိုင်အောင်သူခိုး၂ယောက်ရဲ့ပုံကိုတင်ပေးလိုက်ပါတယ်..နောက်၁ယောက်ပုံကိုတော့ရိ

ုက်ထားတဲ့ပုံမရှိလို့နောက်မှတင်ပေးပါ့မယ်...ကျွန်မကတော့သူတို့အားလုံးကိုလုံးဝမကျေနပ်ပါ...ပြစ်ဒဏ်အကြီးကြီးကျအောင်တရားစွဲဆိုသွားမှာပါ...ကျွန်မယောင်္ကျားကခုဆိုဆိုင်ကယ်မှောက်ထားပြီးဝိုင်းထုခံရတဲ့ဒဏ်ရာတွေတော်တော်များပါတယ်..ရှေ့သွား၂ချောင်းလည်းကျိုးသွားပါတယ်..လက်တဖက်ကလည်းကောင်းကောင်းမလှုပ်နှိုင်ပါ...မျက်နှာမှာလည်းဒဏ်ရာတွေနဲ့ပါ...သူတပါးကိုအနာတရဖြစ်အောင်လုပ်တဲ့အဖွဲ့မြန်မြန်ဖမ်းမိအောင်သိတဲ့သူများပါရင်ကူညီပေးကြပါ..😂😂😂😂😂😂ဂူးဂူး

posted from Bloggeroid

မန် မြို့တော်ကိုပြင်ပကရွေးချယ်

မန္တလေးမြို့တော်ဝန်အဖြစ် ဒေါက်တာရဲလွင်အား ရွေးချယ်
---- ------ ------ ------ ----
မန္တလေးတိုင်းဒေသကြီးလွှတ်တော်သည် ဧပြီလ ၅ ရက်နေ့  နဝမအကြိမ် ဒုတိယနေ့ ပထမအကြိမ် ဒုတိယနေ့
လွှတ်တော်အစည်းအဝေးတွင် ဒေါက်တာရဲလွင်ကို မန္တလေးမြို့တော်ဝန်အဖြစ် ရွေးချယ်လိုက်ကြောင်း သိရသည်။

"မန္တလေးမြို့တော်ဝန်အဖြစ် အများက ဘယ်သူဖြစ်လာမယ်ဆိုတာ အရမ်းသိချင်ကြတာ။ ထင်ထားတဲ့လူ မဖြစ်လာဘူး။ ဒီနေ့ လွှတ်တော်က ပြည်တော်ဝင်သင်္ကြန်းနဲ့အတူ ဒေါက်တာရဲလွင်ကိုရွေးချယ်လိုက်တာဖြစ်ပါတယ်။ မန္တလေးပြည်သူတွေမျော်လင့်နေတဲ့ မြို့တော်ဝန်အသစ် ဒေါက်တာရဲလွင်ကို တောင်းဆိုချင်တာက အများပြည်သူ လူတိုင်းရေကစားနိုင်တဲ့သင်္ကြန်မျိုးဖြစ်အောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုချင်ပါတယ်။ မန္တလေးက စီးပွားရေးလုပ်ငန်းရှင်းတွေ မဏ္ဍပ်တွေနဲ့ သင်္ကြန်ကျခဲ့တာ ကြာပါပြီ။ ဒီနှစ် မြန်မာ့ရိုးရားသင်္ကြန်ကို အစိုးရသစ်လက်ထက် ပြည်
တော်ဝင်သင်္ကြန်နဲ့အတူ အားလုံး ပါဝင်ဆင်နွှဲနိုင်ပါစေ”ဟု လွှတ်တော်လေ့လာလာသူ ဒေသခံ ကိုစိုးသိန်းက ပြောသည်။

ဝန်ကြီးဌာန ၇ ခုအတွက် ဝန်ကြီးများခန့်အပ်နိုင်ရန် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး မျိုးမင်းအောင် ချမ်းအေးသာစံ မဲဆန္ဒနယ် အမှတ် ၂ မှ ဦးစိုးသန်း၊ မဟာအောင်မြေ မဲဆန္ဒနယ်အမှတ် ၁ မှ ဦးဇာနည်အောင်၊ မိုးကုတ်မဲဆန္ဒနယ်အမှတ် ၂ မှ ဦးမျိုးသစ်၊ ပြင်ပ ပညာရှင် ဦးမြတ်သူနှင့် ဦးရဲလွင်၊ ရှမ်းတိုင်းရင်းသားဝန်ကြီးအဖြစ် ဦးစိုင်းကျော်ဇောအပါအဝင် ၇ ဦးကို နာမည်စာရင်း တင်သွင်းခဲ့သည်။

အဆိုပါ ဝန်ကြီးဌာ ဆိုင်ရာ ၇ နေရာအတွက် ဒေါက်တာစိုးသန်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးဇာနည်အောင်၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးမျိုးသစ်၊ သယံဇာတနှင့် သာဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး ဦးမြတ်သူ၊ စီမံကိန် ဘဏ္ဍာရေးဝန်ကြီး ဦးရဲလွင်၊ စည်ပင်သာယာရေးဝန်ကြီးနှင့် မြို့တော်ဝန်ကြီး ဦးအောင်ဝင်း၊ ဥပဒေချုပ် ဒေါ်ခင်အေးဆွေ၊ စာရင်းစစ်ချုပ် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး မျိုးမင်းအောင်၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးများအဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။

စိုင်းထူးခန့် 

posted from Bloggeroid

Monday, April 4, 2016

မန္တလေး မြို့တော်ဝန်

ပြည်တော်ဝင်သင်္ကြန်းနဲ့အတူ မန္တလေးမြို့တော်ဝန်ရွေးချယ်လိုက်ပြီဟုဆို

မန္တလေး ဧပြီ ၅
မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကနေ ပြည်တော်ဝင်သင်္ကြန်းနဲအတူ
ဧပြီလ ၅ ရက်နေ့  နဝမအကြိမ် ဒုတိယနေ့ ပထမအကြိမ် ဒုတိယနေ့
လွှတ်တော်အစည်းအဝေးတွင် ဒေါက်တာရဲလွင်ကိုမန္တလေးမြို့တော်ဝန်
အဖြစ်ရွေးချယ်လိုက်ကြောင်းသိရသည်။

"မန္တလေးမြို့တော်အဖြစ်အများက ဘယ်သူဖြစ်လာမယ်ဆိုတာအရမ်းသိချင်
ကြတာ ထင်ထားသည့်လူ မဖြစ်လာဘူး ယနေ့ လွှတ်တော်က ပြည်တော်ဝင်သင်္ကြန်းနဲ့အတူ ဒေါက်တာရဲလွင်ကိုရွေးချယ်လိုက်တာဖြစ်
ပါတယ် မန္တလေးပြည်သူတွေမျော်လင့်နေသည့် ပြည်တော်ဝင်သင်္ကြန်
မြို့တော်ဝန်အသစ် ဒေါက်တာရဲလွင်ကို တောင်ဆိုချင်တာက အများပြည်
သူလူတိုင်ရေစကားရသည် သင်္ကြန်မျိုး တောင်းဆိုပါတယ် မန္တလေးက
စီးပွားရေး လုပ်ငန်းရှင်းတွေမဏ္ဍာပ်တွေနဲ့ သင်္ကြန်းကြခဲတာကြပါပြီး
ဒီနှစ်မြန်မာနိုင်ငံ မြန်မာ့ရိုးရား သင်္ကြန်းကို အစိုးရသစ်လက်ထက် ပြည်
တော်ဝင်သင်္ကြန်နဲ့အတူ အလုံးပါဝင်ဆင်နွဲနိုင်ပါစေဟု လွှတ်တော်လေ့လာ
ရေးလာသူ ဒေသခံကိုစိုးသိန်းကပြောသည်။


ဝန်ကြီးဌာန ၇ ခုအတွက်ဝန်ကြီး များခန့်အပ်နိုင်ရန် မန္တလေးတိုင်းဝန်ကြီး
ချုပ် ဒေါက်တာဇော်မြင့်မောင် အဆိုတင်သွင်းထားသည် အမည်စာရင်းက
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး မျိုးမင်းအောင် ချမ်းအေးသာစံ
မဲဆန္ဒနယ် အမှတ် ၂ က ဦးစိုးသန်း မဟာအောင်မြေ မဲဆန္ဒနယ်အမှတ် ၁
က ဦးဇာနည်အောင် မိုးကုတ်မဲဆန္ဒနယ်အမှတ် ၂ က ဦးမျိုးသစ်နှင့်ပြင်ပ
ပညာရှင် ဦးမြတ်သူနှင့် ဦးရဲလွင် ရှမ်းတိုင်းရင်းသားဝန်ကြီးအဖြစ် ဦးစိုင်း
ကျော်ဇော တိုင်းရင်းသားရေးရာ အပါအဝင် ၇ ဦးတင်သွင်းခဲသည်။

စာရင်းစစ်ချုပ်အဖြစ် ဦးအောင်လွင် ရုံးအဖွဲမှူး ဒုတိယညွန့်ကြားရေးချုပ်
အဖြစ်ခန့်အပ်ကာ စာရင်းစစ်ရုံးချုပ် တိုင်းဒေသကြီးအဖြစ် ဒေါ်ခင်အေးဆွေ
တို့ ၂ ဦးကို ခန်အပ်လိုက်ကြောင်းသိရသည်။

အဆိုပါ ဝန်ကြီးဌာ ဆိုင်ရာ ၇ နေရာအတွက်မန္တလေးတိုင်းဒေသကြီး လွှတ်
တော်ကနေ ဧပြီလ ၅ နေ့အတည်ပြုခန်အပ်လိုက်သည့် နေရာတွေကတော့
ဒေါက်တာစိုးသန်း စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးဇာနည်အောင် လျှပ်စစ်နှင့် စက်မှု့ဝန်ကြီး ဦးမျိုးသစ် သယံဇာတနှင် သာဘာဝပတ်ဝန်ကျင်
ဆိုင်ရာဝန်ကြီး ဦးမြတ်သူ စီမံကိန် ဘဏ္ဍာရေးဝန်ကြီး ဦးရဲလွင် စည်ပင်
မြို့တော်ဝန်ကြီး ဦးအောင်ဝင် ဥပဒေချုပ် ဒေါ်ခင်အေးဆွေ စာရင်းစစ်ချုပ်
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီး မျိုးမင်းအောင် နယ်စပ်ရေရာနှင်
လုံခြုံရေးဝန်ကြီးများအဖြင့် ပြည်တော်ဝင်သင်္ကြန်းနဲ့အတူ ယနေ့ခန့်အပ်လိုက်ကြောင်းသိရသည်။

posted from Bloggeroid

လာဘ်စားမှုပပျောက်ရေး



လာဘ်စားမှုပပျောက်ရေး သမ္မတရုံးညွှန်ကြားချက်အပေါ် အမြင်တချို့

05.04.2016 08:22



ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်



အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်တဲ့ အစိုးရသစ် လက်ထက်မှာ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်ဖို့ ရည်ရွယ်တဲ့ အနေနဲ့ အစိုးရ၀န်ထမ်းတွေ ကျပ်ငွေနှစ်သောင်းခွဲထက်ပိုပြီး လက်ဆောင်မယူဖို့ တားမြစ်လိုက် ပါတယ်။ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်လိုက်တဲ့ လမ်းညွှန်ချက်ဟာ နှစ်ပေါင်းများစွာ ယိုယွင်းနေတဲ့ အစိုးရယန္တယားကို ပြင်ဆင်ဖို့ ရည်ရွယ်တာမှန်ပေမဲ့ အကျင့်ပျက်ခြစားမှုတွေ အမြစ်ပြတ်ဖို့ အတွက်ကတော့ ဒီထက်ပိုဆောင်ရွက်ဖို့ လိုမယ်လို့လည်း သုံးသပ်သူတွေက ထောက်ပြပါတယ်။ အသေးစိတ် မဆုမွန် တင်ပြပေးထားပါတယ်။

နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေတဲ့အတွက် အဂတိလိုက်စားမှု နဲ့ အကျင့်စာရိတ္တ ပျက်ပြားမှု အချိန်တိုတွင်း လုံးဝပျောက်သွားစေ ဖို့ဆိုပြီးမြန်မာငွေ နှစ်သောင်းခွဲထက်ပိုပြီး လက်ဆောင်ပစ္စည်း မယူရဆိုတဲ့ လမ်းညွှန်ချက် ကို နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် က ပထမဆုံး လက်မှတ်ထိုးပြီး ဧပြီလ ၁ရက်နေ့မှာ ဗဟိုရုံးတွေ၊ ပြည်ထောင်စု ဝန်ကြီးဌာနတွေနဲ့ ပြည်နယ်တွေကို ထုတ်ပြန်လိုက်ပါတယ်။

အကျင့်ပျက်ခြစားမှုကို ပြတ်ပြတ်သားသား ကိုင်တွယ်မယ်ဆိုတဲ့ ကြွေးကြော်ထားတဲ့ ဒ်ါအောင်ဆန်းစုကြည်ရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ခြေလှမ်းသစ်အဖြစ် ကြိုဆိုပေမဲ့လို့ ဒီလိုလက်ဆောင် ပစ္စည်းတွေကို ကန့်သတ်တာ ထက် နိုင်ငံတော်အဆင့် စီမံကိန်း၊ စီမံချက်တွေမှာ လုပ်ပိုင်ခွင့်တွေကို ဥပေဒေနဲ့ လက်တလုံးခြားဆောင်ရွက်နေတာတွေကို အဓိကထားဖော်ထုတ်သင့်တယ်လို့ မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်းက ထောက်ပြပါတယ်။

“ဒီဝန်ထမ်းတွေလဘ်စားတယ်ပေါ့နော်။ အခု လက်ဆောင် ပစ္စည်းဆိုင်ရာ မူဝါဒပေါ့။ အဲဒါကို ကျွန်တော်တို့ ခေါ်တာက petty correction လို့ ခေါ်ပါတယ်။ ဆိုလိုတာက အသေးစား လာဘ်စားမှုပေါ့နော်။ တကယ့်တကာယ် လာဘ်စားမှု ဖြစ်တာက အကြီးကြီး ဒီမူဝါဒ ပိုင်းဆိုင်ရာမှာ ဖြစ်တာပါ။ တချို့တွေက အစိုးရ မူဝါဒကို ပါးပါးလေးလှည့်လိုက်တယ်။ ဆိုတော့ အဲဒီအပေါ်မှာ အကြီးကြီးစားသွားတာမျိုးပေါ့။ အဲဒါမျိုးတွေက ပိုအရေးကြီးပါတယ်။ အဲဒီလိုမျိုး မူဝါဒအပေါ်မှ လာဘ်စားတဲ့ ဟာမျိုးကို ဆက်ပြီးတော့ ကိုင်တွယ်ဖို့ လိုမယ် ထင်တယ် ခင်ဗျ။”

အစိုးရသစ်ကိုဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဘက်က မြန်မာနိုင်ငံတွင်း အကျင့်ပျက်ခြစားမှုလုံးဝကင်းစင်အောင် ပါတီဝင်တွေရော လွှတ်တော်ကိုယ်စားလှယ်တွေကိုရော အဂတိလိုက်စားရင် ထောင်ဒဏ်အထိ မှတ်လောက်အောင် အပြစ်ပေးမယ်လို့ ပြတ်ပြတ်သားသား ပြောဆိုထားပြီးနောက်မှာ အခု သူ သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဖြစ်လာခ်ျိန်မှာ ပြည်နယ်၊ တိုင်းဝန်ကြီးတွေဆီကို အခုလိုလမ်းညွှန်ချက် ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။

ဥပဒေပညာရှင် ဦးသိန်းသန်းဦးကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အကျင့်ပျက်ခြစားမှုကို အရေးတကြီး တိုက်ဖျက်ဖို့ဆိုရင် အရင်အစိုးရလက်ထက်က မိမိနဲ့ လက်သင့်ရာ၊ ကိုယ်ပိုင်အကျိုးစီးပွားအတွက် လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ အများပိုင်စီမံကိန်းတွေ လုပ်ကွက်တွေ လုပ်ပိုင်ခွင့်တွေ ချပေးထားတာတွေကိုလည်း ပြန်သုံးသပ်သင့်တယ်လို့ မြင်ပါတယ်။

“ကျွန်တော်က တော့ ပြတ်ပြတ်သားသား အခုဗျာ စီမံချက်တွေကို ပြန်ပြီးတော့ review လုပ်သင့်တယ်လို့ ထင်ပါတယ်။ မြင်သာထင်ရှားအောင် လူထုကိုလဲ ချပြသင့်တယ်။ ရန်ကုန်မြို့သစ် စီမံကိန်း ဘာညာ သာရကာ စီမံကိန်း သွားခါနီးလေးကို ဆီးသီးဗန်းမှောက်ပြီးတော့ လမ်းတွေပြင်၊ တံတားတွေဆောက် စီမံချက်တွေ လုပ်သွားကြတာ။ ဒါတွေကိုလည်း ပြန်သုံးသပ်သ့င့်တယ်လို့ ထင်ပါတယ်။ အဲဒီမှာ လဘ်ပေးလာဘ်ယူက အဲဒီမှာ ပေါ်မှာ။ လေလံ ပစ်ခဲု့ကြတယ်ဗျာ။ ကျောက်တံတားမြို့နယ်က အထင်ကရ နေရာကြီးကို ကြမ်းခင်းဈေး သိန်း၁၀၀ တို့ ဘာတို့နဲ့ လုပ်သွားခဲ့ကြတဲ့ ကိစ္စတွေ ရှိတယ်။ ဒါတွေကတော့ တိုင်းပြည်ရဲ့ ဘဏ္ဍာရေးနဲ့ ပက်သက်တဲ့အတွက် ခွင့်ပြုချက် ခွင့်လွှတ်ချက်မပေးသင့်ဘူး။ ဒီစီမံကိန်းတွေကိုလည်း တိတိကျကျ ပြတ်ပြတ်သားသား အစိုးရအဖွဲ့ တစ်ရပ်လုံးအနေနဲ့ လဲ တင်ပြ စီစစ်သင့်တယ်။ လွှတ်တော် မှာလည်း တင်ပြ စီစစ်သင့်တယ်။ လူထုကိုလဲ တင်ပြသင့်တယ်။ အဲဒီတွေ့ရှိချက်အပေါ်မှာတော့ ဥပဒေနဲ့ အညီ ပြတ်ပြတ်သားသား အရေးယူသင့်တယ်လို့ ကျွန်တော် ထင်တယ်။”

ဒီလမ်းညွှန်ချက်ထဲမှာ လက်ဆောင်ပစ္စည်းတွေထဲ ငွေကြေးနဲ့ တန်ဖိုးရှိသည့် ပစ္စည်း ရွှေ၊ ငွေ၊ လေယာဉ်လက်မှတ်၊ အခမဲ့တည်းခိုခ၊ အခမဲ့စားသောက်ခ၊ ဧည့်ခံကျွေးမွေးခြင်း၊ ဂေါက်သီးအသင်းဝင်ကြေးတွေပါ အကျုံးဝင်တယ်လို့ ဆိုထားပါတယ်။ ကိုယ်တာဝန်ယူထားတဲ့ ရာထူးလုပ်ပိုင်ခွင့်ကနေ အကျိုးခံစားခွင့် ရသွားစေမည့်သူတွေဆီက လက်ဆောင်ပစ္စည်းလုံးဝလက်မခံရလို့လည်း ပါရှိပါတယ်။

မြန်မာကျပ်ငွေ ၂၅၀၀၀ ထက် မပိုသော လက်ဆောင်ပစ္စည်းက ယူခွင့်ရှိပေမဲ့လို့ တနှစ်လုံးမှာ မြန်မာကျပ်ငွေတန်ဖိုး ၁၀၀၀၀၀ ထက် မပိုစေရ လို့လည်း ပြောထားပါတယ်။ အရင်ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းကတော့ မြန်မာကျပ်ငွေ သုံးသိန်းထက်မပိုစေရလို့ ဆိုထားတာပါ။

နိုင်ငံခြားအစိုးရတွေဆီက ပေးအပ်လာတဲ့ လက်ဆောင်ပစ္စည်းတွေကိုတော့ ငွေတန်ဖိုး ကျပ် ၄၀၀၀၀၀ မပိုသော လက်ဆောင်ပစ္စည်း၊ တရားဝင်ကိစ္စ အတွက် ခရီးသွားလာစရိတ်၊ ပညာသင်ဆု၊ ဆေးဝါးကုသစရိတ်များကိုသာ လက်ခံရမယ်လို့ နိုင်ငံတော်သမ္မတနဲ့ ဒုတိယ သမ္မတတွေကို ပေးအပ်တဲ့ လက်ဆောင်ပစ္စည်းတွေကို ဦးစီးရုံးတွေရဲ့ ဒုတိယညွန်ကြားရေးမှူးချုပ်များက နိုင်ငံတော်သမ္မတရုံးဝန်ကြီးတွေကို အမြန်ဆုံးတင်ပြဖို့လည်း လမ်းညွှန်ထားပါတယ်။

posted from Bloggeroid

Friday, April 1, 2016

ကလေးမုဒိမ်း


အသက် ၅ နှစ်အရွယ်ကလေးမတစ်ဦးအားမုဒိမ်းကျင့်ရန်ကြိုးစားသူ တပ်မတော်သား တစ်ဦးကိုအမှုဖွင့်အရေးယူထား
ဧပြီလ ၁ ရက်၊ ၂၀၁၆
သတင်းဇော်ခ၊ ဓာတ်ပုံ၊ တင်ဦးမောင်
အသက် ၅ နှစ်အရွယ်ကလေးမတစ်ဦးအား လိင်ပိုင်းဆိုင်ရာမုဒိမ်းကျင့်ရန်ကြိုးစားမှုဖြင့် မြန်မာ့တပ်မတော်မှတပ်သားတစ်ဦးအား မြောက်ဦးရဲစခန်းမှအမှုဖွင့်အရေးယူထားပြီးဖြစ်ကြောင်းသိရပါတယ်။
ဖြစ်စဉ်မှာ မတ်လ၃၁ရက်နေ့ ညနေ၈နာရီ ကျော်လောက်မှာ ရခိုင်ပြည်နယ်မြောက်ဦးမြို့ ၀သဲရပ် ကွက်နေ ဘ (ဦး….နှင့် (မိ)ဒေါ် …….တို့ရဲ့သမီး မ…..အသက် ၅နှစ်အရွယ်အား ထပရ ၈၂၈ မြောက်ဦးမြို့ တပ်သားထွန်းလှိုင် ကိုယ်ပိုင်အမှတ် တ/ ၄၃၈၄၉၇ ဟာ ကလေးမှာအိပ်နေစဉ် တပ်သား ထွန်းလှိုင်ရောက်ရှိ လာပြီးကလေးမလေး အားပါးစပ်ပိတ်ပြီးခေါ်သွားပြီးတော့မုဒိမ်းကျင့်ရန်ကြို့စား စဉ်ကလေးမ ကအော်ဟစ် သံကြား၍ ဘေးပတ်ဝန်း ကျင်ကြားပြီးရောက်လာခဲ့တယ်လို့အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မြောက်ဦးမြို့ ရဲစခန်းမှရဲမှူးတစ်ဦးကဒီဗွီဘီကို ပြောပါတယ်။
’’ဟုတ်ကဲ့ပါ။ဖြစ်စဉ်ကမှန်ပါတယ်။မနေ့ည ၈ နာရီကျော်လောက်မှာပေါ့လေ။ ၀သဲရပ်ကွက် မှာရှိတဲ့အိမ်မှာပေါ့။အဲ့ဒီမှာထမင်းဆိုင်ရှိတယ်။ ကလေးမလေး က၅ နှစ် ကလေးပေါ့လေ သူကအိပ်နေ တာပေါ့လေ။၂၁ နှစ်ရှိတဲ့ကောင်းလေးကရောက်လာ တာပေါ့လေ။ သူ့ကိုပါးစပ်ပိတ်ပြီးတော့ခေါ်သွားတယ်။ အဲ့လို့ကျင့်မလို့လုပ်နေတုန်း ကလေးမလေးက အော် လိုက်တာပေါ့လေ။ဒါကို ဘေးပတ်ဝန်းကျင်က လူတွေကြားတော့ ၀ိုင်းလာကြပြီးတော့ ဖမ်းချုပ်လိုက်တယ်ပေါ့ လေ။ လို့ပြောပါတယ်။
မုဒိမ်းကျင့်ရန်ကြိုးစားခံခဲ့ရတဲ့ကလေးမှာ တပ်သားရဲ့ရိုက်နှက်မှုကြောင့် ပါးပြင်များနှင့်လက်မောင်များမှာ ဒဏ်ရာအချို့ရှိတယ်လို့သိရပါတယ်။ လက်ရှိအခြေအနေမှာကလေးမအားမြောက်ဦးဆေးရုံ မှာဆေးစစ် ချက်များပြုလုပ်နေကြောင်းအသးစိပ်ကိုမသိရှိရသေးကြောင်းရဲမှူးမှဆက်လက်ပြောပါတယ်။
’’ဆေးစစ်တာကတော့ ကျွန်တော်တို့သိပ်တော့မသိဘူးဗျ။ ဒါကတော့ဆရာဝန်ကြီးတွေသိတာပါဗျ။ ကျွန်တော် အနေနဲ့ကတော့ဘာမှမဖြစ်နိုင်ဘူးလို့လည်းပြောချင်ပါတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကြံစီတာက တော့ကြံစီတယ်ပေါ့။ မုဒိမ်းမှုမမြောက်ဘူးပေါ့ဗျာ။ကောင်းမလေးအနေအထားကိုလည်း သေချာမေးထားပြီး ပါပြီ။ကလေးမလေးက အော်လိုက်တာပေါ့လေ။ ဒါကိုကြားလို့ဘေးပတ်ဝန်းကျင်ကြားပြီးလာကြတယ်။ အဲ့ဒီအချိန်မှာ ဘာမှမလုပ်ရသေးဘူး။ အထမမြောက်သေးဘူးပေါ့လေလို့ရဲမှူးကဆက်လက်ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတပ်သားထွန်းလှိုင်းအား မြောက်ဦးမြို့ရဲစခန်းမှ ပ ၃၅/ ၂၀၁၆ ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ နဲ့အမှုဖွင့်အရေးယူထားကြောင်းသိရပါတယ်။ အလားတူ ရခိုင်ပြည်နယ်စစ်တွေမြို့၊ဓည၀တီ ရပ်ကွက်မှနေထိုင်သူ မဌေးဌေးစံ အသက်၈ အရွယ်ရှိကလေးမတစ်ဦးကို စစ်တွေအခြေစိုက် အမှတ် ၃၅၄ ခြေမြန်တပ်ရင်းမှ

ဒုတပ်ကြပ်နေ၀င်အားစက်တင်ဘာ ၂၂ ရက်နေ့ ၂၀၁၅နေ့မှာမုဒိမ်းပြုကျင့်ပြီးနောက်၊ ရန်ကုန်၊ ရန်ကင်း ကလေးအထူးကုဆေးရုံးမှာဆေးကုသမှုခံယူနေစဉ် အောက်တိုဘာလ၂၁ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။

posted from Bloggeroid