Saturday, January 21, 2017

ကြော်​ငြာသတင်း



ငပလီ ကို သွားမယ် ဆိုရင် !!!
--------------------------------
မြန်မာနိုင်ငံ ရဲ့ အထင်ကရ ကမ်းခြေ ကြီး တစ်ခုဖြစ်တဲ့ ငပလီကို သွားမယ် ဆိုရင် (Ygn မှ)
အဓိက အားဖြင့် လမ်း နှစ်ခုကနေ သွားနိုင်ပါတယ်
မိမိ နေထိုင်ရာ နေရာ ကနေ ပြီး အစဉ်ပြေ သလို သွားနိုင်အောင် သေချာလေး List လုပ်ပေးထားပါတယ် ခင်မျ :) :)
ပထမဆုံး လမ်းက တော့
ပုသိမ်လမ်းနေ ငပလီထိ သွားလို့ရပါတယ်
အချိန်အားဖြင့် သောကြာနေ့ မနက် ၄ နာရီ ခန့်လောက်က နေ ရန်ကုန် -ပုသိမ် လမ်းမကြီးအတိုင်း မောင်းလာခဲ့ ကျောင်းကုန်း မြို့ ရောက်ရင် ကျောင်းကုန်း တံတား အကျော်မှာ လမ်းဆုံ လေးတစ်ခုတွေ့ရင် ညာဖက်ကို ချိုးပြီးသာ မောင်းလာခဲ့
ရေကြည် -အသုတ် - ငါးသိုင်းချောင်း စတဲ့ မြို့ကြီးတွေကို ဖြတ်သွားပြီး ရင် ရ ခိုင် ရိုးမ တောင်တန်းကြီးတွေ ကို စပြီး တွေ့မြင် ရမှာ ဖြစ်ပါတယ် ထိုမှ တစ်ဖန် ဂွ မြို့ကို သွားတဲ့ လမ်းကို ထပ်မံ ရွေးချယ် သွားရမှာ ဖြစ်ပါတယ် ခင်မျ
**ဒီနေရာမှာ တစ်ခုမှာချင်တာက ကျနော်တို့ မနက်လေးနာရီ လောက် ရန်ကုန်က စထွက်လာခဲ့ရင် ငါးသိုင်းချောင်း ကို မနက် ၁၀ နာရီ ဝန်းကျင်လောက်ဆိုရောက်ပါပြီ Breakfast နဲ့ lunch ကို အဆင်ပြေသလိုသာ စားကြပေါ့ (အိမ်က ထည့်လာရင်တော့ ပိုအဆင်ပြေတယ် ဗျာ လမ်းကဆိုင်တွေက သိပ်မစွံဘူး )
ငါးသိုင်းချောင်း အကျော် က နေ စလို့ သံတွဲ ရောက်သည်အထိ တောင်တက် တောင်ဆင်းလမ်းတွေကို ဖြတ်ကျော် မောင်းရမှာဖြစ်ပါတယ် (လမ်းကောင်းပေမဲ့ ကျဉ်းပြီး အကွေ့အကောက်များလို့ အတွေ့အကြုံ ရှိတဲ့သူမောင်းရင် ပိုပြီး ကောင်းပါတယ်)
တောင်ပေါ် လမ်းကို ၅ နာရီ ၀န်းကျင်လောက် မောင်းပြီးရင်တော့ ဂွမြို့ ကျော်တာနဲ့ တောင်တန်းတွေရဲ့ အောက်မှာ အပြာရောင် ပင်လယ် ပြင်ကြီး က ဆီးကြိုနေပါပြီ (အမောကို ပြေသွားတာပဲ 😁😁😁)
ဒီလိုနဲ့ ကမ်းနားအတိုင်းမောင်းလိုက် တောင်အတက်အဆင်း ပြန်မောင်းလိုက်နဲ့ သံတွဲမြို့ကို ညနေ ၄ နာရီ လောက် ဆိုရောက်ပါပြီ ခင်ည ) :) :)
သံတွဲ နဲ့ ငပလီ ကမ်းခြေကို ၄ မိုင် နဲ့ ၃ ဖာလုံခန့် ထပ်မံ မောင်းရမှာ ဖြစ်ပြီး
ညနေ ပိုင်း ငပလီကမ်းခြေမှာ ရေ ကစားနိုင်ပါပြီ (ကျနော်ကတော့ သောကြာနေ့ ညရယ် စနေနေ့ ညရယ် နှစ်ရက် အိပ် ပါတယ် )
ဒုတိယ လမ်းအနေ ဖြင့် ငပလီ - သံတွဲ -တောင်ကုတ် -ထုံးဘို (အကောက်တောင် ဘုရား )ပြည် -ရန်ကုန်
လမ်းကြောင်းအတိုင်း ပြန်လာခဲ့ပါတယ်
ငပလီ ကမ်းခြေက နေ Sunday မနက် ၄ နာရီလောက်နေ မောင်လာခဲ့ ရင် ၄၇ မိုင်အရောက်မှာ တောင်ကုတ် မြို့ကို ဝင်ပါမယ်ခင်မျ
အဲ့ရောက်မှ ပဲ Breakfast စားသောက်ပြီး ရခိုင် ရိုးမ ပေါ်ကို စတက်ရမှာဖြစ်ပါတယ် လမ်းဘေး ဝဲယာ တစ်လျှောက်ကတော့ ပုံမှာမြင်တဲ့အတိုင်းပဲ ခင်မျ
ဒီလိုနဲ့ မောင်းလာခဲ့ရင် ပင်လယ်ရေမျက်နှာပြင်အထက် ၃၀၆၅ လောက်မှာ ရှိတဲ့ ရေပေါ်ကြီး စခန်းကို ရောကိပါမယ် ဆတ်သားစစ် စစ် တွေ အာပူအရွက် (ကြက်သောက်စမ်း ချက် တဲ့အရွက် )တွေ ဝယ်ရင်း ကော်ဖီ လေးဘာလေးသောက်ပြီး ကားကို ခန အနားပေး ကြပေါ့ ပြီးရင် ဆက်မောင်း လာခဲ့ ညောင်ကျိုး စခန်းမှာ တစ်ယောက် ၂၅၀၀ တန် ဘူဖေးထမင်း ရှိတယ် တောကောင်သားတွေ ရပါတယ် (မျှစ်ချဉ် မိုက်တယ်)
တောင်ကုတ်ကနေ ၅ နာရီခန့်အကြာ မှာ ထုံးဘိုကို ရောက်မယ်
ထုံးဘို လှေဆိပ်ကနေ အကောက်တောင်ဘုရားကို စက်လှေ နဲ့ ဖူး ပြီးရင် ပြည်ထိ ခရီးဆက် ပြည်မှာ ရွှေဆံတော်ဘုရား ဖူး ပြီးတဲ့အခါ ညစာ စား
ပြီးရင် ရန်ကုန် ထိသာ မောင်းပေတော့ ည ၁၂ နာရီ လောက်ဆို ရောက်ပြီ :) :)
ဒီလမ်းကြောင်းအတိုင်းသာ သွားမယ် ဆို အတော်လေး တော့ ခရီးရောက်တာပေါ့ နော်
တကယ်ကြီးသွားချင်တဲ့ မိတ်ဆွေ တို့အတွက် အောက်မှာ မပါမဖြစ် လိုအပ်တာလေးတွေ လည်း မှတ် သွားကြပါ
*အိမ်က နေ အကြွေ လေးတွေ ယူသွား (လမ်းမှာ ကလေးလေးတွေ က တာ့တာပြရင် မုန့်ဖိုးပေး လို့ရအောင် )
*အသွားလမ်းမှာ အစားအသောက် သိပ်အဆင်မပြေတတ်လို့ ၂ နပ်စာလောက် တော့ ယူသွားစေချင်
* ကားအတွက်ကတော့ ဘီးအပို ယူသွား ပါ (မဖြစ်မနေ) ကားပြင်ပစ္စည်း ယူသွားပါ
ဖုန်းလိုင်း က ရိုးမ ပေါ်မှာ မမိ ပါဘူး
* ရန်ကုန် - ကျောင်းကုန်း -ရေကြည် -အသုတ် -ငါးသိုင်းချောင်း -ဂွ -သံတွဲ -ငပလီ ကို မိုင် ၂၄၀ ရှိပါတယ်
*ရိုးမ လမ်းမှာ မှန်ဖွင့်မောင်းပါ (ဟွန်း တီးပါ )
*အပြန် လမ်း ငပလီ-သံတွဲ -တောင်ကုတ် -ထုံးဘို -ပြည် -ရန်ကုန် အထိ မိုင် ၃၀၀ ကျော် ပါတယ် ခင်မျ အပြန်လမ်း မှာ လူဝင်မှု ကြီကြပ်ရေး မှာ မှတ်ပုံတင် စစ်ပါတယ်

မိသားစုနဲ့ပဲသွားသွား
သူငယ်ချင်းတွေနဲ့ပဲသွားသွား
စားရိတ်စကချုံ့ပြီး ငပလီကိုသွားလည်ချင်သူတွေအတွက်
EZee Ticketing မှ ပြန်လည်မျှဝေပေးလိုက်ပါတယ်.....

အောက်က ပုံလေးတွေ ဆက်ပြီး ကြည့်လိုက်ပါဦး

No comments:

Post a Comment