Friday, January 13, 2017

မူလတန်းလွန်​​ကျောင်း​ဆောင်​သစ်​ဖွင့်​ပွဲ

ပြင်ဦးလွင်မြို့နယ် ဝါးနက်ကျေးရွာရှိမူလတန်းလွန်ကျောင်းတွင် ကိုယ်ထူကိုယ်ထ
ကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်း
================================================
သုတ
ပြင်ဦးလွင် ဇန်နဝါရီ ၁၃
===================
မန္တလေးတိုင်းဒေသကြီး ပြင် ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ် လွန်ကောင်းကျေးရွာအုပ်စု ဝါးနက် ကျေးရွာရှိ မူလတန်းလွန်ကျောင်း တွင် ကိုယ်ထူကိုယ်ထကျောင်း ဆောင်သစ်ဆောက်လုပ်ပြီးစီးခဲ့သ ဖြင့် ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနား ကို ယမန်နေ့နံနက် ၉နာရီခွဲက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျောင်း ဆောင်သစ်နှင့်ပတ်သက်သော စာရွက်စာတမ်းများအား ကျောင်း အုပ်ဆရာမကြီးထံ ပေးအပ်ခြင်း၊ ကျောင်းဆောင်သစ်ဆောက်လုပ် လှူဒါန်းခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီး သီးပေးအပ်ချီးမြှင့်ခြင်းနှင့် ထူးချွန် ကျောင်းသားကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကာ ကျောင်းသားကျောင်းသူလေးများ က အဆိုအကများဖြင့် သီဆိုကပြ ဖျော်ဖြေခဲ့ကြသည်။
မူလတန်းလွန်ကျောင်းဆောင် သစ်ဖွင့်ပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင် ပညာရေးမှူး ဒေါ်ချိုချို၊ ပြင်ဦးလွင် မြို့နယ် ပညာရေးမှူး ဦးမျိုးဝဏ္ဏာ ခိုင်ထွေး၊ ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းခဲ့သည့် ကျပ် သိန်း ၁ဝဝမတည်အလှူရှင်နှင့် အခြားအလှူရှင်များ၊ မူလတန်းလွန် ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမ များ၊ ဖိတ်ကြားထားသောဧည့် သည်တော်များ၊ ရပ်မိရပ်ဖများ၊ ကျောင်းသားကျောင်းသူများ တက် ရောက်ခဲ့ကြကြောင်း သိရသည်။
ဝါးနက်ကျေးရွာရှိ မူလတန်း လွန်ကျောင်းမှ ပညာသင်ကြားခဲ့ သော ကျောင်းသားကျောင်းသူ များအနေဖြင့် အထက်တန်းအဆင့် ပညာသင်ကြားရေးကို ပြင်စာ ကျေးရွာ၊ ပြင်ဦးလွင်မြို့နှင့်မန္တလေး မြို့တို့ရှိ အထက်တန်းကျောင်းများ သို့ သွားရောက်ကာ ပညာဆက် လက်သင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment