Thursday, January 5, 2017

မန္တ​လေးအကျဉ်းများအတွက်​လှူဒါန်း

"မန္တ​လေးအိုးဘို​ထောင်​အတွင်းအကျဉ်းသား
အတွက်​ တစ်​နပ်​စာထမင်းစရိတ်​ကုသိုလ်​ယူ
ရန်​အတွက်​အလှူ​ငွေလှူဒန်းခြင်း"
=============================
မန္တ​လေး ဇန်​နဝါရီ ၅

မန္တ​လေးမြို့အိုးဘို​ထောင်​အတွင်းအကျဉ်​ကျခံ
နေကြ​သော အကျဉ်​သားများ၏​နေ့စဉ်​ထမင်း
တစ်​နပ်​စာအတွက်​ လှူဒါန်းနိုင်​ရန်​အတွက်
၂၀၀၇ မြန်​မာနိုင်​ငံကုန်​​ဈေးနှုံန်းကျဆင်း​ရေး
အဖွဲ့ ဒီမိုက​ရေစီအ​ရေးစဉ်​ဆက်​မပျက်​လှုပ်
ရှားသူများအဖွဲ့(MDCF)အထက်​မြန်​မာပြည်
တာဝန်​ခံကိုသိန်း​အောင်​မြင့်​ကဦးစီ၍ပြုလုပ်
မည်​ပွဲကို ကမ္ဘာ​မြေ​အောင်​​ကုမ္ပံဏီပိုင်​ရှင်​ဦးထွန်းနိုင်​က မတည်​​ငွေ ၁၀ သိန်းအလှူ​ငွေ
ကိုဇန်​နဝါရီလ ၅ ရက်​​နေ့ ည​နေ့ကလှူဒါန်း
ခဲ့​ကြောင်းသိရသည်​။

"ကျွန်​​တော်​တို့မြန်​မာနိုင်​ငံမှာ အ​ကြောင်းအမျိုး
မျိုး​ကြောင့်​ အကျဉ်းကျခံ​နေကြ​သောသူ​တွေ
ထောင်​ထဲ့မှာအကျဉ်းသား​တွေအများကြီးပါ
လူအခွင့်​အ​ရေးအရ ​ထောင်​သား​တွေကို
လှူမယ်​သူမရှိဘူး ​ထောင်​ကတာဝန်​ရှိသူ​တွေ
ကိုကျွန်​​တော်​​မေးကြည်​​တော့ လှူလိုရတယ်
လိုသိရပါတယ်​။
တစ်​နပ်​စာ သိန်း ၃၀ ဆယ်​​လောက်​ကုန်​မယ်
လိုသိထားရလို ယ​နေ့ အလှူ​ငွေ စတင်​လက်​ခံပြီး ​ငွေပြည့်​သည့်​​နေ့ မကြာမှီသွား​ရောက်
လှူမှာပါ ကျန်​တဲ့အလှူရှင်​​တွေလည်းလက်​ခံ
ပါတယ်​ အပြင်​မှာရှိတဲ့သူ​တွေကလည်း
ထောင်​အတွင်းအကျင်းကျခံရသူ​တွေပြုပြင်
ပြောင်​လဲ​စေလို​သောစိတ်​နဲ့ ဒီပွဲ​လေးလုပ်​ဖြစ်
တာ ​ဖေဝါရီလအတွင်းလုပ်​ဖြစ်​မှာယ​နေ့ကမ္ဘာ​မြေ​အောင်​ကုမ္ပံဏီပိုင်​ရှင်​ဖြစ်​​သောဦ
ထွန်းနိုင်​ကမတည်​​ငွေလှူဒါန်းခဲ့​ကြောင်း
ကိုသိန်း​အောင်​မြင်​က​ပြောသည်​။

အဆိုပါအကျဉ်းသားများအတွက်​ တစ်​​နေ့စာ
ထမင်းအထိ အလှူ​ငွေရရှိသည့်​အ​ပေါ် အကျဉ်းသား​တွေအတွက်​လှူဒါန်းသွားမှာဖြစ်
ပြီး ဆက်​သွယ်​လှူဒါန်းလိုသူများအ​နေဖြင့်
ကိုသိန်း​အောင်​မြင့်​ facebookမှ၎င်း ဖုန်းဖြင့်
၎င်းဆက်​သွယ်​လှူဒါန်းလိုရ​ကြောင်းသိရသည်​။

ဆက်​သွယ်​လှူဒါန်းနိုင်​ရန်​ ဖုန်းများ
၀၉၄၃၀၀၃၇၂၆ ၀၉၉၁၀၀၉၀၆၅
ကိုသိန်း​အောင်​မြင်​ ကိုထူးထူး ဖုန်​သို့
လှူလိုရ​ကြောင်းသိရသည်​။
စိုင်းထူးခန့်

No comments:

Post a Comment