Wednesday, January 18, 2017

မႏၲ​ေလးသၾကၤန္​း

【ျပည္တြင္း】က်ံဳးေဘးမ႑ပ္ေတြေလွ်ာ့ခ်သြားမည့္ ၂၀၁၇ ခုႏွစ္ မႏၲေလးမဟာသႀကၤန္အစီအစဥ္ ယခင္လုိ စည္ကားမႈမရွိေတာ့မွာကုိ ေဒသခံမ်ားစုိးရိမ္
==============================
မႏၱေလး ၊ဇန္န၀ါရီ ၁၉ ၂၀၁၇ ခုႏွစ္
မႏၲေလးမဟာသႀကၤန္က်င္းပျပဳလုပ္မယ္႔အစီအစဥ္နဲ႔ပတ္သက္ၿပီး မႏၲေလး ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီနဲ႔ ၿမိဳ႕ခံတတ္သိပညာရွင္မ်ားရဲ႕ က်ံဳးေဘးမ႑ပ္ေတြေလွ်ာ့ ခ်သြားမည့္ အႀကံျပဳခ်က္ေတြ အေပၚ မႏၲေလးၿမိဳ႕ေဒသခံေတြက ယခင္လုိ စည္ကားမႈမရွိေတာ့မွာကုိ စုိးရိမ္မႈရွိေနၾကပါတယ္။ “က်ံဳးေဘးမ႑ပ္ေတြေလွ်ာ့ခ်သြားမယ္ဆိုေတာ့ ႏွစ္တိုင္းလို မစည္ကားေတာ့မွာစိုးရတယ္၊ တစ္ခ်ိဳ႕လုပ္ငန္းရွင္ေတြကလည္း ဒီႏွစ္သႀကၤန္မွာ မ႑ပ္မလုပ္ေတာ့ဘူးလို႔ၾကားေနရတယ္၊ အရင္လို က်ံဳးေဘးမ႑ပ္ေတြအမ်ားႀကီးခြင့္မျပဳဘူး၊ က်ံဳးရဲ႕မ်က္ႏွာခ်င္းဆုိင္မွာပဲ အနည္းအက်ဥ္း ခြင့္ျပဳမယ္ဆိုေတာ့ အခက္အခဲတစ္ခ်ိဳ႕ျဖစ္လာႏုိင္တယ္” လုိ႔ က်ံဳးပတ္လည္တစ္ေလွ်ာက္ ေရကစားမ႑ပ္ေတြေလွ်ာ့ခ်သြားမယ္႔အစီအစဥ္နဲ႔ ပတ္သက္ၿပီး မႏၲေလးၿမိဳ႕ခံတစ္ဦးကေျပာပါတယ္။ က်ံဳးေဘးပတ္လည္တစ္ေလွ်ာက္သာစည္ကားတတ္ေလ႔ရွိတဲ႔ မႏၲေလးသႀကၤန္ကို က်ံဳး ပတ္လည္မ႑ပ္ ေတြေလွ်ာ့ခ်သြားဖို႔ မႏၲေလးၿမိဳ႕ေတာ္ ၀န္ကေျပာဆိုလိုက္တဲ႔အတြက္ ေ၀ဖန္မႈ ေတြျဖစ္ေပၚခဲ႔တာျဖစ္ၿပီး ၿမိဳ႕ခံတစ္ခ်ိဳ႕ကေတာ့ ယဥ္ေက်းမႈထိန္းသိမ္းဖို႔နဲ႔ ျပတ္ျပတ္သားသားစည္း ကမ္းခ်မွတ္ေဆာင္ရြက္ဖို႔သာ အဓိကျဖစ္တယ္လုိ႔ေျပာဆိုေနၾကတာေတြလည္းရွိပါတယ္။ ႏွစ္ေပါင္းမ်ားစြာ ယိုယြင္းပ်က္စီးလာတဲ႔ျမန္မာ့ရုိးရာမႏၲေလးသႀကၤန္ပြဲေတာ္ကို အထူးသျဖင့္ ျမန္မာ့ယဥ္ေက်းမႈထိန္းသိမ္းလိုတဲ႔ စာေပပညာ ရွင္ေတြနဲ႔ၿမိဳ႕ခံေတြဘက္က ယဥ္ေက်းသိမ္ေမြ႕တဲ႔ သႀကၤန္ပြဲေတာ္အျဖစ္သာက်င္းပျပဳလုပ္လိုၾကၿပီး ေခတ္အဆက္ဆက္အာဏာရအစုိးရကုိ ေထာက္ျပ ေ၀ဖန္ေျပာဆုိမႈေတြလည္းရွိခဲ႔ၾကပါတယ္။ ဒီႏွစ္မွာေတာ့ အစုိးရသစ္လက္ထက္ ပထမဦးဆံုး အႀကိမ္ကိုယ္တုိင္စီမံက်င္းပျပဳလုပ္မယ္႔သႀကၤန္ပြဲေတာ္ျဖစ္တဲ႔အတြက္ မႏၲေလးၿမိဳ႕ေတာ္ ၀န္ကိုယ္တုိင္ မႏၲေလးသႀကၤန္နဲ႔ပတ္သက္ၿပီး ျမန္မာ့ရိုးရာသႀကၤန္ပြဲေတာ္စစ္စစ္ျပန္လည္က်င္း ပႏုိင္ဖို႔စီစဥ္ ေဆာင္ရြက္ေနတယ္ လို႔ ဇန္န၀ါရီ ၁၈ ရက္ထုတ္ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီပိုင္ မႏၲေလးေန႔စဥ္ထုတ္သတင္းစာအရသိရပါတယ္။ “ဒီသတင္းထြက္လာေတာ့ ႀကိဳက္သူရွိသလို မႀကိဳက္သူလည္းရွိပါတယ္၊ ကၽြန္ေတာ္တို႔က ေတာ့ သေဘာက်ပါတယ္၊ မႏၲေလးသႀကၤန္ကို အရုပ္ဆုိးအက်ည္းတန္ေစခဲ႔တာၾကာပါၿပီ၊ ၿမိဳ႕ေတာ္ ၀န္ရဲ႕အစီအစဥ္မွာ ယဥ္ေက်းတဲ႔သႀကၤန္ျပန္ျဖစ္ေစဖုိ႔နဲ႔ ဟုိးအရင္တုန္းကလုိ တစ္ၿမိဳ႕လံုး စည္ကားတဲ႔ သႀကၤန္ျဖစ္ေစဖုိ႔ဆိုတာပါပါတယ္၊ တစ္ခုေျပာခ်င္တာကေတာ့ မႏၲေလးသႀကၤန္တုိင္းကို မႏၲေလး စည္ပင္ကခ်ည္းစီမံေနတယ္၊ ဒီလိုလုပ္မယ္႔အစား ၿမိဳ႕လူထုရဲ႕ဆႏၵကိုရယူသင့္တယ္” လို႔ အသက္ ၄၀ အရြယ္ၿမိဳ႕ခံတစ္ဦးကေျပာပါတယ္။ မႏၱေလးၿမိဳ႕ခံတစ္ဦးကေတာ့ “မႏၲေလးသႀကၤန္မွာ က်ံဳးကုိေက်ာေပးမပက္ရဘူးဆိုတဲ႔ အစီ အစဥ္ထြက္လာမယ္ဆိုရင္ လံုး၀ကန္႔ကြက္ပါတယ္၊ သႀကၤန္မွာေရကစားလို႔ မႏၲေလးကလူေတြ ေရ ဒုကၡေရာက္ဖူးလား” လို႔ ၄င္းရဲ႕ေဖ႔စ္ဘြတ္စာမ်က္ႏွာမွတစ္ဆင့္ ေထာက္ျပေ၀ဖန္ထားပါတယ္။ မႏၲေလးၿမိဳ႕ေတာ္၀န္ကေတာ့ လာမယ္႔သႀကၤန္ပြဲေတာ္ကို ေရျဖဳန္းေငြျဖဳန္းမႈေလွ်ာ့ခ်ၿပီး ျမန္မာ့ ရုိးရာေရကစားဟန္ေတြကိုသာ ျပန္လည္ ေဖာ္ထုတ္ဖုိ႔ တုိင္းေဒသႀကီးအစုိးရအဖြဲ႕ဆီတင္ျပသြား မယ္လို႔ေၾကညာထားပါတယ္။ ျမန္မာ့ယဥ္ေက်းမႈၿမိဳ႕ေတာ္ မႏၲေလးၿမိဳ႕ရဲ႕သႀကၤန္ပြဲေတာ္ကို ၁၉၈၈ ခုႏွစ္ အာဏာသိမ္းအစိုးရလက္ထက္အေစာပုိင္းကာလအထိ ျမန္မာ့ ရုိးရာယဥ္ေက်းမႈ သႀကၤန္ပြဲေတာ္ အျဖစ္က်င္း ပခဲ႔ၾကတယ္လုိ႔သိရၿပီး အဲဒီေနာက္ပိုင္းမွာေတာ့ သရုပ္ပ်က္၀တ္စားဆင္ယင္မႈနဲ႔အတူ စီးပြားေရးလုပ္ငန္းရွင္ေတြရဲ႕ စီးပြားေရးသႀကၤန္ပြဲေတာ္ျဖစ္လာတယ္လို႔ မႏၲေလးၿမိဳ႕ခံေတြက ေျပာပါတယ္။
KT

(Unicode)
【ပြည်တွင်း】ကျုံးဘေးမဏ္ဍပ်တွေလျှော့ချသွားမည့် ၂၀၁၇ ခုနှစ် မန္တလေးမဟာသင်္ကြန်အစီအစဉ် ယခင်လို စည်ကားမှုမရှိတော့မှာကို ဒေသခံများစိုးရိမ်
==============================
မန္တလေး ၊ဇန်နဝါရီ ၁၉ ၂၀၁၇ ခုနှစ်
မန္တလေးမဟာသင်္ကြန်ကျင်းပပြုလုပ်မယ့်အစီအစဉ်နဲ့ပတ်သက်ပြီး မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ မြို့ခံတတ်သိပညာရှင်များရဲ့ ကျုံးဘေးမဏ္ဍပ်တွေလျှော့ ချသွားမည့် အကြံပြုချက်တွေ အပေါ် မန္တလေးမြို့ဒေသခံတွေက ယခင်လို စည်ကားမှုမရှိတော့မှာကို စိုးရိမ်မှုရှိနေကြပါတယ်။ “ကျုံးဘေးမဏ္ဍပ်တွေလျှော့ချသွားမယ်ဆိုတော့ နှစ်တိုင်းလို မစည်ကားတော့မှာစိုးရတယ်၊ တစ်ချို့လုပ်ငန်းရှင်တွေကလည်း ဒီနှစ်သင်္ကြန်မှာ မဏ္ဍပ်မလုပ်တော့ဘူးလို့ကြားနေရတယ်၊ အရင်လို ကျုံးဘေးမဏ္ဍပ်တွေအများကြီးခွင့်မပြုဘူး၊ ကျုံးရဲ့မျက်နှာချင်းဆိုင်မှာပဲ အနည်းအကျဉ်း ခွင့်ပြုမယ်ဆိုတော့ အခက်အခဲတစ်ချို့ဖြစ်လာနိုင်တယ်” လို့ ကျုံးပတ်လည်တစ်လျှောက် ရေကစားမဏ္ဍပ်တွေလျှော့ချသွားမယ့်အစီအစဉ်နဲ့ ပတ်သက်ပြီး မန္တလေးမြို့ခံတစ်ဦးကပြောပါတယ်။ ကျုံးဘေးပတ်လည်တစ်လျှောက်သာစည်ကားတတ်လေ့ရှိတဲ့ မန္တလေးသင်္ကြန်ကို ကျုံး ပတ်လည်မဏ္ဍပ် တွေလျှော့ချသွားဖို့ မန္တလေးမြို့တော် ဝန်ကပြောဆိုလိုက်တဲ့အတွက် ဝေဖန်မှု တွေဖြစ်ပေါ်ခဲ့တာဖြစ်ပြီး မြို့ခံတစ်ချို့ကတော့ ယဉ်ကျေးမှုထိန်းသိမ်းဖို့နဲ့ ပြတ်ပြတ်သားသားစည်း ကမ်းချမှတ်ဆောင်ရွက်ဖို့သာ အဓိကဖြစ်တယ်လို့ပြောဆိုနေကြတာတွေလည်းရှိပါတယ်။ နှစ်ပေါင်းများစွာ ယိုယွင်းပျက်စီးလာတဲ့မြန်မာ့ရိုးရာမန္တလေးသင်္ကြန်ပွဲတော်ကို အထူးသဖြင့် မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းလိုတဲ့ စာပေပညာ ရှင်တွေနဲ့မြို့ခံတွေဘက်က ယဉ်ကျေးသိမ်မွေ့တဲ့ သင်္ကြန်ပွဲတော်အဖြစ်သာကျင်းပပြုလုပ်လိုကြပြီး ခေတ်အဆက်ဆက်အာဏာရအစိုးရကို ထောက်ပြ ဝေဖန်ပြောဆိုမှုတွေလည်းရှိခဲ့ကြပါတယ်။ ဒီနှစ်မှာတော့ အစိုးရသစ်လက်ထက် ပထမဦးဆုံး အကြိမ်ကိုယ်တိုင်စီမံကျင်းပပြုလုပ်မယ့်သင်္ကြန်ပွဲတော်ဖြစ်တဲ့အတွက် မန္တလေးမြို့တော် ဝန်ကိုယ်တိုင် မန္တလေးသင်္ကြန်နဲ့ပတ်သက်ပြီး မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်စစ်စစ်ပြန်လည်ကျင်း ပနိုင်ဖို့စီစဉ် ဆောင်ရွက်နေတယ် လို့ ဇန်နဝါရီ ၁၈ ရက်ထုတ် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင် မန္တလေးနေ့စဉ်ထုတ်သတင်းစာအရသိရပါတယ်။ “ဒီသတင်းထွက်လာတော့ ကြိုက်သူရှိသလို မကြိုက်သူလည်းရှိပါတယ်၊ ကျွန်တော်တို့က တော့ သဘောကျပါတယ်၊ မန္တလေးသင်္ကြန်ကို အရုပ်ဆိုးအကျည်းတန်စေခဲ့တာကြာပါပြီ၊ မြို့တော် ဝန်ရဲ့အစီအစဉ်မှာ ယဉ်ကျေးတဲ့သင်္ကြန်ပြန်ဖြစ်စေဖို့နဲ့ ဟိုးအရင်တုန်းကလို တစ်မြို့လုံး စည်ကားတဲ့ သင်္ကြန်ဖြစ်စေဖို့ဆိုတာပါပါတယ်၊ တစ်ခုပြောချင်တာကတော့ မန္တလေးသင်္ကြန်တိုင်းကို မန္တလေး စည်ပင်ကချည်းစီမံနေတယ်၊ ဒီလိုလုပ်မယ့်အစား မြို့လူထုရဲ့ဆန္ဒကိုရယူသင့်တယ်” လို့ အသက် ၄၀ အရွယ်မြို့ခံတစ်ဦးကပြောပါတယ်။ မန္တလေးမြို့ခံတစ်ဦးကတော့ “မန္တလေးသင်္ကြန်မှာ ကျုံးကိုကျောပေးမပက်ရဘူးဆိုတဲ့ အစီ အစဉ်ထွက်လာမယ်ဆိုရင် လုံးဝကန့်ကွက်ပါတယ်၊ သင်္ကြန်မှာရေကစားလို့ မန္တလေးကလူတွေ ရေ ဒုက္ခရောက်ဖူးလား” လို့ ၄င်းရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှတစ်ဆင့် ထောက်ပြဝေဖန်ထားပါတယ်။ မန္တလေးမြို့တော်ဝန်ကတော့ လာမယ့်သင်္ကြန်ပွဲတော်ကို ရေဖြုန်းငွေဖြုန်းမှုလျှော့ချပြီး မြန်မာ့ ရိုးရာရေကစားဟန်တွေကိုသာ ပြန်လည် ဖော်ထုတ်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဆီတင်ပြသွား မယ်လို့ကြေညာထားပါတယ်။ မြန်မာ့ယဉ်ကျေးမှုမြို့တော် မန္တလေးမြို့ရဲ့သင်္ကြန်ပွဲတော်ကို ၁၉၈၈ ခုနှစ် အာဏာသိမ်းအစိုးရလက်ထက်အစောပိုင်းကာလအထိ မြန်မာ့ ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော် အဖြစ်ကျင်း ပခဲ့ကြတယ်လို့သိရပြီး အဲဒီနောက်ပိုင်းမှာတော့ သရုပ်ပျက်ဝတ်စားဆင်ယင်မှုနဲ့အတူ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ စီးပွားရေးသင်္ကြန်ပွဲတော်ဖြစ်လာတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
KT

No comments:

Post a Comment