
မန္တလေး မြို့တော်ဝန် မာရသွန် ပြိုင်ပွဲတွင် ဇနီးမောင်နှံ နှစ်ဦး ဗိုလ်စွဲ
↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔
ဖြိုးဝေကျော်
၂၀၁၇ ခုနှစ် မန္တလေး မြို့တော်ဝန် မီနီမာရသွန် ပြိုင်ပွဲကို ယခုလ ၄ ရက်နေ့က ကျင်းပခဲ့ ရာ အမျိုးသား၊ အမျိုးသမီး အလွတ်တန်း ပြိုင်ပွဲတွင်

ဇနီးမောင်နှံနှစ်ဦးက အနိုင်ရဗိုလ်စွဲ သွားခဲ့သည်။
ပြိုင်ပွဲကို မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ ရုံးရှေ့မှ မနက် ၆ နာရီတွင် တာစလွှတ်ခဲ့ကာ အလွတ်တန်း အမျိုးသား ပြိုင်ပွဲတွင် အသက် ၂၅ နှစ်ရှိ ကိုဆန်းနိုင်က ၆၃ မိနစ် ၂၉ စက္ကန့်ဖြင့် ပထမဆုံး ပန်းဝင်ခဲ့ပြီး အလွတ်တန်း အမျိုးသမီးပြိုင်ပွဲတွင် ကို ဆန်းနိုင်၏ ဇနီးဖြစ်သူ အသက် ၂၆ နှစ်ရှိ မခင်မာဆယ်က ၇၅ မိနစ် ၃၈ စက္ကန့်ဖြင့် ပထမဆုံး ပန်းဝင်ခဲ့သည်။ ပထမဆုများကို ကျပ် (၁၅) သိန်းစီ ပေးအပ်ခဲ့ရာ ၎င်းင်းတို့ နှစ်ဦးပေါင်းမှာ ကျပ်သိန်း (၃၀) ရရှိသွားသည်။
"ကျွန်တော် ၂၀၁၃ ခုနှစ် မြို့တော်ဝန် မာရသွန်ပြိုင်ပွဲ ကတည်းက စပြိုင်ခဲ့ပါတယ်။ စပြိုင်တဲ့နှစ်မှာ နံပါတ် ၉ ချိတ်တယ်။ ၂၀၁၄ မှာ ပထမ၊ ၂၀၁၅ နဲ့ ၂၀၁၆ မှာ ဒုတိယ ရခဲ့ပြီး ဒီနှစ်မှာ ပထမ ပြန်ရတယ်။ ဒီနှစ်မှာ ဒုတိယ ရသွားသူက ကျွန်တော်နဲ့ သူငယ်ချင်းပါပဲ။ သူနဲ့ ကျွန်တော်က ပြီးခဲ့တဲ့ ပြိုင်ပွဲတွေမှာလည်း မတိမ်းမယိမ်း ပန်းဝင်ကြတဲ့ ယှဉ်ပြိုင်ဖက်တွေပါ" ဟု ကိုဆန်းနိုင်က ပြောသည်။
အမျိုးသမီး အလွတ်တန်း ပြိုင်ပွဲတွင် ပထမဆုရသူ ခင်မာဆယ်က ယခင်နှစ် မြို့တော်ဝန် မာရသွန်ပြိုင်ပွဲ တွင်လည်း ပထမရခဲ့ကြောင်းနှင့် ၎င်းင်းတို့ ဇနီးမောင်နှံ နှစ်ဦးစလုံးမှာ မလေးရှားနိုင်ငံတွင် ကျင်းပသွားမည့် ဆီးဂိမ်းပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ရန် အတွက် ယခုအခါ နေပြည်တော်တွင် စခန်းသွင်း လေ့ကျင့်နေကြောင်း ပြောသည်။
အမျိုးသားအလွတ်တန်းပြိုင်ပွဲတွင် ဒုတိယဆုကို သောင်းအေးက ရရှိခဲ့ပြီး ၆၄ မိနစ် ၅၀ စက္ကန့်ဖြင့် ပန်းဝင်ခဲ့သည်။ အမျိုးသမီးအလွတ်တန်းပြိုင်ပွဲတွင် ဒုတိယဆုကို သီတာချို က ရခဲ့ပြီး ၇၇ မိနစ် ၄၆ စက္ကန့်ဖြင့် ပန်းဝင်ခဲ့သည်။
အမျိုးသား လူသစ်တန်း ပြိုင်ပွဲတွင် စိုးပိုင်၊ အမျိုးသမီး လူသစ်တန်း ပြိုင်ပွဲတွင် တင်မာချိုတို့ က ပထမဆုများ ရရှိသွားပြီး ဆုကြေးကျပ် (၁၅) သိန်းစီ ရရှိသွားသည်။ ပြိုင်ပွဲကို ဗထူးကွင်းအတွင်း ပန်းဝင်စေခဲ့ပြီး ပြေးလမ်း အရှည် (၁၃) မိုင်ခန့် သတ်မှတ်ခဲ့သည်။
ပုံစာ (၁) (၂) အမျိုးသားအလွတ်တန်းပြိုင်ပွဲတွင် ဆန်းနိုင် ပထမဆုံးပန်းဝင်လာစဉ်။ ဓာတ်ပုံ ဖြိုးဝေကျော်
ပုံစာ (၃) အမျိုးသမီးအလွတ်တန်းပြိုင်ပွဲတွင် ခင်မာဆယ်ကို ပထမဆုံးပန်းဝင်ပြီး နောက် တွေ့ရစဉ်။
ဓာတ်ပုံ ဖြိုးဝေကျော်
မြန်မာတိုင်းမ်
ပြန်လည်မျှဝေပါသည်၊၊
Min Kyaw Thu Htay
4.1.2017
2:27 pm
No comments:
Post a Comment