မန္တလေးတွင် တပ်မတော် ထောက်ခံပွဲကျင်းပ
======================
မန္တလေး ချမ်းမြသာစည်မြို့နယ် မန္တလာသီရိအားစကားကွင်းအရှေ့ဘက်လမ်းမကြီးပေါ်မှနေ မဟာအောင်မြေမြို့နယ် ၆၂ လမ်းမရှိ မနော်ရမ္မံ လူထုဟစ်တိုင်ကွင်းအထိ မြန်မာ့တပ်မတော်မတော်ထောက်ခံပွဲကို ပြည်သူလူထု အင်အား ၁၀၀၀၀ ခန့်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
"မြန်မာ့တပ်မတော်သားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ထောက်ခံပွဲပြုလုပ်တဲ့နေရာမှာကျွန်တော် တက်နိုင်သလောက် စပွန်ဆာပေးကာပါဝင်တာပါ။ ငြိမ်းချမ်းရေးကိုပျက်ပြားအောင် လုပ်တာမဟုတ်ပါဘူး။ ရှေ့တန်းက တပ်မတော်သားတွေ အသက်စွန့်ကာကွယ်ပေးမှုကြောင့်
အများပြည်သူ ငြိမ်းချမ်းစွာနေထိုင်ရတာစ်ြတယ်။ ဒါကြောင့် တပ်မတော်သားတွေကိုထောက်ခံဖို့ ကျွန်တော်ကူညီပေးတာ"ဟု ကမ္ဘာမြေအောင်မြေအကျိုးဆောင်ကုမ္ပံဏီပိုင်ရှင်း ဦးထွန်းနိုင်ကပြောသည်။
စိုင်းထူးခန့်

No comments:
Post a Comment