Tuesday, January 17, 2017

လာနီညာ​ကြောင့်​မိုးကုတ်​အ​အေးပိုင်း​ဒေသ​ရေများခဲ

လာနီညာကြောင့် မိုးကုတ်​မြို့တွင်​​ရေများခဲကာ မြန်​မာနိုင်​ငံ အအေးဆက်လက်
ပိုနေမည်ဟုဆို
=================================================

မိုးကုတ်​ ဇန်န၀ါရီ ၁၇
မန္တ​လေးတိုင်း​ဒေသကြီး ပြင်​ဦးလွင်​ခရိုင်​မိုးကုတ်​မြို့တွင်​လာနီညာရာသိဥတု​ကြောင့်
ရေများခဲကာမြန်​မာနိုင်​ငံအတွင်း အ​အေးဆက်​လက်​ပို​နေမည်​ဖြစ်​​ပြီး ဇန်​နဝါရီလ
၁၇ ရက်​​နေက နှင်း​ရေများခဲ​နေသည်​ကို​တွေ့ရသည်​။


"မြန်မာနိုင်ငံမြောက်ပိုင်းမှ ဟိမ၀န္တာမှလေအေးများ တိုးဝင်လာနေခြင်းကြောင့် ယခုရက်ပိုင်း အတွင်းမှအစပြု၍ အအေးပိုနေကာနောက်သုံးရက်အတွင်း
အအေးဆက်လက်ပိုနိုင်မှာဖြစ်သလို အားနည်းသော လာနီညာကြောင့် အအေးဆက်လက်ပိုနေမှာဖြစ်တယ်လို့မိုး/ဇလပညာရှင်ဒေါက်တာဦးထွန်းလွင်က ပြောကြားထား​ကြောင်းသိရသည်​။

တရုတ်နိုင်ငံဘက်မှလာသောလေဖိအားနည်းရပ်ဝန်းအားကောင်းနေသည့်အတွက်ကုန်းမြင့်တောင်တန်းဒေသများတွင် ဂဏန်းတစ်လုံးအပူချိန်များရောက်ရှိနေပြီး ရန်ကုန်နှင့်ဒေသအချို့တွင်လည်း ညအပူချိန်များ ကျဆင်းနေမှာဖြစ်တယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံတစ်ဝန်းလုံး၏ ဆောင်းရာသီကာလအတွင်း ပုံမှန်အားဖြင့် ဇန်န၀ါရီနှင့်ဖေဖော်ဝါရီလတို့တွင် သုံးရက်မှငါးရက်ခန့် သိသာစွာ အအေးပိုတတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း အအေးလိုင်းဖြတ်သန်းနေတယ်လို့ မိုး/ဇလဌာနရဲ့သတင်းထုတ်ပြန်ချက်အရသိရပါရသည်​။

ဒါ့အပြင် ယခုလအတွင်း နောက်နှစ်ရက်မှ သုံးရက်အတွင်း အအေးပိုနိုင်မှာဖြစ်သလို မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့အထက်ပိုင်းဒေသများ ဆက်လက်အအေးပိုနိုင်မှာဖြစ်​ကြောင်းသိရသည်​။

“၂၀၁၇ ခုနှစ်အတွင်းရောက်သည့်တိုင်အောင် အားအနည်းငယ်သာရှိနေတဲ့ လာနီညာရာသီဥတုဟာဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ပစိဖိတ်သမုဒ္ဒယာ ပင်လယ်ရေမျက်နှာပြင်အပူချိန်တွေဟာ( Nino 3, 4 )ဧရိယာတွေမှာ ပုံမှန်ရဲ့အောက် -0.5°C အထိ ကျဆင်းနေဆဲဖြစ်ပါတယ်။

လက်ရှိအချိန်အထိ လာနီညာဖြစ်ဖို့ သေချာမှု ရာခိုင်နှုန်းဟာ ၅၂% ရှိနေဆဲဖြစ်ပါတယ်။၂၀၁၆ အောက်တိုဘာမှစတင်ပြီး ၂၀၁၇ ဇန်န၀ါရီလဆန်းအထိ ဘင်္ဂလားပင်လယ်အော်မှာ

မုန်တိုင်း(၄)ကြိမ် လေဖိအားနည်း(၁)ကြိမ်ဖြစ်ပေါ်နေခဲ့တဲ့အတွက် အအေးပေါ့ခဲ့ပေမယ့် မုန်တိုင်းများစဲသွားသည်နှင့် အအေးဓါတ်များ စတင်ပိုလာခဲ့တာဖြစ်ပါတယ်။” လို့ မိုး/ဇလပညာရှင်ဒေါက်တာဦးထွန်းလွင်က ခန့်မှန်းသုံးသပ်ထားပါတယ်။

ညအပူချိန်များအနေဖြင့်လည်း ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရှမ်းပြည်နယ် နှင့် ကယားပြည်နယ်၊တို့မှာ ၃ ဒီဂရီစင်တီဂရိတ်မှ ၈ ဒီဂရီစင်တိဂရိတ် အထိ ရခိုင်ပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ၉ ဒီဂရီစင်တိဂရိတ် မှ ၁၄ ဒီဂရီစင်တိဂရိတ်နှင့် ကျန်ဒေသတွေမှာ ၁၅ ဒီဂရီစင်တိဂရိတ် မှ ၂၀ ဒီဂရီစင်တိဂရိတ် အထိရှိနိုင်မယ်လို့ သိ
ထားရပါတယ်​။

"ကျွန်​​တော်​မိုးကုတ်​​ဒေသမှာ အမြဲလိုလို​အေး
ပါတယ်​ ယခင်​​ဆောင်​ရာသီမျိုးဆို ​ရေခဲတဲထိ
မ​အေးတာ နှစ်​ကြာပြီ ဒီနှစ်​​ဆောင်​ရာသိကုန်
ခံနည်းမှ အ​အေးပိုလာတယ်​ နှင်းခဲတာ​တွေ
ထိဖြစ်​လာတာဟုမိုးကုတ်​မြို့​ဒေသခံများက​ပြောသည်​။

No comments:

Post a Comment