Monday, January 2, 2017

ကျောင်း​ပေါင်းစုံ​မောင်​ဗမာမယ်​ဗမာပြိုင်​ပွဲ


မန္တ​လေးမြို့မှာ ၂၀၁၆_၂၀၁၇ ပညာသင်​နှစ်​ အဆင့်​မြင့်​ပညာ အထက်​မြန်​မာပြည်​ တက္ကသိုလ်​၊ ဒီဂရီ​ကောလိပ်​၊ ပညာ​ရေး​ကောလိပ်​မျာ၏ ကာယဗလ​မောင်​နှင့်​ ကာယအလှမယ်​ပြိုင်​ပွဲကို မြို့​တော်​ခန်းမ ၁ မှာ ကျင်းပ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဇန်​နဝါရီလ ၂ ရက်​၊
မန္တ​လေး

မန္တ​လေးမြို့ မြို့​တော်​ခန်းမ ၁ မှာ ၂၀၁၆_၂၀၁၇ ပညာသင်​နှစ်​ အဆင့်​မြင့်​ပညာ အထက်​မြန်​မာပြည်​ တက္ကသိုလ်​၊ ဒီဂရီ​ကောလိပ်​၊ ပညာ​ရေး​ကောလိပ်​မျာ၏ ကာယဗလ​မောင်​နှင့်​ ကာယအလှမယ်​ပြိုင်​ပွဲကို အထက်​မြန်​မာပြည်​က ​တက္ကသိုလ်​ ​ကောလိပ်​ ၂၀ က ​ကျောင်းသား ​ကျောင်းသူ​တွေ ပါဝင်​ယှဉ်​ပြိုင်​​နေ​ကြောင်း သိရသည်​။

" ကျ​နော်​က ပွဲ ၄ခု​လောက်​ ပြိုင်​ဖူးတယ်​။ အ​တွေ့အကြုံရှိ​တော့ သိပ်​မစိုးရိမ်​ပါဘူး။ ဆုတစ်​ခုခု ရမယ်​လို့ မှန်းထားပါတယ်​။" ဟု ကာယဗလ​မောင်​ အကြီးတန်းမှာ ဝင်​​ရောက်​ ယှဉ်​ပြိုင်​​နေသည့်​ တောင်​ကြီးတက္ကသိုလ်​ သတ္တ​ဗေဒ၊ မဟာ ဒုတိယနှစ်​၊ ​ကျောင်းသား ခွန်​မင်းစည်​သူ က ​ပြောသည်​။

အဆိုပါ ပြိုင်​ပွဲကို လာ​ရောက်​သည့်​ ​နယ်​​ဝေးက ​ကျောင်းသား ​ကျောင်းသူများအတွက်​ ခရီးစရိတ်​ အသွားအပြန်​ ကို သက်​ဆိုင်​ရာ ​ကျောင်းအလိုက်​ စီစဉ်​​ပေး​ကြောင်း သိရသည်​။

" အခက်​အခဲ​တော့ မရှိပါဘူး။ ​ကျောင်းက​ရော ဆရာမ​တွေကပါ ကူညီပံ့ပိုး​ပေးပါတယ်​။" ဟု
ကာယအလှမယ်​ အငယ်​တန်းမှာ ယှဉ်​ပြိုင်​​နေတဲ့ ရတနာပုံတက္ကသိုလ် ဓာတု​ဗေဒ၊ တတိယနှစ်​ က မီမီမိုးသဲထွန်း က ​ပြောသည်​။

ပြိုင်​ပွဲကို ၂ ရက်​ ကျင်းပ​မှာဖြစ်​ပြီး၊ ဆုများကိုလည်း ထိုက်​တန်​စွာ ​ပေးအပ်​သွားမှာ ဖြစ်​ပြီး၊ ဆုမရသူများကိုလည်း တစ်​​သောင်းခွဲကျပ်​စီ​ပေးအပ်​မှာ ဖြစ်​​ကြောင်း သိရသည်​။

" ပြိုင်​ပွဲကို အကြီးတန်းနဲ့ အငယ်​တန်း ၂ မျိုးခွဲခြားထားပြီး အသက်​ ၂၁ နှစ်​နဲ့ ​အောက်​၊ အထက်​ဆိုပြီး ခွဲခြားထား​ကြောင်း " ​ မန္တ​လေးတက္ကသိုလ်​ ဒုတိယ ပါ​မောက္ခချုပ်​ ဒေါ်နုနုရီ
က ​ပြောသည်​။

ပြိုင်​ပွဲမှာ ပထမ၊ ဒုတိယ၊ တတိယ ဆုနှင့်​ နှစ်​သိမ့်​ဆု ၂ ဆုကိုလည်း ​ပေးအပ်​မှာဖြစ်​​ကြောင်း သိရသည်​။

" ဆု​တော့ မမှန်းပါဘူး။ ပြိုင်​ရတာ ​ပျော်​ပါတယ်​။ အ​တွေ့အကြုံရတာရယ်​၊ လက်​ခုပ်​တီးသံရယ်​က အားရှိပါတယ်​။ " ဟု ကာယဗလမယ်​ အငယ်​တန်း ယှဉ်​ပြိုင်​​နေသည့်​ မန္တလာ​ဒီဂရီကောလိပ်​ အင်္ဂလိပ်​စာ၊ ဒုတိယနှစ်​ က နန်း​လောင်​ခမ်းလင်း က ​ပြောသည်​။

အထက်​မြန်​မာပြည်​ ကာယဗလ​မောင်​၊ ကာယဗလမယ်​ ပြိုင်​ပွဲ ဒိုင်​လူကြီးများကို သက်​ဆိုင်​ရာ ကျွမ်းကျင်​သူများက အမှတ်​​ပေး ​ရွေးခြယ်​​ပေး​တာဖြစ်​​ကြောင်း သိရသည်​။

" နယ်​ကလာပြိုင်​​ပေမယ့်​ အဆင်​​ပြေပါတယ်​။ အ​တွေ့အကြုံလည်း ရပါတယ်​။ " ဟု ကာယဗလမယ်​ အကြီးတန်း ယှဉ်​ပြိုင်​​နေသည့်​ ပင်​လုံတက္ကသိုလ် သမိုင်း​မေဂျာ၊ တတိယနှစ်​ က မခင်​ခင်​ငြိမ်း က ​ပြောသည်​။

ယခုကျင်းပသည့်​ ပြိုင်​ပွဲသို့ အထက်​မြန်​မာပြည်​က ​ကျောင်းသား၊ ​ကျောင်းသူ ၅၁ ​ယောက်​ ပါဝင်​ ယှဉ်​ပြိုင်​ကြ​ကြောင်း သိရသည်​။ ။

No comments:

Post a Comment