ပြင်ဦးလွင်မြို့နယ် ဝါးနက်ကျေးရွာရှိ မူလတန်း လွန်ကျောင်းတွင် ကိုယ်ထူကိုယ်ထကျောင်းဆောင် သစ် ဆောက်လုပ်လှူ ဒါန်း
ဇန်နဝါရီ (၁၂)ပြင်ဦးလွင် သုတ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ပြင်ဦး လွင်မြို့နယ်၊လွန်ကောင်းကျေးရွာအုပ်စု၊ဝါးနက် ကျေးရွာရှိ မူလတန်းလွန်ကျောင်းတွင် ကိုယ်ထူကိုယ် ထကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီးခဲ့ သဖြင့် ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့် ပညာ ရေး စုံညီပွဲတော် အခမ်းအနားကို ယနေ့ နံနက် ၉း၃၀ အချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျောင်းဆောင်သစ် ဆောက်လုပ် လှူ ဒါန်းခဲ့သည့် အလှူ ရှင်များအား ဂုဏ်ပြု မှတ်တမ်း လွှာများ အသီးသီးပေးအပ်ချီး မြှင့်ပြီးနောက် ထူးချွန် ကျောင်းသားကျောင်းသူများအား ဆုများ အသီးသီး ချီးမြှင့်ခဲ့ကာ ကျောင်းသား ကျောင်းသူလေး များက အဆိုအကများဖြင့် သီဆို ကပြ ဖျော်ဖြေခဲ့သည်။
အဆိုပါကျောင်းဆောင်သစ်အား အလှူ ရှင်တစ်ဦးမှ သိန်း(၁၀၀)ကျပ်မတည်၍ အခြား အလှူ ရှင်များ ပေါင်းစု လှူ ဒါန်းကာ စုစုပေါင်း ကုန်ကျငွေ (၁၈၅) သိန်းကျပ်ဖြင့် ဆောက်လုပ် ခဲ့ခြင်း ဖြစ်ပြီး ကျောင်းဆောင်သစ်သည် (၆)ခန်းတွဲ တစ်ထပ် ကျောင်းဆောင်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ဝါးနက်ကျေးရွာ မူလတန်းကျောင်းကို ၂၀၁၆/၂၀၁၇ပညာသင်နှစ်မှာ မူလတန်းလွန် ကျောင်းအဖြစ် အဆင့်မြှင့်တင်ပေးခဲ့ပါတယ်။မူလ တန်းလွန်ကျောင်းဖြစ်လာတော့ ကျောင်းဆောင် လိုအပ်လာလို့ ရွာက အလှူရှင်တစ်ဦးက သိန်း၁၀၀ မတည်ပြီး အခြားအလှူ ရှင်တွေရဲ့ စုပေါင်း လှူ ဒါန်း ငွေနဲ့ ဆောက်လုပ်ခဲ့တာပါ။ အရင်ကတော့ ဒီနား တစ်ဝိုက်မှာမူလတန်းကျောင်းပဲရှိတာပါ။အခုချိန်မှာ တော့ မူလတန်းလွန်ကျောင်းဖြစ်လာလို့ သတ္တမ တန်း အထိ ဒီရွာအပါအဝင် သပြေရေးကျေးရွာ၊လေး ပင် ကျေးရွာ၊ငှက်ကြီးသိုက်ကျေးရွာ၊မန်ကျဉ်အင်း ကျေးရွာနဲ့ ဂတီစုကျေးရွာတွေက ကျောင်း သူကျောင်း သား၂၀၀ခန့်ထိ တက်ရောက် ပညာသင်ကြား နိုင်ပြီ ဖြစ်ပါတယ်´´ဟု ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌဦးခင်လင်းက မူလတန်းလွန်ကျောင်းဆောင် သစ် တိုးချဲ့လှူ ဒါန်းခဲ့ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
မူလတန်းလွန်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာ ရေးစုံညီပွဲတော် အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင် ပညာရေးမှူး ဒေါ်ချိုချို၊ ပြင်ဦးလွင်မြို့နယ်ပညာ ရေးမှူး ဦးမျိုးဝဏ္ဏာခိုင်ထွေး၊ကျောင်းဆောင်သစ် ဆောက်လုပ် လှူ ဒါန်းခဲ့သည့် ကျပ်သိန်း (၁၀၀) မတည်အလှူ ရှင်နှင့်အခြား အလှူ ရှင်များ၊မူလတန်း လွန်ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများ၊ဖိတ်ကြား ထားသော ဧည့်သည်တော်များ ၊ ရပ်မိရပ်ဘများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝါးနက် ကျေးရွာရှိ မူလတန်းလွန်ကျောင်းမှ ပညာ သင်ကြားပြီးစီးခဲ့သော ကျောင်းသားကျောင်းသူများ အနေဖြင့် အထက်တန်းအဆင့် ပညာသင်ကြား ရေးကို ပြင်စာကျေးရွာ၊ပြင်ဦးလွင်မြို့ နှင့် မန္တလေးမြို့ တို့ရှိ အထက်တန်းကျောင်းများသို့ သွားရောက် ကာ ပညာဆက်လက် သင်ကြားနိုင်မည် ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment