
"နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည် ပုဂံသို့ရောက်ရှိ၊ ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့်စေတီပုထိုးများ ပြုပြင်ထိမ်းသိမ်းရာတွင် ပြည်သူကိုအသိပေးချပြရန် လမ်းညွှန်မှာကြား"
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်နယ်မြေသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည် အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီ ၂၄ နံနက်ပိုင်းက ရောက်ရှိလျက်ရှိ၍ ခရီးစဉ်အတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ရှေးဟောင်းစေတီပုထိုးမျးအား ပြုပြင်မွမ်းမံနေမှုများကို လိုက်လံကြည့်ရှုမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည်ဟာ နိုင်ငံခြားဧည့်သည်တော် ဘူတန်ဘုရင်မင်းမြတ်၏ ဒွေးတော်ကြီး (Her Majesty The Queen Mother Ashi Dorji wangmo wangchuck) နဲ့အတူ ညောင်ဦးလေးဆိပ်ကို နံနက် ၈း၃၀ အချိန်ကရောက်ရှိခဲ့ပြီး ပုံဂံမြို့ဟောင်ရှေးဟောင်း ယဉ်ကျေးမှုပြတိုက်ကို ၉း၄၀ အချိန်တွင်ရောက်ရှိကာ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဘုရားစေတီပုထိုးများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားအစီအစဉ်သို့ တက်ရောက်ကြောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် ဘုရားစေတီများကို ပြုပြင်ထိမ်းသိမ်းလျက်ရှိသောအနေအထားများ ရှင်လင်းတင်ပြခဲ့၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးတင်မှ ဆက်လက်ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကလည်း ဖြည့်စွက်ရှင်းလင်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည်က ပုဂံရှေးဟောင်းဒေသတွင်း ပြုပြုင်ရန်လိုအပ်သည့် ဘုရားစေတီပုထိုးများ၊ တန်ဖိုးမဖြတ်နိုင်သော အမွေအနှစ်များကို ပြုပြင်ရာတွင် သမိုင်းအမွေထိမ်းသိမ်းရန်များလမ်းညွန်တင်ပြင်ခြင်းများပြုလုပ်ခဲသည်။
"ကျွန်မတို့ပုဂံဒေသဟာ ပြုပြင်ထိမ်းသိမ်းဖို့ ဘာဘဲလုပ်လုပ် ပြည်သူလူထုလက်ခံဖို့က အရေးကြီးပါတယ်။ ပုဂံနဲ့ပတ်သက်လို့ဆိုရင် တော်တော်လေးပြောင်းလဲလာပါပြီ။ ပုဂံကိုလာရောက်တဲ့လူတွေထဲမှာ ယဉ်ကျေးမှုအရ လေ့လာဖို့ မဟုတ်ဘဲ ယုံကြည်မှုနဲ့ လာတာတွေရှိပါတယ်။ ကျွန်မဆို ပုဂံကို ယုံကြည်မှုနဲ့လာတာ။ ကျွန်မလိုမျိုး လာတဲ့သူတွေရှိပါတယ်။ ဘုရားပုထိုးတွေအပေါ်တက်တာတွေ မဖြစ်သင့်ပါဘူး။ ပြုပြင်ထိန်းသိမ်းတဲ့နေရာမှာ အများပြည်သူကိုပါချပြပြီး သမိုင်းအမွေအနှစ်ကို ထိန်းသိမ်းသွားဖို့လိုပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က လမ်းညွန်မှာကြားခဲ့သည်။
စိုင်းထူးခန့်/ခိုင်ဆက်ဝေ

No comments:
Post a Comment