
မြွေနဲ့ လိုင်းကားပေါ် မတက်ဖို့ ပြောတာကြောင့် လိုင်းကားထဲ မြွေပစ်ထည့်ပြီး ထွက်ပြေးသူ
===================
===================
မြွေနဲ့အတူ လိုင်းကားပေါ်တက်လာတဲ့ လူကို မြွေပါရင် မစီးဖို့ပြောတာကြောင့် အဆိုပါ လူဟာ မြွေကိုကားပေါ်ပစ်ထည့်ပြီး ထွက်ပြေးတဲ့ ဖြစ်ရပ်တစ်ခု တရုတ်နိုင်ငံကျန်ကျိုးပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။
အခုလအစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး မြွေကိုပလတ်စတစ်ပုံးထဲ ထည့်လာတဲ့လူတစ်ယောက်ဟာ ကားပေါ်တက်လာတာကြောင့် ဒရိုင်ဘာက ကြောက်လန့်ကာ အပေါ်မတက်ဖို့ပြောပါတယ်။ ဒီအခါမှာ အဆိုပါလူက မြွေဟာ သူမွေးထားတဲ့မြွေဖြစ်ကြောင်းနဲ့ အဆိပ်မရှိကြောင်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဒရိုင်ဘာက လက်မခံတာကြောင့် စိတ်ဆိုးပြီး မြွေကို ဘတ်စ်ကားထဲပစ်ထည့်ကာ ထွက်သွားတာဖြစ်တယ်လို့ တရုတ်ဘာသာ သတင်းဝက်ဆိုက် Net Ease ကဖော်ပြထားပါတယ်။
မြွေကြောင့် တစ်ကားလုံးရုတ်ရုတ်သဲသဲ ဖြစ်ပြီး တစ်ယောက်မကျန် ကားပေါ်က ဆင်းပြေးခဲ့ရတယ်လို့ သိရပါတယ်။
============
Duwun

posted from Bloggeroid
No comments:
Post a Comment