လက်ပံတောင်းတောင်သူများအရေး လက်ရှိအစိုးရသိရှိစေရန် ရန်ကုန်မှ လက်ပံတောင်းအထိ တကိုယ်တော် လမ်းလျောက်သူ မန္တလေးရောက်ရှိ
---- ------ ------ ------ ----
လက်ရှိအစိုးရအနေဖြင့် လက်ပံတောင်းတောင်သူများအရေး ဖြေရှင်းပေးရန်နှင့် ဝမ်ပေါင်ကုမ္ပဏီ ထွက်သွားပေးရန် မေလ ၁၄ ရက်နေ့မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး မြို့တော်ခန်းမရှေ့မှ လက်ပံတောင်းအရောက် တကိုယ်တော် လမ်းလျောက်ချီတက်ဆန္ဒထုတ်ဖော်သူ ဖိုးစနေ(ခ)ဆန်နီသည် မေလ ၂၂ ညနေအချိန်က မန္တလေးသို့ ရောက်ရှိလာကြောင်း သတင်းရရှိသည်။ ၎င်းသည် နိင်ငံရေး အကျဉ်းသားများကွန်ရက်မှဖြစ်ပြီး ယနေ့ မေ ၂၃ တွင် အမရပူရမှ ဆက်လက်ထွက်ခွာလျက်ရှိကြောင်း သိရသည်။
"အခု ကျွန်တော်ဆန္ဒပြတာမဟုတ်ပါဘူး။ လက်ပံထောင်းအရေးကိစ္စ၊ တောင်သူဒေါ်ခင်ဝင်း သေဆုံးမှု၊ ဝမ်ပေါင်ကုမ္ပဏီစာချုပ် ဖျက်သိမ်းပေးဖို့စတာတွေကို လက်ရှိအစိုးရသိအောင် တောင်းဆိုတာဖြစ်ပါတယ်။ ကျွန်တော်သည် တောင်သူတွေနဲ့ တသားတည်ရှိတယ်ဆိုတာပြတဲ့အနေနဲ့ အခုလို တကိုယ်တော် လမ်းလျှောက်ရတာဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။
စိုင်းထူးခန့်

posted from Bloggeroid
No comments:
Post a Comment