Friday, May 6, 2016

ချက်နိုင်ငံစီးပွားရေးဓါက်ပုံပိုစတာပြပွဲ


ချက်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးကမန္တလေးမြို့တွင် နှစ်နိုင်ငံ
ချစ်ကြည်ရေးအဖြစ် ကမ္ဘာကျော်ပိုစတာပြပွဲကျင်းပ

==============================================
မန္တလေး မေ ၆
မန္တလေး ချမ်းမြသာစည်မြို့နယ် ၇၃လမ်း ငုရွှေဝါလမ်းနှင့်ခိုင်ရွှေဝါလမ်းကြားရှိ မင်္ဂလာမန္တလေး အိမ်ရာအတွင်း
ရှိ သိရိပန်ချီခန်းမဆောင် အပေါ်ထက်တွင် ချက်ပြည်သူ့သမ္မတနိုင်ငံ
သံအမတ်ကြီး H.E Mr.jaroslav Dolecekနှင့် ဇနီး Ms. Renata Brandstatterova ပါ အဖွဲ့တို့က ချက်နိုင်ငံ၏နံမည်ကြီး တံဆိပ်များ
နှင့်ကမ္ဘာကျော်ပိုစတားပြပွဲကို မန္တလေးတိုင်းအစိုးရအဖွဲ့နှင့်ဝန်ကြီးချုပ်
ဒေါက်တာဇော်မြင့်မောင် ကာ မေလ ၆ ရက်နေ့  နံနက် ၉ နာရီ အချိန်
ကစတင်ဖွင့်လစ်ကာ နေ့ခင် ၁၂ နာရီအထိ ပြသခဲကြောင်းသိရသည်။

"ကျွန်တော်တို့နိုင်ငံရဲ့ ရတနာလို့ တင်စားထားသည့် ဒီပိုစတာတွေ
ဟာ နိုင်ငံတကာအသိအမှတ်ပြုခံရသော တံဆိပ်တွေဖြစ်ပါတယ်
ရတနာလို့ကြားလိုက်တာနဲ့ စိန်နှင့်နီလာများကိုသာပြေးမြင်မိကြမည်
ဟု ကျွန်တော်ထင်မိပါတယ် ရတနာဆိုသောစကားဟာ တန်ဖိုးထား
ထူးခြားသော အရည်အသွေးများရှိနေတဲ့ တစ်စုံတစ်ဦးသို့တစ်စုံတစ်ခု
ဟုလည်းအဓိပ္ပါယ် သက်ရောက်ပါတယ် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ
တစ်ဝှမ်းရှိ နိုင်ငံတိုင်းတွင် ယခုကဲသို့ ရတနာများပိုင်ဆိုင်ကြရန်
ချက်နိုင်ငံ၏ ရတနာများလို့အမည်ပေးထားတဲ့ နာမည်ကျော် ချက်
နိုင်ငံ၏ကမ္ဘာနိုင်ငံပေါင်းစုံကအသိအမှတ်ပြုခံရသည့်အမှတ်တံဆိပ်
အကောင်းဆုံးများအား လူကြီးမင်းတို့အားမိတ်ဆက်ပြတာဟု
ချက်နိုင်ငံ သံအမတ်ကြီး H.E Mr. jaroslav Dolecekက စကားပြန်
ကတစ်ဆင့်ပြောသည်" ။

အဆိုပါချက် ပြည်သူ့သမ္မတနိုင်ငံရဲ့ ကမ္ဘာကျော် အမှတ်တံဆိပ်များ
ကိုရတနာဟုအမည်ပေးကာ နံမည်ကြီးတံဆိပ်များ လူအသုံးဆောင်
ပစ္စည်းများကို ဓါက်ပုံ ပိုစတာအဖြစ် နယ်လှည့်ပြပွဲ့ဖွင့်ပွဲအခမ်းအနား
ကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်
တိုင်းရင်းသားရေးရာဝန်ကြီး စိုင်းကျော်ဇော သယံဇတနှင့်သဘာဝ
ပတ်ဝန်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ် မန္တလေးတိုင်းဆဒသကြီး
ဥပဒေချုပ် ဦးအောင်ဝင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဇာနည်အောင်
အစိုးအဖွဲ့များနှင့် ဖိတ်ကြားထားသည့်ဧည်သည်တော် တရုတ်ကောင်
စစ်ဝန် အိန္နီယာ ကောင်စစ်ဝန်ရုံများကတာရှိသူများတက်ရောက်ခဲကြ
သည်။
စိုင်းထူးခန့် 


posted from Bloggeroid

No comments:

Post a Comment