



နေ့စဉ် သက်စွန့်ဆံဖျား ကျောင်းသွားရတဲ့ ကလေးငယ်များ
===================
===================
ရွာထဲက ထွက်ဖို့ ပေနှစ်ထောင်မြင့်တဲ့ တောင်ကို အတက်အဆင်း လုပ်ရပါသေးတယ်။
တရုတ်ပြည်အနောက်တောင်ပိုင်းမှာရှိတဲ့ ရွာလေးတစ်ရွာက ကလေးငယ်တွေဟာ နေ့စဉ် အသက်စွန့်ပြီး ကျောင်းတက်ရသူတွေဖြစ်နေတယ်လို့ သိရပါတယ်။ ရွာကလေးက ပေနှစ်ထောင်ကျော် မြင့်တဲ့ တောင်ပေါ်မှာရှိတဲ့ တောင်အောက်မှာရှိတဲ့ ကျောင်းကို နေ့စဉ်သွားတက်ရတာပါ။
ရွာထဲကနေ အပြင်ကထွက်ဖို့ ကြိုးစားတဲ့အခါ တောင်ကမ်းပါးနံရံမှာ ပြုလုပ်ထားတဲ့ ကြိုးလှေခါးကို အသုံးပြုကြရပါတယ်။ လူကြီး၊ ကလေးမရွေးပဲ ကြိုးလှေကားကို အသုံးပြုပြီး ရွာပြင်ကို ထွက်ကြရတာ ဖြစ်ပါတယ်။ တောင်ထိပ်မှာရှိတဲ့ အဆိုပါရွာကလေးကို တောင်ကမ်းပါးရွာလို့ ခေါ်ပြီး ပေပေါင်း ၂၆၂၄ မြင့်တဲ့တောင်ပေါ်မှာ တည်ရှိပါတယ်။
တောင်အောက်ကိုဆင်းဖို့ ကြိုးလှေခါးပေါင်း ၁၇ ခုရှိပြီး အချိန် နှစ်နာရီလောက် ကြာမြင့်လေ့ရှိတယ်လို့ သိရပါတယ်။ ဒီတောင်ကလေးဟာ စီချွမ်ပြည်နယ် ဇိုကျူးစီရင်စုအတွင်းမှာ တည်ရှိတာ ဖြစ်ပါတယ်။
တောင်ထိပ်ရွာကလေးမှာ အိမ်ခြေ ၇၂ အိမ်သာရှိပြီး နေ့စဉ် အသက် ၆ နှစ်ကနေ ၁၅ နှစ်ကြားရှိတဲ့ ကလေးငယ်တွေဟာ စာသင်ကျောင်းကို သွားဖို့ တောင်အောက်ကို ဆင်းရလေ့ရှိပါတယ်။
လူကြီးတွေအတွက်တော့ တောက်အောက်ကိုဆင်းဖို့၊ ဒါမှမဟုတ် တောင်ပေါ်တက်ဖို့ တစ်နာရီလောက်သာ ကြာတယ်လို့ ဆိုပါတယ်။ ဒီတောင်ကို အတက်အဆင်းပြုလုပ်ရင် သေဆုံးခဲ့သူ အနည်းဆုံး ၈ ဦးလောက်ရှိပြီလို့ သိရပါတယ်။
Source : Daily Mail
============
Duwun

posted from Bloggeroid
No comments:
Post a Comment