Wednesday, May 25, 2016

နိုင်ငံတကာ

ကမ္ဘာ့ပထမဆုံး ရုပ်ကြွင်းလောင်စာကင်းမဲ့နိုင်ငံဖြစ်လာရန် ဆွီဒင် ကြိုးပမ်း
---- ------ ------ ------ ----
ဆွီဒင်အစိုးရသည် စွမ်းအင်အတွက် ရုပ်ကြွင်းလောင်စာအပေါ်မှီခိုမှု လုံးဝကင်းသည့်နိုင်ငံဖြစ်လာရန် ရည်ရွယ်၍ ဓါတ်ဆီ၊ ဒီဇယ်လောင်စာများအပေါ် အခွန်တိုးမြှင့်ကောက်ခံကြောင်း သိရသည်။ ရုပ်ကြွင်းလောင်စာမှီခိုမှုကင်းသည့် နိုင်ငံဖြစ်လာရေးအစီအစဉ်များကို အကောင်အထည်ဖော်ရန် ယခု ဘတ်ဂျက်နှစ်တွင် ပြန်လည်ဖြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုနည်းပညာများအတွက် ဒေါ်လာ ၅၄၆ သန်း သီးသန့်လျာထားပေးသည်။

ပြန်လည်ဖြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုနည်းပညာများတွင် အဆင့်မြင့် မဟာဓါတ်အားလိုင်းများ၊ ပြည့်ဖြိုးမြဲစွမ်းအင် သိုလှောင်မှုနည်းပညာ၊ လျှပ်စစ်ကားထုတ်လုပ်ရေး၊ သဘာဝပတ်ဝန်းကျင်းထိခိုက်မှု နည်းပါးသည့် မော်တော်ယာဉ်များအတွက် ထောက်ပံ့ကြေးများ ပေးခြင်း၊ ဆိုလာပြားထုတ်လုပ်မှုနည်းပညာ၊ လူနေအိမ်ခန်းတိုက်ခန်းများ စွမ်းအင်ကို စနစ်တကျ သုံးစွဲနိုင်ရေး အစီအစဉ်များ ပါဝင်သည်။ အဆိုပါ ချထားဘက်ဂျက်ငွေမှ ဒေါ်လာ ၅၈ ဒဿမ ၄ သန်းကို နေရောင်ခြည်စွမ်းအင်နည်းပညာအတွက် သုံးစွဲမည်ဖြစ်ပြီး ၂၀၁၇ နှင့် ၂၀၁၉ အတွင်း လက်ရှိပမာဏထက် ရှစ်ဆ တိုးမြှင့်ချထားပေးမည်ဖြစ်ကြောင်လည်း သိရသည်။

လက်ရှိ ဆွီဒင်နိုင်ငံတွင် တနိုင်ငံလုံး၏ သုံးပုံနှစ်ပုံခန့်သည် လေစွမ်းအင်၊ နျူကလီးယားစွမ်းအင်များမှ ရရှိသော လျှပ်စစ်ဓါတ်အားကို သုံးစွဲနေခြင်းဖြစ်သည်။ လေစွမ်းအင်ထုတ်လုပ်မှုကို တိုးမြှင့်နေချိန်တွင် အိုဟောင်းနေသော နျူကလီးယားစွမ်အင်စက်ရုံများကို ပြင်ဆင်အစားထိုးမည်မဟုတ်ဘဲ အပြီးသတ် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အစိုးရက ကြေညာထားသည်။

“ကျွန်တော်တို့သွားနေတဲ့လမ်းကြောင်းက အားလုံးအကျိုးရှိမယ့်လမ်းကြောင်းဖြစ်ပြီး အခြားနိုင်ငံတွေနဲ့လည်း ဆွေးနွေးတိုင်ပင်နေတာတွေ ရှိပါတယ်။ ကမ္ဘာမြေကြီးကို တူးဖော်စားသုံးခြင်းမဟုတ်ဘဲ ကမ္ဘာကြီးနဲ့အတူ ပူးပေါင်းပါဝင်ခြင်းဖြစ်ပါတယ်”ဟု ၀န်ကြီးချုပ်၏ အဓိကအကြံပေးဖြစ်သူ ဂျိုဟန်ရော့ခ်စထရောင်းက ပြောသည်။

“ဆွီဒင်နိုင်ငံဟာ ကမ္ဘာ့ပထမဆုံး ရုပ်ကြွင်းလောင်စာ သုံးစွဲမှု လုံးဝမရှိတဲ့နိုင်ငံ ဖြစ်လာမှာပါ။ ဒီကိစ္စရပ်မှာ ဆွီဒင်နိုင်ငံက ဦးဆောင်သွားမှာဖြစ်ပါတယ်”ဟု ၀န်ကြီးချုပ် စတီဖင်လော့ဖန်က ပြောသည်။

Ref;Minds

posted from Bloggeroid

No comments:

Post a Comment